မျက်ကပ်မှန်တပ်ထားသူများ မျက်လုံးထဲပိုးဝင်ပါက မျက်စိကွယ်သွားနိုင်

မျက်စိထဲပိုးဝင်ရင် မျက်စိကွယ်သွားတဲ့အထိ ဖြစ်သွားနိုင် တဲ့အတွက် မျက်ကပ်မှန်တပ်သူတွေ သတိထားကြဖို့ ကျန်းမာ ရေးပညာရှင်တွေက သတိပေးလိုက်ပါတယ်။ Acanthamoeba keratitis ဆိုတာက မျက်ကြည်လွှာထဲ ပိုးဝင်တာဖြစ်ပြီး ပိုးဝင် ရင် အရမ်းနာပါတယ်။ မျက်ကပ်မှန်တပ်တဲ့လူတွေဟာ အဲဒီပိုး အဝင်နိုင်ဆုံးပါတဲ့။ Acanthamoeba လို့ခေါ်တဲ့ ပိုးတစ်မျိုးဝင် တာဖြစ်ပြီး အဲဒီပိုးဟာ ကန်ရေ၊ မြစ်ရေ၊ဘုံဘိုင်ရေ၊ ရေကူးကန် ထဲကရေ၊ မြေကြီးနဲ့လေထဲမှာ ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်ပိုင်းမှာ အဲဒီ ပိုးဝင်တဲ့လူ ပိုများလာတာ တွေ့ရပါသတဲ့။ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၀၃ ခုနှစ်အတွင်း အင်္ဂလန်မှာ အဲဒီပိုးဝင်သူပေါင်း ရှစ်ဦး ကနေ ၁၀ ဦးအထိပဲ ရှိပေမယ့် ၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ် အတွင်းမှာတော့ ပိုးဝင်သူဦးရေဟာ ၃၅ ယောက်ကနေ ၆၅ ယောက်အထိတက်လာပါတယ်။ ပိုးဝင်တာအခြေအနေဆိုး တယ်ဆိုရင် အမြင်အာရုံ ၂၅ ရာခိုင်နှုန်းလောက် ဆုံးရှုံးသွားနိုင် ပြီး ကုသပြီးရင်တောင် လုံးဝမျက်စိကွယ်သွားတာမျိုးလည်းဖြစ် သွားနိုင်ပါတယ်။

(Mirror, 25.4.1 ချယ်ရီ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *