မိုးရာသီက တခြားရာသီဥတုတွေထက် ဘာကြောင့် တုပ်ကွေးပိုဖြစ်တာလဲ

မိုးရာသီက တခြားရာသီဥတုတွေထက် တုပ် ကွေးရောဂါအဖြစ်များရတဲ့အကြောင်းက ဘာ ကြောင့်ပါလဲဆရာမ။
ရာသီဥတုအနေနဲ့ မိုးရာသီက နွေ ရာသီထက် အပူချိန်နည်းပြီး စိုစွတ်တဲ့အ တွက် တုပ်ကွေးဗိုင်းရပ်စ်(Influenza Virus) တွေ ရှင်သန်ပွားများတာက တစ် ကြောင်း၊ နောက်တစ်ခုက မိုးတွင်းမှာ နှာစေး၊ ချောင်းဆိုး အအေးမိတဲ့သူတွေ များကြပါတယ်။ ဒီလိုများကြတဲ့အခါ အ သက်ရှူလမ်းကြောင်းကတစ်ဆင့် ဗိုင်း ရပ်စ်အမှုန်အမွှားတွေ ထွက်တာများတဲ့ အတွက် တုပ်ကွေးရောဂါဖြစ်ရတာလည်း တစ်ကြောင်း ပါပါတယ်။ အထူးသဖြင့် မိုးရာသီက နွေရာသီထက်စာရင် အသက် ရှူလမ်းကြောင်းကတစ်ဆင့် ကူးစက်တဲ့ ဗိုင်းရပ်စ်ရောဂါပိုးတွေအတွက် ရောဂါ ကူးစက်ဖို့ အခွင့်အခါကောင်းဖြစ်နေပါ တယ်။ ဒါကြောင့် မိုးတွင်းဟာ တခြား ရာသီဥတုတွေထက် တုပ်ကွေးရောဂါ ပိုပြီးအဖြစ်များရတာဖြစ်ပါတယ်။

ဘယ်လိုလူတွေမှာ တုပ်ကွေးရောဂါ အဖြစ် များတတ်ပါသလဲ ဆရာမ။
ကိုယ်ခံအားနည်းတဲ့သူတွေ၊ အစ ကတည်းက ရောဂါအခံရှိတဲ့သူတွေမှာ တုပ်ကွေးရောဂါ အဖြစ်များပါတယ်။ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ် တွေမှာလည်း ပုံမှန်ကျန်းမာတဲ့သူတွေ ထက် ပိုပြီး တုပ်ကွေးရောဂါအဖြစ်များ ပါတယ်။ ကိုယ်ခံအားနည်းတဲ့သူတွေဆို တဲ့အထဲမှာ နာတာရှည်အဆုတ်နဲ့ အ သက်ရှူလမ်းကြောင်းရောဂါရှိတဲ့သူတွေ၊ ဆီးချိုရောဂါသည်တွေ၊ ကင်ဆာရောဂါ သည်တွေ HIV ရောဂါသည်တွေ၊ နာ တာရှည် ကျောက်ကပ်ရောဂါ၊ နာတာ ရှည်အသည်းရောဂါဖြစ်တဲ့သူတွေမှာ ပိုပြီး အဖြစ်များပါတယ်။ လူနေထူထပ်တဲ့ နေရာမှာနေတဲ့သူတွေဟာလည်း တုပ် ကွေးရောဂါကူးစက်မှု များပါတယ်။ ဥပမာ ကျောင်းတွေ၊ လူတွေ ပြည့်ကျပ် နေတဲ့ အလုပ်ခွင်တွေ၊ ဘတ်စကားစီးတဲ့ အခါ တုပ်ကွေးရောဂါ ဖြစ်နေသူတစ် ယောက်က နှာချေ၊ ချောင်းဆိုးရင်းနဲ့ တုပ်ကွေးရလာတယ်၊ ဒါမျိုးတွေလည်း များပါတယ်။ အထူးသဖြင့် လူနေထူထပ် တဲ့နေရာမှာ ရှိတဲ့သူတွေက လူနေကျဲတဲ့ နေရာမှာရှိတဲ့သူတွေထက်ပိုပြီး တုပ် ကွေးအဖြစ်များပါတယ်။

တုပ်ကွေးဖြစ်တဲ့အခါ ခံစားရနိုင်တဲ့ ရောဂါ လက္ခဏာတွေကို သိချင်ပါတယ် ဆရာမ။
တုပ်ကွေးရောဂါစပြီး ဝင်လာပြီဆို တာနဲ့ နှာစေးမယ်၊ ချောင်းဆိုးမယ်၊ ကိုယ် လက်မအီမသာဖြစ်မယ်၊ အဆစ်အမျက် ကိုက်ခဲမယ်၊ မလှုပ်ချင် မကိုင်ချင်ဖြစ်မယ်၊ အဲဒီကနေ တဖြည်းဖြည်းနဲ့ ဖျားလာမယ်၊ နောက်ပိုင်းဖြစ်တဲ့ တုပ်ကွေးတွေကတော့ အဖျားကြီးတယ်။ ၁၀၃-၁၀၄ (စင်တီ ဂရိတ်နဲ့ဆိုရင် ၃၈-၃၉ စင်တီဂရိတ်) လောက်အထိ ဖျားကြပါတယ်။ ကလေး တွေဆိုလည်း အဖျားကြီးပြီး မှိန်းမယ်၊ ဒီလိုအဖျားကြီးတာလည်း တုပ်ကွေးရော ဂါဆိုရင် သုံး၊ လေးရက်တော့ ဖျားပါ တယ်။ ဘာဆေးပဲပေးပေး၊ သုံးလေးရက် ဖျားပြီးမှပဲ အဖျားကကျပြီး လူက ထူထူ ထောင်ထောင် ဖြစ်ပါတယ်။ ရံဖန်ရံခါ တော့ ဝမ်းလျှောတဲ့ လက္ခဏာပါလာတတ် ပါတယ်။ အဆင်မသင့်ရင် လည်ချောင်း နာတာ၊ အစကတော့ ဗိုင်းရပ်စ်ပိုးအနေနဲ့ ဖျားပြီးတော့ အခံရောဂါရှိတဲ့ သူတွေက ဗိုင်းရပ်စ်ပိုးကနေ နောက်ဆက်တွဲ လက္ခ ဏာ(Complication) အနေနဲ့ နျူမိုးနီး ယားဖြစ်သွားတာ၊ ဦးနှောက်မြှေးရောင် တာ၊ ဦးနှောက်ရောင်တာ၊ တော်တော်နဲ့ နာလန် မထူတော့တာမျိုးတွေလည်း ဖြစ် ပါတယ်။ သာမန် ကျန်းမာရေးကောင်းတဲ့ သူတစ်ယောက်အနေနဲ့ တုပ်ကွေးစတင် ဖြစ်ပွားတဲ့အချိန်ကနေ ကျန်းမာတဲ့အချိန် အထိ ငါးရက်-တစ်ပတ်ဆို ပျောက်ကင်း သွားတာပါပဲ။ ဒါပေမဲ့ အစကတည်းက အခံရောဂါရှိတဲ့သူတွေဆိုရင်တော့ တုပ် ကွေးရောဂါမပျောက်ဘဲ ကြာနေတာ၊ တုပ်ကွေးကနေတစ်ဆင့် တခြားရောဂါ လက္ခဏာတွေ၊ ရှုပ်ထွေးတဲ့ Complication တွေ ဝင်သွားတာမျိုးလည်း ရှိ နိုင်ပါတယ်။

တုပ်ကွေးရောဂါလက္ခဏာတွေ ခံစားရတဲ့ အခါ သက်သာအောင် ဘာတွေ လုပ်ဆောင် သင့်ပါသလဲ ဆရာမ။
တုပ်ကွေးဆိုတာကတော့ ရက်ပိုင်း အတွင်း ခဏသာ ခံစားရတဲ့ရောဂါဖြစ်တဲ့ အတွက် တုပ်ကွေးရောဂါဖြစ်တဲ့အချိန်မှာ မိမိကိုယ်တိုင်လုပ်ရမယ့်အလုပ်ခွင်ကို မသွားဘဲ ခေတ္တနားနေလိုက်တာမျိုး၊ အဲ ဒီလိုနားနေလိုက်တာနဲ့ ကိုယ်ကတစ်ဆင့် သူများကို ကူးစက်တာ နည်းသွားမယ်၊ မိမိကိုယ်တိုင် အိမ်မှာ အနားယူလိုက်မယ်၊ နွေးနွေးထွေးထွေးနေမယ်၊ အစာကို အာ ဟာရပြည့်ဝအောင် စားမယ်၊ (အထူးသ ဖြင့် သားငါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီး ၀လံ)။ မြန်မာလူမျိုးတွေရဲ့ အကျင့်က နေမကောင်းဖြစ်ပြီဆိုရင် အစာဖြတ်လိုက် တတ်ကြတယ်။ တုပ်ကွေးရောဂါမှာ အ စာဖြတ်စရာမလိုပါဘူး။ ပုံမှန်အာဟာရ ပြည့်ဝအောင်၊ ကလေးတွေကိုလည်း ရေဓာတ် ပြည့်ဝအောင်ကျွေးမွေးပေးဖို့ လိုပါတယ်။ လိုအပ်ရင် နှာစေး၊ ချောင်း ဆိုးပျောက်ဆေး၊ အကိုက်အခဲပျောက် ဆေးတွေ သုံးစွဲလို့ ရပါတယ်။

တုပ်ကွေးရောဂါခံစားရတဲ့အခါ အမြန်ဆုံး သက်သာပျောက်ကင်းဖို့အတွက် ဆေးဝါး သောက်သုံးမှုနဲ့ အစားအသောက်မှာ ဘယ် အရာက ပိုမိုထိရောက်မှုရှိပါသလဲ ဆရာမ။
Influenza တုပ်ကွေးကို တိုက်ဖျက် နိုင်တဲ့ ပဋိဇီဝဆေးတွေ ရှိပါတယ်။Tamiflu (Oseltamivir)? Aman-tadine? Riman-tadine ဆိုရင် Influenza တုပ်ကွေးအတွက် သုံးစွဲနိုင် တဲ့ ပဋိဇီဝဆေးတွေ ဖြစ်ပါတယ်။ ဒါတွေ က နိုင်ငံခြားမှာသုံးစွဲနေပြီး မြန်မာနိုင်ငံ အနေအထားမှာကတော့ အလွယ်တကူ မရနိုင်တာကတစ်ကြောင်း၊ ကုန်ကျစရိတ် ဈေးနှုန်းများတာကလည်းတစ်ကြောင်း ကြောင့် မြန်မာလူနာအများစုကတော့ တုပ်ကွေးမှာသုံးတဲ့ ပဋိဇီဝဆေးတွေကို မသုံးဖူးသလောက်ပါပဲ။ နိုင်ငံခြားမှာ တော့ ဒီဆေးတွေ သုံးကြပါတယ်။ ကျွန်မ တို့ မြန်မာနိုင်ငံအနေအထားမှာတော့ ဒီတုပ်ကွေးရောဂါနဲ့ပတ်သက်ပြီး ဆေးဝါး သောက်သုံးမှု အခုချိန်အထိ မလုပ်သေး ပါဘူး။ ဒါပေမဲ့ အများစုကတော့ ဒီဆေး ဝါးသောက်သုံးမှုမရှိဘဲနဲ့လည်း လိုအပ် တာလေးတွေ လိုသလို လိုက်လံကုသပြီး ပျောက်ကင်းသွားတာ ဖြစ်တဲ့အတွက် ဖြစ်တဲ့အချိန်မှာ အနားယူကာ အစား အသောက်ပြည့်ဝအောင် စားမယ်ဆိုရင် လည်း ပျောက်ကင်းနိုင်ပါ တယ်။ ဒီထက် အမြန်ဆုံး သက်သာပျောက်ကင်းချင် တယ်ဆိုရင်တော့ ဆေးဝါးသောက်သုံးမှု က အစားအသောက်ထက်ပိုပြီး ထိ ရောက်မှုရှိပါတယ်။

တုပ်ကွေးရောဂါက တစ်ကြိမ်ဖြစ်ပြီးရင် နောက်တစ်ကြိမ် ထပ်ဖြစ်တာ ဘာကြောင့်ပါလဲ ဆရာမ။
အဲဒါကတော့ မြန်မာပြည်မှာ နှစ်စဉ် လည်ပတ်နေတဲ့ တုပ်ကွေးရောဂါက အ နည်းဆုံး မိုးတွင်းမှာ သုံးမျိုးသုံးစား လောက် ဖြစ်ပါတယ်။ Influenza A မှာ ကိုပဲ များသောအားဖြင့် နှစ်စဉ်နှစ်တိုင်း သုတေသနတွေ့ရှိချက်တွေအရဆိုရင်H3N2, H1N1 အမြဲလိုလို ဖြစ်ပါတယ်။ နောက်ပြီး Influenza B လည်း အမြဲလို လို ပါပါတယ်။ အဲဒီတော့ တစ်နှစ်တည်း မှာ တုပ်ကွေးရောဂါပိုး သုံးမျိုးလည်ပတ် တယ်ဆိုတဲ့အတွက် တစ်မျိုးဖြစ်ပြီး တောင်မှ နောက်ထပ်နှစ်မျိုးဖြစ်ဖို့ ဖြစ်နိုင်ခြေ ရှိပါသေးတယ်။ အဲဒါကြောင့် တကယ်လို့များ တုပ်ကွေးကာကွယ်ဆေး ထိုးထားတယ်ဆိုရင်တော့ ဖြစ်နေကျ တုပ်ကွေးကို ရောဂါဒဏ် ခံနိုင်အောင် ထိုးထားတာဖြစ်တဲ့အတွက် ကာကွယ် ဆေးထိုးထားရင်တော့ တစ်ကြိမ်ဖြစ်ပြီး နောက်တစ်ကြိမ်ပြန်ဖြစ်ဖို့ အခွင့်အလမ်း က အတော်နည်းပါတယ်။

ကျေးဇူးတင်ပါတယ် ဆရာမ။

ပါမောက္ခဒေါက်တာရတနာကျော်
အဆုတ်နှင့်ရင်ခေါင်း အထူးကုသမားတော်ကြီး
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *