မီးဖွားပြီးတစ်နာရီအတွင်း မိခင်နို့ တိုက်ကျွေးပေးခြင်းက ကလေးကို အသက်ရှည်စေ

မီးဖွားပြီးတစ်နာရီအတွင်းမှာပဲ က လေးကို မိခင်နို့တိုက်ကျွေးပေးမယ်ဆို ရင် ကလေးအတွက် အာဟာရပြည့်ဝစေ ပြီး အရွယ်မတိုင်ခင်သေဆုံးမှုမျိုးဖြစ်နိုင် ခြေနည်းစေပြီး အသက်ရှည်စေနိုင် တယ်လို့ လေ့လာမှုအရသိရပါတယ်။ လူ့လောကကိုစတင်ဝင်ရောက်ခါစမှာပဲ ကလေးကို မိခင်နို့တိုက်ကျွေးပေးတာက ကလေးရဲ့ခုခံအားစနစ်ကို တိုးမြှင့်ပေး နိုင်စွမ်းရှိတယ်လို့ သုတေသီတွေက ဆို ပါတယ်။ ကလေးငါးဦးမှာ သုံးဦးခန့်က မွေးပြီးလျှင်ပြီးချင်း မိခင်နို့စို့ရခြင်းမရှိ ကြောင်း၊ တစ်ကမ္ဘာလုံးအတိုင်းအတာ အရ နှစ်စဉ် ကလေး ၇၈ သန်းခန့် မွေးပြီး လျှင်ပြီးချင်း မိခင်နို့စို့ရခြင်းမရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) နဲ့ ယူနီ ဆက်ဖ်တို့ရဲ့ ပူးပေါင်းထုတ်ပြန်ချက်အ ရ သိရပါတယ်။ မိခင်နို့တိုက်ကျွေးပေး တာကြောင့် ကလေးရဲ့ခုခံအားစနစ် ကောင်းမွန်စေပြီး ကူးစက်ရောဂါတွေက နေကာကွယ်ပေးနိုင်ပါတယ်။ မိခင်နို့ ရည်မှာ ကလေးရဲ့ကနဦးကာကွယ် ဆေးလို့ဆိုကြတဲ့ ကိုလော့စ်ထရမ် ပါရှိ တဲ့အပြင် အာဟာရဓာတ်တွေနဲ့ ပဋိပစ္စည်းတွေလည်း ကြွယ်ဝစွာပါရှိတာ ကြောင့် မွေးပြီးပြီးချင်း မိခင်နို့စို့ရတဲ့ ကလေးတွေမှာ ရုတ်တရက်သေဆုံးစေ နိုင်တဲ့အခြေအနေပိုမိုနည်းပါးစေနိုင်ပြီး ကလေးကြီးပြင်းလာတဲ့အချိန်မှာလည်း အ၀လွန်ဖြစ်နိုင်ခြေနည်းပါးတယ်လို့ သိ ရပါတယ်။ မိခင်နို့တိုက်ကျွေးတဲ့အခါ မိခင်တွေမှာလည်း ကျန်းမာရေးအကျိုး ကျေးဇူးတွေရရှိစေပြီး အမျိုးသမီးတွေမှာ ဖြစ်ကြတဲ့ ရင်သားကင်ဆာနဲ့ မျိုးဥအိမ် ကင်ဆာတွေဖြစ်ပွားနိုင်ခြေလျော့နည်း စေသလို ဆီးချိုအမျိုးအစား ၂ ဖြစ်နိုင် ခြေကိုလည်း လျော့နည်းစေနိုင်တယ်လို့ ယူနီဆက်ဖ်ရဲ့အမှုဆောင်ဒါရိုက်တာ ဟင်နရီရက်တာဖောက ဆိုပါတယ်။

◘ (DM, 2.8.18) သံသာ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *