မျက်စိကပြောပြနိုင်သော သင့်ကျန်းမာရေးအခြေအနေ

မျက်စိဟာ လူ့မျက်နှာပြင်ပေါ်က ဆွဲဆောင်မှုအရှိဆုံးသော ကိုယ်တွင်းအင်္ဂါတစ် ခုဖြစ်ပါတယ်။ သူက စိတ်ခံစားမှုတွေကို ဖော်ပြပေးနိုင်သလို ကျန်းမာရေးရဲ့ အခြေ အနေတွေကိုလည်း ညွှန်ပြပေးနိုင်ပါတယ်။ အများစုက ထင်ရှားတဲ့လက္ခဏာတွေ ပေါ်ပေါက်မှသာ ရောဂါရှိမှန်းသိကြပြီး အဲဒီအချိန်မှာ ရောဂါက အတော်လေးကျွမ်းနေ ပါပြီ။ ဒီလိုမဖြစ်အောင် သင့်မျက်စိကို နေ့စဉ် မှန်ထဲမှာ စစ်ဆေးကြည့်ပါ။ မျက်လုံးက သင့်မှာ ဖြစ်နိုင်တဲ့ကျန်းမာရေးအခြေအနေတွေကို ကြိုတင်ပြောပြနိုင်ပါတယ်။
မျက်ကြည်လွှာတွင် အဖြူရောင်အစက်များ ပေါ်နေခြင်း
သင်ဟာ မျက်ကပ်မှန်တပ်ရသူဖြစ်နေပြီး သင်ရဲ့ မျက်ကြည်လွှာမှာ အဖြူရောင် အစက်တွေ ပေါ်နေတယ်ဆိုရင် မျက်ကြည်လွှာမှာ အနာဖြစ်နေတာပါ။ ဘက်တီးရီးယား ဒါမှမဟုတ် မှိုပိုးကူးစက်ခံရတာကြောင့်ဖြစ်ပြီး များသောအားဖြင့်နာကျင်တတ်ပါတယ်။ ချက် ချင်းကုသမှုခံယူဖို့လိုအပ်ပါတယ်။ မကုသခဲ့ရင် နောက်ဆက်တွဲဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။
မျက်နက်ဝန်းတွင် အဖြူရောင်စက်ဝိုင်းရှိနေခြင်း
မျက်နက်ဝန်းမှာ အဖြူရောင်၊ မီးခိုးရောင်၊ အကြည်ရောင်စက်ဝိုင်းရှိနေတာက အသက်ကြီးရင်းတဲ့လက္ခဏာပါ။ သင်ဟာ အသက် ၆၀-၇၀ မဟုတ်ဘဲနဲ့ အဲဒီအဖြူ ရောင်စက်ဝိုင်းရှိနေတယ်ဆိုရင်တော့ သင့်ခန္ဓာကိုယ်ထဲမှာ ကိုလက်စထရောမြင့်မားနေ တဲ့ လက္ခဏာပါ။
မျက်စိသွေးရောင်လွှမ်းနေခြင်း
ကွန်ပျူတာကြည့်ချိန်များလွန်းတာ ဒါမှမဟုတ် အနားမယူဘဲ ဆက်တိုက် အလုပ် လုပ်နေတာကြောင့် မျက်စိအတွင်း ဖိအားတွေ ရရှိပြီး မျက်စိမှာ သွေးရောင်လွှမ်းနေတာ ဖြစ်ပါတယ်။ အဲဒီလိုအလုပ်မလုပ်ရဘဲ မျက်စိမှာ သွေးရောင်လွှမ်းနေတာက ရေတိမ် ရောဂါရဲ့ လက္ခဏာပါ။
မျက်စိခြောက်သွေ့ခြင်း
မျက်စိခြောက်သွေ့ပြီး နာကျင်တာ၊ ယားယံနေတာက ဆေးဝါးနဲ့ ဓာတ်မတည့်တာ၊ ကိုယ်ဝန်ဆောင်တာ၊ အသက်အရွယ်ကြီးရင့်တာကြောင့် ဖြစ်ပြီး စိုးရိမ်စရာမရှိပါဘူး။ ဒါပေမဲ့ Sဩါမနညဒျ လက္ခဏာစုလိုမျိုး ကျန်းမာရေးအခြေအနေတွေမှာတော့ ချက်ချင်း ဆေးဝါးကုသမှု ခံယူဖို့ လိုအပ်ပါတယ်။
မျက်လုံးနီရဲပြီး အစ်နေခြင်း
ဒီလက္ခဏာကတော့ အိပ်ရေးမ၀တာ၊ မောပန်းနေတာကြောင့်ဖြစ်တာပါ။ ဒီလိုဖြစ် တာက ခန္ခာကိုယ်ထဲက ကျန်းမာရေးပြဿနာကြောင့် ဖြစ်နိုင်တာမို့ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်။
မျက်နက်ဝန်းအနီး အဝါရောင်အစက်အပြောက်ပေါ်ခြင်း
အသက်အရွယ်ကြီးရင့်တာရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ငယ်ရွယ်စဉ် မှာ အဲဒီအစက်တွေ ဖြစ်ပေါ်ခဲ့ရင်တော့ နေရောင်နဲ့ထိတွေ့မှုများတာ ဒါမှမဟုတ် လေ ထုညစ်ညမ်းမှုကြောင့် သင့်မျက်လုံးထိခိုက်သွားတာကြောင့်ပါ။
မျက်ရည်တုအသုံးပြုရခြင်း
မျက်စိခြောက်သွေ့တာရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ သင့်မျက်ရည်ပြွန်တွေက မျက်ရည် လုံလုံလောက်လောက်မထွက်တာကြောင့်ဖြစ်ပြီး အလွယ်တကူကုသနိုင် တာမို့ စိုးရိမ်စရာမရှိပါဘူး။
အမြင်အာရုံကို အနှောင့်အယှက်ပေးခြင်း
သင်ရဲ့မြင်ကွင်းရှေ့မှာ တစ်ခုခုနဲ့ ကာထားသလို ဖြစ်နေတာပါ။ တစ်ခါတလေ မျက်ရိုးကိုက်တတ်ပါတယ်။ ကုသနိုင်တဲ့နည်းလမ်းမရှိပေမယ့် သင့်ကျန်းမာရေးအတွက် ဆိုးဆိုးရွားရွားမဖြစ်စေနိုင်ပါဘူး။
အမြင်ဝေဝါးခြင်း
အတွင်းတိမ်ရောဂါနဲ့ ဆီးချိုရောဂါလိုမျိုး ကျန်းမာရေးပြဿနာတွေကြောင့် အမြင်ဝေဝါးနိုင်ပါတယ်။ အန္တရာယ်ရှိတာမို့ ဆရာဝန်နဲ့ မဖြစ်မနေ ပြသသင့်ပါတယ်။
မျက်ခမ်းလှုပ်ခြင်း
နာတာရှည်စိတ်ဖိစီးမှုများတဲ့လက္ခဏာဖြစ်ပါတယ်။ အန္တရာယ်မရှိလှပေမယ့် ကိုယ်အလေးချိန်တက်တာလိုမျိုး တခြားကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ပါတယ်။
မျက်ခုံးပါးခြင်း
သိုင်းရွိုက်ရောဂါရဲ့ လက္ခဏာတစ်မျိုးဖြစ်တာကြောင့် ဆရာဝန်နဲ့ စမ်းသပ်စစ် ဆေးမှုခံယူသင့်ပါတယ်။
မျက်စိပြူးထွက်ခြင်း
သင်ရဲ့ မျိုးရိုးဗီဇကြောင့် သဘာဝအတိုင်း မျက်လုံးပြူးနေနိုင်ပါတယ်။ ဒါပေမဲ့ ရုတ်တရက်မျက်လုံးပြူးထွက်လာတာကတော့ သိုင်းရွိုက်ပြဿနာကြောင့် ဖြစ်ပါ တယ်။
အမြင်နှစ်ထပ်ဖြစ်ခြင်း
ခေါင်းမူးတာ ဒါမှမဟုတ် လေဖြတ်ထားတာကြောင့် အမြင်နှစ်ထပ်မြင်ရနိုင်ပါ တယ်။ ရုတ်တရက်အမြင်ဆုံးရှုံးတာ၊ အမြင်မကြည်လင်တာကလည်း အဲဒီပြဿနာတွေ ကြောင့်ပါပဲ။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *