မိုးရာသီမှာလိုက်နာရမယ့်Skincare Tips

မိုးရာသီမှာ အရေပြားကျန်းမာရေးအတွက် လိုက်နာရမယ့် အရေးကြီးဆုံး အချက်ကတော့ အရေပြားကို စိုစွတ်မှုတွေနဲ့ ကင်းအောင်နေဖို့ပါ။ အရေပြားစိုစွတ်နေရင် မိုက်ခရုပ်ပိုးကောင် တွေနဲ့ မှိုပိုးတွေ အရေပြားတွင်းအလွယ်တကူ ဝင်ရောက်နိုင် ခြေများပါတယ်။ ဒီကနေ ယားယံတာ၊ နီမြန်းတာ၊ အစက်အ ပြောက်ထွက်တာတွေနဲ့ ပွေးတွေအထိ ဖြစ်လာတတ်ပါတယ်။ မိုးရာသီမှာအရေပြားကျန်းမာရေးအတွက် လိုက်နာရမယ့် Tips တွေကတော့ ….

– မျက်နှာအရေပြားက ဖုန်၊ အညစ်အကြေး၊ အဆီတွေ သန့် စင်အောင် တစ်နေ့ကို အနည်းဆုံး နှစ်ကြိမ်ကနေ သုံး ကြိမ်ထိ မျက်နှာသန့်စင်ပေးပါ။

– အရေပြားရဲ့ pH မျှတအောင် အယ်လ်ကိုဟောမပါဝင်တဲ့ တိုနာ အသုံးပြုပေးပါ။

– အေးမြစိုစွတ်တဲ့ ရာသီဥတုက အရေပြားရဲ့ သဘာဝအစို ဓာတ်ကို ခြောက်စေပါတယ်၊ အသားခြောက်လွယ်စေလို့ အစိုဓာတ်ထိန်းခရင်မ်ကိုလည်း ပုံမှန် အသုံးပြုပေးပါ။

– မိုးအုံ့နေလို့ နေလောင်ကာခရင်မ်လိမ်းစရာမလိုဘူးလို့ မထင်ပါနဲ့၊ နေရောင်ခြည်ရဲ့ ခရမ်းလွန်ရောင်ခြည်တွေက မိုးတိမ်တွေကိုဖြတ်ပြီး ကျရောက်နေဆဲဖြစ်တာမို့ နေ လောင်ကာခရင်မ်ကို ဆက်လိမ်းရမှာ ဖြစ်ပါတယ်။

– ဆဲလ်သေတွေဖယ်ရှားဖို့ Exfoliation လုပ်နိုင်ပါတယ်။ ဒါပေမဲ့ အရေပြားမထိခိုက်အောင် အသာအယာပွတ် တာလောက်ပဲ လုပ်ပေးပါ။

– မိုးအေးလို့ဆိုပြီးတော့ ရေသောက်စရာ မလိုဘူးလို့မထင် ပါနဲ့။ စိုစွတ်ထိုင်းမှိုင်းတဲ့ ရာသီဥတုက အရေပြားကို ပိုပြီး ခြောက်စေတတ်ပါတယ်။ ဒါကြောင့် ရေများများ သောက်ဖို့ လည်း မမေ့ပါနဲ့။

– လက်ဝတ်လက်စားတွေဝတ်ရင် သတိထားပါ။ စိုစွတ်တဲ့ ရာသီဥတုဖြစ်လို့ အလွယ်တကူ ကျွတ်သွားနိုင်ပါတယ်။ နောက်ပြီး ဖန်စီတွေဝတ်ရင်လည်း အလွယ်တကူ အ ရောင်လွင့်ပြယ်ပြီး အရေပြားယားယံစေနိုင်ပါတယ်။

Darliko

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *