မျက်စိရောဂါကင်းဝေးအောင် အင်တီအောက်ဆီးဒင့် စားရအောင်

အင်တီအောက်ဆီးဒင့်တွေက နှလုံး ရောဂါ၊ ခန္ဓာကိုယ်ခုခံအားစနစ်နဲ့ ကင် ဆာရောဂါတွေ မဖြစ်အောင် ကာကွယ် ပေးနိုင်တဲ့အပြင် မျက်စိရောဂါတွေကင်း ဝေးအောင်လည်း ကာကွယ်ပေးနိုင်ပါ တယ်။

အင်တီအောက်ဆီးဒင့်များ

ဗီတာမင် စီ၊ ဗီတာမင် အီး၊ ဗီတာမင် အေစတဲ့ အင်တီအောက်ဆီးဒင့်တွေကို ခန္ဓာကိုယ်အတွက် လုံလောက်စွာ ဖြည့် စွက်ထားပါက အသက်ကြီးတာကြောင့် ဖြစ်လာတဲ့ အမြင်မှုန်ဝါးလာတာ၊ အတွင်း တိမ်ဖြစ်တာတွေအပြင် တခြားမျက်စိရော ဂါတွေကို ဖြစ်ပွားမှုမှ ကင်းဝေးနိုင်ပါတယ်။

အင်တီအောက်ဆီးဒင့် ရရှိနိုင်သည်များ

အင်တီအောက်ဆီးဒင့်တွေကို သစ် သီးနဲ့ ဟင်းသီးဟင်းရွက်တွေကနေ ရရှိ နိုင်ပါတယ်။ အသီးအရွက်တွေရဲ့ အရောင် အသွေးမြင့်မားမှုက အင်တီအောက်ဆီး ဒင့်ပါဝင်မှုနဲ့ ဆက်စပ်နေပါတယ်။ အသီး အရွက်တွေရဲ့အရောင်ရင့်လေ အင်တီ အောက်ဆီးဒင့်ပါဝင်မှု များလေပါ။

အင်တီအောက်ဆီးဒင့်အပြည့်အဝရရှိ နိုင်ရန်

အသီးအရွက်တွေကို အစိမ်းအ တိုင်း စားသုံးမှသာ အင်တီအောက်ဆီးဒင့် တွေကို များများရနိုင်ပါတယ်။ ချက်ပြုတ် လိုက်တာ၊ ကြာရှည်ခံအောင်ပြုပြင်ထား တာ၊ အခြောက်ခံတာ၊ အေးခဲထားတာ တွေက အင်တီအောက်ဆီးဒင့်ပါဝင်မှုကို လျော့နည်းစေပါတယ်။ သင့်မျက်စိအမြင် အာရုံတွေ ဘ၀တစ်လျှောက်လုံး ကောင်း နေဖို့ အင်တီအောက်ဆီးဒင့်ကို သဘာဝ ကနေ လုံလောက်စွာမရှိရင်တော့ ဖြည့် စွက်သောက်သုံးသင့်ပါတယ်။

ဗီတာမင် အေ

ဗီတာမင်အေက မျက်စိမြင်လွှာရဲ့ လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ဖို့အ တွက် မရှိမဖြစ်လိုအပ်ပါတယ်။ ခန္ဓာကိုယ် မှာ ဗီတာမင်အေ လုံလောက်ပါက ကြက် မျက်သင့်ရောဂါ မဖြစ်ပွားအောင် ကာ ကွယ်နိုင်ပါတယ်။ ဗီတာမင် အေက အ သက်ကြီးတာကြောင့် ဖြစ်လာတဲ့ မျက်စိ အမြင်အာရုံချို့ယွင်းနိုင်ခြေကို လျော့ နည်းစေပါတယ်။ အသက်ကြီးလို့ဖြစ်လာ တဲ့ မျက်စိအမြင်အာရုံချို့ယွင်းတာနဲ့ မျက်စိတိမ်စွဲတာတွေမဖြစ်အောင် ကာ ကွယ်ဖို့ ခန္ဓာကိုယ်မှာ ဗီတာမင် အေဓာတ် လုံလောက်နေဖို့ လိုပါတယ်။
ဥအမျိုးမျိုး၊ အသည်း၊ မုန်လာဥ၊ ဟင်းနုနယ်ရွက်၊ လတ်ဆတ်သော သစ် သီး၊ နွားနို့။

ဗီတာမင် စီ
ဗီတာမင် စီက အရိုးတွေနဲ့ ကြွက် သားတွေကို သန်စွမ်းကျန်းမာစေပါတယ်။ ခုခံအားစနစ်ကို ကောင်းမွန်စေပြီး သွား၊ သွားဖုံးနဲ့ မျက်စိရောဂါတွေရဲ့ ဖြစ်နိုင်ခြေ တွေကို လျှော့ချပေးပါတယ်။ ဗီတာမင် စီ က အင်တီအောက်ဆီးဒင့်ဖြစ်ပြီး အ သက်ကြီးတာကြောင့်ဖြစ်လာတဲ့ အမြင် မှုန်ဝါးတာနဲ့ မျက်စိတိမ်စွဲတာတွေ မဖြစ် အောင် ကာကွယ်ပေးပါတယ်။
အချဉ်အရသာရှိသာ သစ်သီး၊ ငရုတ်သီးစိမ်း၊ စတော်ဘယ်ရီသီး၊ ပန်း ဂေါ်ဖီစိမ်း၊ ကန်စွန်းဥ။

ဗီတာမင် အီး
အင်တီအောက်ဆီးဒင့်တစ်မျိုးဖြစ် တဲ့ ဗီတာမင် အီးက အယ်လ်ဇိုင်းမားရော ဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ ကင် ဆာရောဂါတွေရဲ့ ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်ပါတယ်။ ဗီတာမင် အီးက မျက်စိတိမ်စွဲတာ မဖြစ်အောင် ကာကွယ် ပေးပြီး မျက်စိတိမ်စွဲနေသူတွေမှာ ရောဂါ တိုးပွားမှုကို နှေးစေပါတယ်။
အစေ့အဆန်၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်၊ ဗီတာမင်အီးဖြည့်စွက် ထားသော ကွေကာ။

ဆီလီနီယမ်နှင့် ဇင့်
ဆီလီနီယမ်နဲ့ ဇင့်ဓာတ်တွေက ခန္ဓာ ကိုယ်တွင်းကို အင်တီအောက်ဆီးဒင့်စုပ် ယူမှုကို အားပေးတဲ့အပြင် အင်တီအောက် ဆီးဒင့်တွေရဲ့ လုပ်ဆောင်မှုတွေကို ကူ ညီပေးပြီး မျက်လုံးရောဂါတွေ ဖြစ်ပွားမှု မှ ကာကွယ်ပေးပါတယ်။
သစ်ချသီး၊ ပေါင်မုန့်ညို၊ ဆန်လုံး ညို၊ ချိစ်တို့ကနေ ဆီလီနီယမ် ရရှိနိုင်ပြီး ချိစ်၊ ဒိန်ချဉ်၊ အနီရောင်အသား၊ ဝက် သား၊ ဇင့်ဓာတ်ဖြည့်ထားသော ကွေကာ တို့ကနေ ဇင့်ဓာတ်ကို ရရှိနိုင်ပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *