မီးဖွားအပြီး ပုံပျက်နေသော ဝမ်းဗိုက် ပြန်လည် ချပ်ရပ်သွားစေရန်

သင့်အနေနဲ့ ကလေးမွေးထားပြီးပေ မယ့် ကိုယ်ဝန်ဆောင်ထားရတဲ့ခန္ဓာကိုယ် ပြန်ဖြစ်နေပါသလား။ မိခင်အများစုက ဒီ ပြဿနာတွေနဲ့ ကြုံတွေ့နေကြရပါတယ်။ ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ မိခင် တွေအနေနဲ့ ၂၅-၄၀ ပေါင်အထိ ကိုယ် အလေးချိန်တက်လာတတ်ကြပါတယ်။ ဒါပေမဲ့လည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာစားပြီး လေ့ကျင့်ခန်းပြုလုပ် နိုင်ရင် ကိုယ်ဝန်မဆောင်ခင်က ကိုယ်အ လေးချိန်ကို ပြန်လည်ရရှိဖို့ မခက်ခဲ လှပါဘူး။ ကိုယ်ဝန်ဆောင်ကာလ ကိုး လအတွင်းမှာ ဗိုက်ထဲက သန္ဓေသား အန္တရာယ်ကင်းစေဖို့ သင်ရဲ့ သားအိမ်က ချဲ့ကားလာတဲ့အတွက် ဝမ်းဗိုက်အရေ ပြားတွေကလည်း ဆွဲဆန့်ခံကြရပါတယ်။ ဒါကြောင့် ကိုယ်ဝန်မဆောင်ခင်တုန်းက ခန္ဓာကိုယ်အတိုင်း ဗိုက်ချပ်ချပ်လေး ပြန် လည်ရရှိဖို့ အနည်းဆုံး ကိုးလလောက် တော့ အချိန်ပြန်ယူရပါတယ်။

ကလေးမွေးပြီးပေမယ့် ဘာကြောင့် ကိုယ်ဝန် ဆောင်ထားရတဲ့ ကိုယ်လုံးလိုဖြစ်နေရပါသလဲ

– သင်ရဲ့ ဝမ်းဗိုက်ကြီးကို ဘောလုံး တစ်လုံးလိုစဉ်းစားကြည့်လိုက်ပါ။ ကလေး ငယ်ကြီးထွားလာတာနဲ့အမျှ သင့်ဗိုက် ကလည်း တဖြည်းဖြည်း ဆန့်ကားလာပါ တယ်။ ဘောလုံးထဲက လေထုတ်လိုက် ပေမယ့်လည်း ဘောလုံးကြီး ချက်ချင်း ပိန်မသွားတာက ဘောလုံးအတွင်းက လေတွေ နည်းနည်းချင်းစီထွက်နေတာ ကြောင့်ပါ။
– ကလေးမွေးပြီးတဲ့အခါမှာ ခန္ဓာ ကိုယ်ထဲက ဟော်မုန်းအပြောင်းအလဲတွေ ကြောင့် သားအိမ်က တဖြည်းဖြည်း ပြန် လည်ကျုံ့လာပါတယ်။ ဒါပေမဲ့ နဂိုမူလ အရွယ်ပြန်ရောက်ဖို့အတွက် ၇-၈ ပတ် အထိ အချိန်ယူရပါတယ်။
– ကိုယ်ဝန်ဆောင်ကာလအတွင်း သင့်ကလေးငယ်အတွက်ပါ နှစ်ယောက် စားထားရတာကြောင့် ပိုလျှံနေတဲ့ အစား အစာတွေက အဆီအနေနဲ့ ဝမ်းဗိုက်မှာ စုဆောင်းနေတာကြောင့်ပါ။ ဒီအဆီတွေ ကို ပြန်လည်ချေဖျက်ဖို့အတွက် အချိန် ယူရပါတယ်။

မူလကိုယ်ခန္ဓာပြန်လည်ရရှိဖို့ ဘယ်လောက် အချိန်ယူရပါသလဲ

– ကလေးမွေးထားတဲ့မိခင်တွေအနေ နဲ့ ရက်အနည်းငယ်အတွင်း ဝမ်းဗိုက် ပြန်လည်ချပ်ရပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သားဦးမိခင်တွေအနေနဲ့ လအနည်းငယ် ခန့် အချိန်ယူရပါတယ်။ တချို့မိခင်တွေ အနေနဲ့ကတော့ အပျိုတုန်းက ခန္ဓာကိုယ် အတိုင်း ပြန်လည် မရရှိနိုင်ကြတော့ပါ ဘူး။ ဒါပေမဲ့လည်း သင့်အနေနဲ့ အာဟာ ရရှိပြီး ကျန်းမာရေးကောင်းမွန်တဲ့အစား အစာ စားတာ၊ တက်တက်ကြွကြွနေတာ နဲ့ အောက်ဖော်ပြပါတွေကို လိုက်နာမယ် ဆိုရင်တော့ ဝမ်းဗိုက်ပြန်လည်ချပ်ရပ် သွားမှာ အမှန်ပါ။

ကလေးမွေးအပြီး ဝမ်းဗိုက်ပြန်လည်ချပ်ရပ်အောင် ဘယ်လိုပြုလုပ်ကြမလဲ

 မိခင်နို့တိုက်ပါ
မိခင်နို့တိုက်တာက ကလေးငယ် အတွက် ခုခံအားစနစ်ကောင်းမွန်အောင် ကူညီနိုင်ရုံသာမက ကိုယ်ဝန်ဆောင်ထား တာကြောင့် ဝမ်းဗိုက်မှာ စုဆောင်းနေခဲ့တဲ့ အဆီတွေ လျော့သွားပြီး ဝမ်းဗိုက်ချပ်ရပ် နိုင်ပါတယ်။ ဒါ့အပြင် သားအိမ်ကျုံ့ဖို့ အတွက်လည်း ကူညီနိုင်ပါတယ်။ လေ့ လာမှုအများအပြားအရ မိမိကလေးကို နို့ တိုက်တဲ့မိခင်တွေက နို့မတိုက်တဲ့ မိခင် တွေထက် ကယ်လိုရီ ၈၀၀ လောက် ပို လောင်ကျွမ်းနိုင်တယ်လို့ သိရပါတယ်။

 အာဟာရကောင်းမွန်စွာ ရရှိပါစေ
တချို့အမျိုးသမီးတွေက ကိုယ်အ လေးချိန်တက်မှာစိုးလို့ အစာလျှော့စားပြီး အာဟာရအားဖြည့်ဆေးတွေကို မှီဝဲတာ က မှားယွင်းပါတယ်။ သင့်အနေနဲ့ မိခင် နို့ကောင်းမွန်စွာ ထွက်ရှိဖို့အတွက် အစား အစာကို စားသုံးပေးရပါမယ်။ သင်စားတဲ့ အစားအစာက သင်နဲ့ သင့်ကလေးအ တွက် အာဟာရကောင်းမွန်စွာ ရရှိရပါ မယ်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်၊ ရောင်စုံဟင်းသီးဟင်းရွက်၊ အသား၊ အစေ့ အဆန်နဲ့ ပရိုတင်းတွေပါဝင်အောင် စား ပေးပါ။ ပန်းသီး၊ ငှက်ပျောသီး၊ မုန်လာဥ နီ၊ ငရုတ်ပွသီး၊ ဗာဒံစေ့၊ ဟင်းနုနယ်၊ ခရမ်း ချဉ်သီးနဲ့ ပဲအမျိုးမျိုးစတဲ့ အစားအစာ တွေစားပေးပါ။ ကယ်လ်စီယမ်ဓာတ်ရရှိဖို့ အတွက် နေ့စဉ် နွားနို့ သုံးဖန်ခွက်လောက် သောက်ပေးပါ။ ကော်ဖီနဲ့ လက်ဖက်ရည် ကတော့များများသောက်ရင် အစာအိမ် ပြဿနာဖြစ်နိုင်တဲ့အတွက် လျှော့သောက် ပါ။

 ရေများများသောက်ပါ
ကိုယ်အလေးချိန်ကျဆင်းဖို့အ တွက်ဆိုရင် ရေကိုတော့ မဖြစ်မနေ သောက်ပေးရပါမယ်။ သူက ခန္ဓာကိုယ် တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့အပြင် ဆီးလမ်းကြောင်း ပိုးဝင်တဲ့ပြဿနာ(ကလေးမီးဖွားပြီးသူ တွေ အများဆုံးဖြစ်တတ်ပါတယ်) မဖြစ် အောင်လည်း ကာကွယ်ပေးပါတယ်။ ရေ သောက်တာကြောင့် ဗိုက်ပြည့်တင်းပြီး မကြာခဏ အဆာပြေစာတွေ စားသုံးမှု မရှိအောင်လည်း ကာကွယ်ပေးနိုင်ပါ တယ်။ လက်ဖက်ရည်ကြမ်းသောက် တာကလည်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

 လေ့ကျင့်ခန်းလုပ်ပါ
ကလေးမွေးဖွားပြီးပြီးချင်းမှာ လေ့ ကျင့်ခန်းပြန်လည်ပြုလုပ်ဖို့ဆိုတာ မ လွယ်ကူလှပါဘူး။ ခန္ဓာကိုယ်ကို အနည်း ဆုံး ခြောက်ပတ်ခန့် အနားပေးထားရပါ မယ်။ တစ်လခွဲကြာမှ လေ့ကျင့်ခန်းပြု လုပ်နိုင်၊ မလုပ်နိုင်ကို ဆရာဝန်နဲ့စစ်ဆေး မှုပြုလုပ်ပါ။
ကလေးမွေးပြီး ဝမ်းဗိုက်ချပ်ရပ်စေ ချင်ရင်တော့ တစ်နေ့ကို မိနစ် ၂၀-၃၀ လောက် လေ့ကျင့်ခန်း ပြုလုပ်သင့်ပါ တယ်။ လမ်းလျှောက်တာ၊ ပြေးတာနဲ့ ခုန် ဆွခုန်ဆွလမ်းလျှောက်တာလိုမျိုး အေရိုး ဗစ်လေ့ကျင့်ခန်းတွေက ကလေးမွေး ထားတဲ့ မိခင်တွေအတွက် အထူးသင့် တော်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်တာ ကြောင့် ကိုယ်အလေးချိန်ကျဆင်းနိုင် ရုံမက စိတ်ဖိစီးမှုကိုပါ လျော့ကျနိုင်ပါ တယ်။ ရေကူးတတ်ရင် ရေကူးနိုင်ပါ တယ်။

 လမ်းလျှောက်ပါ
ကလေးမွေးဖွားပြီးပြီးချင်းမှာ လမ်း လျှောက်တာက အရိုးရှင်းဆုံးနဲ့ အလွယ် ကူဆုံး လေ့ကျင့်ခန်းတစ်မျိုးဖြစ်ပါတယ်။ သင့်အနေနဲ့ သင့်ကလေးကို ချီပိုးပြီး အနည်းဆုံးမိနစ် ၂၀ ခန့် လမ်းမြန်မြန် လျှောက်ပေးပါ။ ခါးနောက်ကျောကြွက် သား၊ တင်ပဆုံရိုးကြွက်သားနဲ့ သားအိမ် ကြွက်သားတွေ သန်မာဖို့အတွက် ဆွဲ ဆန့်လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးပါ။

အပြည့်အဝအနားယူပါ
ကလေးမွေးပြီး အနားမရတာက ခန္ဓာကိုယ်တွင်း အဆိပ်အတောက်တွေ စုဆောင်းမှုများလာပြီး ရောင်ရမ်းမှုဖြစ်စဉ် ကို အားပေးပါတယ်။ ခန္ဓာကိုယ်က ရောင်ရမ်းမှုဖြစ်စဉ်တွေ ဆက်တိုက်ဖြစ် လာရင် အဆီတွေက ဝမ်းဗိုက်နေရာမှာ စုဆောင်းလာပြီး ဗိုက်ပူလာပါတယ်။ က လေးငယ်ရှိလို့ အိပ်ရေးပျက်နိုင်ပေမယ့် ကလေးအိပ်တဲ့အချိန်မှာ အချိန်ရရင် ရ သလို အိပ်ပေးပါ။

 အလွန်အကျွံအစားရှောင်တာ မျိုး မပြုလုပ်ပါနဲ့
တချို့ကလေးအမေတွေက ကလေး မွေးပြီးမှ စိတ်ကျဝေဒနာ ခံစားရတာ ကြောင့် အစားအသောက်အလွန်ရှောင် တတ်ကြပါတယ်။ ဒီလိုပြုလုပ်တာက ကလေးငယ်ရဲ့ ကျန်းမာရေးကိုပါထိခိုက် နိုင်ပါတယ်။ အစားအလွန်ရှောင်တဲ့ အတွက် ကိုယ်အလေးချိန်ကျသွားမှာ တော့ မဟုတ်ပါဘူး။ ပိုလို့တောင် ကိုယ် အလေးချိန်တက်လာနိုင်ပါသေးတယ်။

 စိတ်ဖိစီးမှုလျှော့ချနိုင်အောင် တရားထိုင်ပါ
ကလေးမွေးပြီး လအနည်းငယ် အတွင်းမှာ သင့်အနေနဲ့ စိတ်ဖိစီးမှု ဖြေ ဖျောက်ဖို့အတွက် သင် ဝါသနာပါတဲ့ စာဖတ်တာ၊ ပန်းပင်ပြုစုတာလိုမျိုးတွေ ပြုလုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် တရားထိုင်တဲ့နည်းလမ်းကို အသုံးပြုတာ အကောင်းဆုံးပါ။ သင့်ကို အာရုံစူးစိုက်မှု ကောင်းမွန်စေပြီး အလွယ်တကူလည်း အိပ်ပျော်စေနိုင်ပါတယ်။ ဒါ့အပြင် သင့် ကလေးငယ်ရဲ့ အိပ်စက်မှုကိုလည်း အ နှောင့်အယှက်ဖြစ်စေမှာ မဟုတ်တော့ပါ ဘူး။

 ဗိုက်စည်းပါ
ကလေးမွေးပြီး ဗိုက်စည်းတာက သားအိမ်ကို မူလအရွယ်အစားအတိုင်း ပြန်လည်ကျုံ့တဲ့ဖြစ်စဉ်ကို မြန်ဆန် အောင် ကူညီပေးနိုင်ပါတယ်။ ဝမ်းဗိုက် ချပ်ရပ်ဖို့အတွက်လည်း အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။ ခန္ဓာကိုယ်အနေ အထားမှန်ကန်အောင် ကူညီပြီး ခါးနာ တာကိုလည်း ကင်းဝေးစေပါတယ်။ ပိတ် စတစ်စနဲ့ ဝမ်းဗိုက်အလယ်နေရာကို မတင်းလွန်းမလျော့လွန်းအနေအထားနဲ့ စည်းပေးပါ။

အနှိပ်ခံပါ
အားကစားခန်းမကို ချွေးထွက်ဖို့ မသွားဘဲ ကိုယ်အလေးချိန်ကျဆင်းဖို့ အတွက်ကတော့ နှိပ်နယ်တဲ့နည်းလမ်း က အလွန်ထိရောက်တယ်လို့ ဆိုပါ တယ်။ ဝမ်းဗိုက်အဆီတွေကို အမေါနအ ထားတဲ့နှိပ်နယ်နည်းမျိုးကို ပြုလုပ်တာက အဆီတွေ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားစေ ပြီး ဇီဝရုပ်ဖြစ်စဉ် ကောင်းမွန်တာကြောင့် ဝမ်းဗိုက်ချပ်ရပ်ဖို့ ကူညီနိုင်ပါတယ်။

 အိပ်ရေး၀၀အိပ်ပါ
ကောင်းမွန်စွာ အိပ်စက်အနားယူ တာက ကိုယ်အလေးချိန်ကျဆင်းဖို့အ တွက် မရှိမဖြစ်ပါ။ အိပ်ရေးမ၀တာကြောင့် အစားတွေ ပိုစားမိတတ်ပြီး ကိုယ်အလေး ချိန်မြင့်တက်လာနိုင်ပါတယ်။ ခန္ဓာကိုယ် က ပင်ပန်းလွန်းတဲ့အခါမှာ ကော်တီစော တွေ ထွက်ရှိလာတာကြောင့်လည်း ကိုယ် အလေးချိန်မြင့်တက်လာပါတယ်။ တစ် နေ့ကို အနည်းဆုံး ရှစ်နာရီအိပ်ဖို့က ခန္ဓာ ကိုယ်အတွက် အလွန်လိုအပ်ပါတယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *