မတော်တဆအဆိပ်သင့်ခြင်းများ

အဆိပ်သင့်တတ်သည့် ပစ္စည်းတွေ က အိမ်မှာရှိနေတတ်ပါသည်။ ပိုးသတ် ဆေး၊ မြေဩဇာ၊ ဓာတ်ဆီ၊ အိမ်သုံးဆေး ဝါးများ၊ အဝတ်လျှော်၊ လက်ဆေးဆပ်ပြာ ရည်များ၊ ခြင်ဆေးခွေ၊ ဒါတွေ အားလုံး ကလေးအတွက် အန္တရာယ်ရှိပါသည်။ အဆိပ်သင့်တတ်သည့် ပစ္စည်းတွေ က အိမ်မှာရှိနေတတ်ပါသည်။ ပိုးသတ် ဆေး၊ မြေဩဇာ၊ ဓာတ်ဆီ၊ အိမ်သုံးဆေး ဝါးများ၊ အဝတ်လျှော်၊ လက်ဆေးဆပ်ပြာ ရည်များ၊ ခြင်ဆေးခွေ၊ ဒါတွေ အားလုံး ကလေးအတွက် အန္တရာယ်ရှိပါသည်။

ကိုယ့်အိမ်မှာ ခြောက်လမှ သုံးနှစ် ခန့်အရွယ်အထိ ကလေးရှိပြီဆိုမှဖြင့် ကိုယ့်အိမ်တွင်း နေရာအနှံ့အပြားကို စစ် သူကြီးတစ်ယောက်ခံစစ်မျက်နှာပြင်ကို လှည့်လည်ကြည့်ရှုစစ်ဆေးသလို လှည့် လည်စစ်ဆေးပြင်ဆင်ရတော့မှာပါ။

ဆေးပုလင်းဓာတုဗေဒဆေးရည်၊ ဓာတ်ဆီ၊ အရက်ပြန်၊ ပုလင်းအားလုံး၏ အဖုံးကို ကလေးအားနှင့် ဖွင့်မရအောင် တင်းကျပ်စွာ ပိတ်ထားပါ။ တတ်နိုင်လျှင် ကလေးဖွင့်မရအောင် အဖုံးနှစ်ထပ် Safety Cap ပါသော ပုလင်းများသုံးပါ။  ကလေးမမီနိုင်သော အမြင့်တွင် ထားပါ။ တတ်နိုင်လျှင် အမြဲသော့ခတ် ထားပါ။ အသုံးမလိုတော့သော ဆေးဝါး၊ ဓာတုဗေဒ ပစ္စည်းအားလုံး ချက်ချင်းစွန့် ပစ်ပါ။

ကလေးဆေးရည်၊ ဆေးပုလင်းကို မော့သောက်လိုက်တာ၊ ဆေးလုံးကောက် စားလိုက်တာ မြင်လိုက်လျှင် ဒါမှမဟုတ် ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော ဆေး လုံး၊ ဆေးရည်များ ပုလင်းခွံတို့နှင့်အတူ မြင်လိုက်လျှင် ကလေးအဆိပ်သင့်နိုင် သော ဆေးရည်၊ ဆေးလုံးတစ်ခုခုသောက် လိုက်ပြီဟု သိသာနိုင်သည်။

သို့သော် တစ်ခါတလေလည်း အဲ သည်လောက် သိသာထင်ရှားစွာ မတွေ့ ရတာလည်း ရှိသည်။

နဂိုက ဘာကျန်းမာ ရေးပြဿနာမှ မရှိသော ကလေးမမျှော်လင့်ဘဲ ရုတ်တ ရက်သတိလစ်သွားခြင်း၊ တက်သွားခြင်း၊ ပြာနှမ်းသွားခြင်းအစရှိသော ပြဿနာ တစ်ရပ်ရပ်နှင့် ကြုံရပါက ကိုယ်မမြင် လိုက်မီ အချိန်အပိုင်းအခြားတစ်ခု အတွင်း ကလေးက အဆိပ်သင့်စေနိုင်သော ဆေးဝါး၊ ဓာတုပစ္စည်းတစ်ခုခု သောက်ထား၍ ဖြစ်နိုင်သေးသည်။

အဆိပ်သင့်စေနိုင်သော ဆေးဝါး၊ ဓာတု ဗေဒပစ္စည်းတစ်ခုခုသောက်ထား ကြောင်းသိလျှင် ကလေးကို ချက်ချင်း အန်အောင် လုပ်ပစ်နိုင်သည်။

အာခေါင် ရင်းကို လက်ညှိုးနှင့် မွှေပေးသည့်နည်း ကိုတော့ သိပ်မကြိုက်တော့ဟုပြောသည်။  အားစိုက်အန်ရာမှာ နှလုံးခုန်နှေးသွား တတ်၍ ဖြစ်သည်။

နိုင်ငံခြားမှာတော့ Ipecac ခေါ် အန်သည့် ဆေးရည်ကို တိုက်သည်။ သည်မှာတော့ ရှာရခက် သေးသည်။  အန်ချိန်မှာတော့ ကလေးကို သီးမ သွားရလေအောင် မှောက်ခုံထားပေးရ သည်။ တစ်ခါတလေ နှာခေါင်းမှတစ် ဆင့် အစာအိမ်ထဲအထိ ပိုက်ရောက်အောင် ထည့်၍ ဆားရည်ကြည်ဖြင့် သွင်းချည် ထုတ်ချည် ဆေးပေးတတ်သည်။ ဒါလည်း ဆေး၍ မဖြစ်သည့် အခြေ အနေတွေရှိသေးသည်။

ဥပမာ-သတိ လစ်နေတာမျိုး သို့မဟုတ် တက်နေတာ မျိုး။ အဲသည်လို အခြေအနေတွေမှာ ဆေးပေးလျှင် သီးသွားပြီး အဆုတ်ထဲဝင် သွားတတ်သည်။ ဆေး၍မဖြစ်သော ပစ္စည်းများလည်း ရှိသေးသည်။

ဥပမာ-ဓာတ်ဆီ၊ ရေနံဆီ၊ အရက်ပြန်။ ဒါတွေက အများကြီးသောက်မှ ဦးနှောက် အာရုံကြောကို ထိခိုက်တတ်သော်လည်း နည်းနည်းလေးအငွေ့ပြန်ပြီး သီးရုံနှင့် အဆုတ်ကို အပြင်းအထန်ထိခိုက်တတ် သည်။

ဆပ်ပြာ၊ ဆော်ဒါအစရှိသည်တို့က အစာအိမ်ထဲရောက်၍ အစာခြေရည်နှင့် တွေ့လျှင် ပျော့၍ အားပျက်ပြယ်သွား တတ်သည်။ စုပ်ထုတ်လျှင်တော့ လည် ချောင်းနံရံနှင့် တွေ့လျှင် စားသွားတတ် သည်။

ချက်ချင်းအနာဖြစ်ပြီး အနာပြန် ကျက်ချိန်တွင် အစာမျိုပြွန်ကျဉ်းသွား တတ်သည်။ ကြွက်သတ်ဆေး၊ ပိုးသတ်ဆေးလို ဟာမျိုးတွေက ပါးစပ်ထဲ သိပ်ဝင်မသွား လျှင်တောင်မှ အရေပြား၊ မျက်စိတို့မှ တစ်ဆင့် ပျော်ဝင်နိုင်သေး၍ ဆေးကြော ပစ်ရဦးမည်။ ဖြေဆေးက အမြဲမရှိပါ။ အတော်များများ အဆိပ်သင့်တတ်သော ပစ္စည်းများတွင် နောက်ဆက်တွဲပြဿနာ ပေါ်သမျှကိုသာ စောင့်ရှင်းပေးရတာမျိုး ပါ။ ပါရာစီတမော အများကြီးသောက်မိ လျှင်တော့ ဖြေဆေးက ဘာလက္ခဏာမှ မပေါ်ခင် မီအောင် ပေးရပြန်သည်။ အသည်းကို ထိခိုက်ပျက်စီးသွားပြီး နောက်တွင်မှ ဖြေဆေးပေးလျှင် ဘာမှ အကျိုး မရှိတော့။

ပီလောပီနံဥ အဆိပ်တက်တာမျိုး ကျတော့ အဆိပ်သင့်တာ သိပ်မြန်၍ သေလောက်သည့် ပမာဏ စားမိလျှင် ဆေးရုံမရောက်မီပင် သေတတ်သဖြင့် ဖြေဆေးရှိသော်လည်း လက်တွေ့တွင် အားကိုး၍မရ။ ဖြေဆေးကလည်း ရှာရမလွယ်ပါ။ ပီလောပီနံဥအခွံကို ထူထူခွာ၍ အဖုံးဖွင့်ထားသော အိုးနှင့်ပြုတ်လျှင် တော့ အဆိပ်ထွက်သွားတတ်သည်ဟု ဆိုသည်။ သို့သော် နဂိုကတည်းက အာ ဟာရတန်ဖိုးဘာမှမရှိသော အရာ။ ဘာ ကြောင့်သည်လောက် စွန့်စွန့်စားစား ကလေးကို ကျွေးရမှာတဲ့လဲ။ ကြွက်သတ်ဆေး၊ ပိုးသတ်ဆေးလို ဟာမျိုးကျတော့ ဆယ်မိနစ်တစ်ခါချိန်၍ ဆေးထိုးရပြန်သည်။ အသက်အန္တရာယ်လည်း အတော်များသည်။

နောက်ဆက်တွဲပြဿနာကတော့ မျိုးစုံပေးတတ်တာပါပဲ။ တက်နေလျှင် အတက်ကျဆေးထိုးရသည်။ သွေးပေါင် ကျလျှင် အကြောဆေးသွင်းရသည်။  ချက်ချင်းအဆိပ်သင့်တာမဟုတ်ဘဲ တဖြည်းဖြည်း သင့်တတ်သည့် အဆိပ် တစ်မျိုးရှိသေးသည်။ “ခဲ”ပါ။ ဘက်ထရီအိုးလုပ်သော အိမ်က ကလေးတွေမှာ တွေ့ရတာများသည်။ ဘက်ထရီအိုးက ခဲအငွေ့ထွက်လာတာ ကို နည်းနည်းချင်း ရှူရတာများတော့ ဦး နှောက်က ခဲဆိပ်သင့်ပြီး စာကောင်း ကောင်း မလိုက်နိုင်။ အူက ခဲဆိပ်သင့်ပြီး ခဏခဏ ဗိုက်အောင့်မည်။ အရိုးတွေက ခဲဆိပ်သင့်ပြီး ဓာတ်မှန်ရိုက်လိုက်လျှင် ခဲ အပြင်လိုက်မြင်နေရမည်။ နောက်ဆုံး တော့ ကလေးက တက်၍ သတိလစ်သွား မည်။ ပြဿနာဆိုတာ သေးတုန်းရှင်းရပါ သည်။ နောက်ဆက်တွဲ အကြီးကြီးဖြစ်သွား ပြီးမှ ငါမဆင်ခြင်ခဲ့မိလေခြင်းဟု ဘဝမှာ နောင်တမရကြစေလိုပါ။

အစကတည်းက ကလေးတွေ မတော်တဆ အဆိပ်သင့်တာရောမတော် တဆထိခိုက်တာပါ မဖြစ်ရလေအောင် အိမ်ကို ဘေးကင်းလုံခြုံစေတာ အကောင်း ဆုံးပါပဲ။

 

ရင်သွေးတို့မတော်တဆ အဆိပ်သင့်ခြင်း ဘေးမှ ကင်းဝေးကြပါစေ။

ဆန္ဒမွန်ဖြင့်

ဒေါက်တာရဲ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *