မိုးရာသီမှာကျန်းမာပျော်ရွှင်စွာနေထိုင်ကြရအောင်…

မိုးရာသီမှာ မိုးအေးအေးနဲ့ ကော်ဖီ တစ်ခွက်ဖျော်ပြီး စာအုပ်ကောင်းကောင်း တစ်အုပ်ဖတ်နေချင်ပေမယ့် နိစ္စဓူဝလုပ် ငန်းဆောင်တာတွေ၊ ရုံးတက်ရတာ၊ ကျောင်းသွားရတာတွေရှိတဲ့အခါ မဖြစ် မနေ အိမ်ပြင်ထွက်ကြရပါတယ်။ မိုး အေးအေးနဲ့ စောင်ခြုံကွေးနေလို့ မဖြစ် တာကြောင့် အိမ်အပြင်ထွက်ရပြီဆိုရင် မိုးမိပေမယ့် ဖျားနာမှုမဖြစ်အောင် ဘယ် လိုကာကွယ်ရမယ်ဆိုတာတွေ သိထား ရမှာ ဖြစ်ပါတယ်။

(၁) မိုးကာအက်ႌဝတ္ဆင္ပါ
မိုးရွာတဲ့အခါ အဆင်သင့် အသုံး ပြုနိုင်ဖို့ အကာအကွယ်တစ်မျိုးမျိုးကို ဆောင်ထားတာက မိုးမိတာကြောင့် အ အေးမိဖျားနာတာမဖြစ်အောင် အကောင်း ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ထီး၊ မိုး ကာအင်္ကျီ၊ မိုးစီး ဖိနပ် စတာတွေကို မိုး မကျမီကတည်းက ဝယ်ယူစုဆောင်းပြီး အပြင်ထွက်တဲ့အခါ အဆင်သင့် ရရှိနိုင် အောင်အိမ်မှာ၊ ရုံးမှာ အရန်သင့်ဆောင် ထားပါ။

(၂) ဗီတာမင် စီ သောက်သုံးပါ
ဗီတာမင် စီက အအေးမိနှာစေးဝေ ဒနာတွေကိုကုသနိုင်တယ်လို့ သိပ္ပံနည်း ကျ သုတေသနတွေအရ ပညာရှင်တွေ က အခိုင်အမာပြောဆိုထားပါတယ်။ ဗီ တာမင်စီက အအေးမိဖျားနာတာကြောင့် ဖြစ်လာတဲ့ ရောဂါလက္ခဏာတွေ ခံစား ရမှုကို လျော့နည်းစေပါတယ်။ ခန္ဓာ ကိုယ်မှာ ဗီတာမင် စီ လုံလောက်နေပါက ကိုယ်ခံအားကောင်းပြီး ခန္ဓာကိုယ်တွင်း ဘက်တီးရီးယား၊ ဗိုင်းရပ်စ် စတဲ့ ပိုးမွှား တွေ မဝင်ရောက်နိုင်အောင် ကာကွယ် ပေးပါတယ်။ မိုးရာသီမှာ ခန္ဓာကိုယ်တွင်း ဗီတာမင် စီ လုံလောက်နေစေဖို့ အစား အသောက်ကနေရယူပါ။ လိုအပ်ပါက ဖြည့်စွက်သောက်သုံးပါ။

(၃) ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်သူတွေအနေနဲ့ မိုးရာသီမှာ ဆေးလိပ်သောက်တာ ကြောင့် ခန္ဓာကိုယ် နွေးထွေးတယ်လို့ ခံစားမိတတ်ပါတယ်။ ဆေးလိပ်သောက် သုံးတာက သောက်သုံးသူရဲ့ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းကို အားနည်း စေပါတယ်။ အထူးသဖြင့် မိုးမိထားပါက အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းထဲ ပိုးဝင်လွယ်ပြီး အအေးမိဖျားနာ ဖြစ်နိုင် ခြေကို ပိုများစေပါတယ်။ ဆေးလိပ်ကို ဖြတ်နိုင်ရင်တော့ အကောင်းဆုံးပါ။ မ ဖြတ်နိုင်ပါက မိုးရာသီရဲ့ မိုးရွာတဲ့နေ့တွေ မှာတော့ လျှော့သောက်ဖို့ လိုပါတယ်။

(၄) မိုးမိပြီးတဲ့အခါ ရေချိုးပါ
မိုးမိပြီး အပြင်က ပြန်လာတဲ့အခါ ရေပြန်ချိုးဖို့မမေ့ပါနဲ့။ မိုးမိတဲ့အခါ ခန္ဓာ ကိုယ် အပူချိန် အပြောင်းအလဲ ဖြစ်ပေါ်ပါ တယ်။ အဲ့ဒီခန္ဓာကိုယ် အပူချိန်ပြောင်းလဲ မှုက ရောဂါပိုးမွှားတွေ ဝင်လွယ်စေပါ တယ်။ ရေချိုးလိုက်ပြီး ခန္ဓာကိုယ်ကို ခြောက်သွေ့သွားအောင် တဘက်နဲ့ တို့ သုတ်ပေးလိုက်တာက မိုးစက် အေးအေး တွေကြောင့် အေးသွားတဲ့ ခန္ဓာကိုယ် အပူချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းပေးပါ တယ်။

(၅) မိုးသဲသဲမဲမဲ ရွာနေချိန်တွင် အရပ်ခို နေပါ
သင် လမ်းသွားလာရင်း မမျှော်လင့် ဘဲ မိုးသည်းသည်းထန်ထန်ရွာလာပါက အနီးအနားမှာရှိတဲ့မိုးလုံတဲ့ နေရာတစ်ခုခု မှာ ခဏခိုနေလိုက်ပါ။ မိုးကာ အင်္ကျီ၊ ထီး စတာတွေ ပါခဲ့ရင်တောင် မိုးသည်းထန် ချိန်မျိုးမှာ အနီးအနားမှာရှိတဲ့ ကော်ဖီ ဆိုင်၊ စတိုးဆိုင်၊ မိုးလုံလေလုံဈေး စတဲ့ နေရာတွေဝင်ပြီး မိုးစဲသွားတဲ့အထိခဏ တာ အချိန်ဖြုန်းလိုက်ပါ။ မိုးစဲသွားမှ လိုရာခရီးကို ဆက်သွားပါ။

(၆) ချွေးထုတ်လိုက်ပါ
မိုးရာသီမှာ ခန္ဓာကိုယ်က ပင်ပန်း နွမ်းနယ်ပြီး အားမရှိသယောင် ခံစားနေ ရတာ၊ စိတ်ရှုပ်ထွေး နောက်ကျိနေတာ တွေခံစားရတာတွေက တုပ်ကွေးဖြစ်ချင် လို့ ခံစားရတဲ့ လက္ခဏာတွေပါ။ ဒီလက္ခ ဏာတွေကို သက်သာသွားစေဖို့ ချွေး ထုတ်လိုက်ပါ။ အကောင်းဆုံး ချွေးထုတ် နည်းကတော့ လေ့ကျင့်ခန်းလုပ်လိုက် တာပါ။ အိမ်အပြင်ထွက်ပြီး လေ့ကျင့်ခန်း လုပ်နိုင်သလို သင့်အိမ်ထဲမှာပဲ လေ့ကျင့် ခန်းလုပ်တာမျိုးလည်း လုပ်နိုင်ပါတယ်။ ချွေးထွက်သွားတာကြောင့် ရောဂါလက္ခ ဏာသက်သာသွားတဲ့အပြင် ခန္ဓာကိုယ် တွင်း ကျန်းမာရေးကိုလည်း ပိုမိုကောင်း မွန်စေပါတယ်။

(၇) စွပ်ပြုတ် ပူပူနွေးနွေး သောက်ပါ
မိုးရာသီမှာ စွပ်ပြုတ်ပူပူနွေးနွေး သောက်ပေးတာက ခန္ဓာကိုယ်တွင်း နွေးထွေးစေပြီး အအေးမိဖျားနာမဖြစ် အောင်ကာကွယ်ပေးပါတယ်။ အိမ်အပြင် ထွက်ရင်း မိုးမိခဲ့ရင် အိမ်ရောက်တဲ့အခါ ရေချိုးပြီး ရေစင်အောင်သုတ်၊ အဝတ်လဲ ပြီးတာနဲ့ စွပ်ပြုတ် ပူပူနွေးနွေးတစ်ခွက် လောက်သောက်လိုက်ပါ။ နှာခေါင်းအ တွင်းပိုင်း၊ လည်မျိုပိုင်းတွေကို နွေးထွေး ပြီး ဘက်တီးရီးယားပိုးနဲ့ ဗိုင်းရပ်စ်ပိုးတွေ ကိုသန့်စင်စေပါတယ်။

(၈) လက်ကို သန့်ရှင်းစွာ ထားပါ
ဆေးပညာသုတေသီတွေ လေ့လာ မှုအရ လက်သန့်ရှင်းမှု မရှိတာက ရောဂါ ပိုးမွှားတွေကူးစက်ပြီး ဖျားနာမှုဖြစ်နိုင် ခြေများတယ်လို့သိရပါတယ်။ မိုးရာသီ မှာ အအေးမိဖျားနာစေတဲ့ ဗိုင်းရပ်စ်ပိုး တွေ လက်မှာအလွယ်တကူ ကပ်ငြိနေ ပြီး လက်ကတစ်ဆင့် အသက်ရှူလမ်း ကြောင်းထဲ အလွယ်တကူ ဝင်ရောက် ကာ ဖျားနာတာကို ဖြစ်စေပါတယ်။ လက်ကို သန့်ရှင်းစွာထားတာ၊ မကြာ ခဏ လက်ဆေးပေးတာတွေက မိုးရာ သီမှာ တုပ်ကွေးရောဂါ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

(၉) စိတ်စွမ်းအားကို မြှင့်တင်ပါ
လူရဲ့စိတ်က စွမ်းအားအကောင်း ဆုံးပါ။ တစ်ခါတစ်ရံ ခန္ဓာကိုယ်ထဲရောဂါ ပိုးမွှား မဝင်ရောက်ပေမယ့် နွမ်းနယ်ပြီး နေမထိထိုင်မသာ ဖြစ်နေတာမျိုးကြုံဖူး မှာပါ။ ဒါဟာ အမှန်တကယ် နေမ ကောင်းဖြစ်တာမျိုး မဟုတ်ဘဲ စိတ်က တွေးထင်နေတာမျိုးပါ။ မိုးမိတဲ့အခါ သင့် စိတ်က ဖျားနာတော့မှာပဲဆိုပြီး စိုးရိမ် စိတ်ဝင်နေတာမျိုးကလည်း နေမကောင်း ထိုင်မသာဖြစ်စေပါတယ်။ ပညာရှင် တွေရဲ့တွေ့ရှိချက်မှာတော့ ကိုယ့်ကိုယ် ကိုယ်အကောင်းမြင်ပြီး ဖျားနာတော့မှာ ပဲဆိုတဲ့စိတ်မျိုး မမွေးမိအောင် စိတ်စွမ်း အားကို မြှင့်တင်ဖို့ လိုပါတယ်။

(၁၀) ရေဓာတ် လုံလုံလောက်လောက် ဖြည့်တင်းပါ
ရေကို လုံလုံလောက်လောက် သောက်သုံးတာက ရောဂါပိုးတွေ မဝင် အောင် ကာကွယ်နိုင်တဲ့ သွယ်ဝိုက်တဲ့ နည်းလမ်းတစ်ခုပါ။ ခန္ဓာကိုယ်မှာ ရေ ဓာတ်ပြည့်ဝနေပါက အအေးမိဖျားနာ စေတဲ့ တုပ်ကွေးဗိုင်းရပ်စ်ပိုးမဝင်အောင် တားဆီးနိုင်ပါတယ်။ ရေက ခန္ဓာကိုယ် တွင်းကို ဝင်ရောက်လာတဲ့ ပိုးမွှားတွေ၊ ဘက်တီးရီးယားပိုတွေ ခန္ဓာကိုယ်ရဲ့ စွန့်ထုတ် အဖွဲ့အစည်းတွေကနေတစ် ဆင့် ဖယ်ရှားစွန့်ထုတ်ပေးပါတယ်။ ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ ရေပမာဏကို ရရှိဖို့ တစ်နေ့ကို ရေရှစ် ဖန်ခွက် သောက်သုံးသင့်ပါတယ်။

(၁၁) အရက်သောက်သုံးမှုကို ကန့်သတ်ပါ
မိုးရာသီမှာ ရေဓာတ်လုံလောက် နေတာက ရောဂါကာကွယ်နိုင်တဲ့ အ ကောင်းဆုံး အချက်တစ်ချက်ပါ။ ရေ သောက်တာ၊ စွပ်ပြုတ် သောက်တာတွေ နဲ့ တစ်ခါတစ်ရံမှာ မလုံလောက်တတ်ပါ ဘူး။ အရက်သောက်တာ ကို လျှော့ချဖို့၊ ဖြစ်နိုင်ရင် မသောက်ဖို့ လိုပါတယ်။ အရက်လျှော့သောက်လိုက်တာ၊ လုံးဝ မသောက်ဘဲနေတာက အအေးမိဖျားနာ မဖြစ်အောင် ကာကွယ်ပေးပြီး ဖြစ်လာခဲ့ ရင်လည်း နေကောင်းမြန်စေပါတယ်။

(၁၂) အရက်သောက်သုံးမှုကို ကန့်သတ်ပါ
မိုးရာသီမှာ ရေဓာတ်လုံလောက် နေတာက ရောဂါကာကွယ်နိုင်တဲ့ အ ကောင်းဆုံး အချက်တစ်ချက်ပါ။ ရေ သောက်တာ၊ စွပ်ပြုတ် သောက်တာတွေ နဲ့တစ်ခါတစ်ရံမှာ မလုံလောက်တတ်ပါ ဘူး။ အရက်သောက်တာကို လျှော့ချဖို့၊ ဖြစ်နိုင်ရင် မသောက်ဖို့လိုပါတယ်။ အ ရက်လျှော့သောက်လိုက်တာ၊ လုံးဝမ သောက်ဘဲနေတာက အအေးမိဖျားနာမ ဖြစ်အောင် ကာကွယ်ပေးပြီး ဖြစ်လာခဲ့ ရင်လည်း နေကောင်းမြန်စေပါတယ်။

ခိုင်သစ္စာရှင် (ဆေးဝါး)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *