မျက်မှန်စွဲစွဲမြဲမြဲတပ်လိုက်ရင် မျက်စိမှုန်တာ သက်သာသွားနိုင်လား

မျက်မှန်တပ်တာနဲ့ပတ်သက်ပြီး လူတွေအ ကြားမှာ အယူအဆတွေ ရှိကြပါတယ်။ မှန် သလား၊ မှားသလားဆိုတာကို ဆရာနဲ့ ဆွေး နွေးချင်ပါတယ်။
မျက်စိနဲ့ ပတ်သက်တဲ့ အယူအဆ တွေက လူတွေကြားထဲမှာ ပျံ့နှံ့နေတာ အမျိုးမျိုးရှိပါတယ်။ အဲဒီအထဲက ဆရာ တို့ဆီကိုရောက်လာတဲ့ လူနာအများစုမှာ တွေ့ရတဲ့ အယူအဆအမှားတွေအ ကြောင်းကို ပြောပြချင်ပါတယ်။ အများ ဆုံးတွေ့ရတဲ့ အယူအဆက မျက်မှန်နဲ့ ပတ်သက်ပြီးတော့ ဖြစ်ပါတယ်။

မျက်မှန်တပ်တာကြောင့် မျက်စိပါဝါ တိုးလာ တယ်၊ တချို့လည်း လျော့သွားတယ်လို့ ထင် ကြတာ မှန်ကန်မှုရှိပါသလားဆရာ။
တချို့လူတွေက မျက်မှန်ကို စွဲစွဲမြဲမြဲ တပ်လိုက်ရင် မျက်မှန်ပါဝါ လျော့သွား တယ်လို့ ထင်ကြသလို တချို့ကျတော့ လည်း မျက်မှန်တပ်တာကြောင့် မျက်မှန် ပါဝါ တိုးလာတယ်လို့ ထင်နေကြပါတယ်။ တချို့ကျတော့လည်း မျက်မှန်ကို စွဲစွဲမြဲမြဲ တပ်ရင် မျက်မှန်ပါဝါ အနုတ်တစ် ကနေ ၀ ဒသမ ၅ ဖြစ်သွားမလားလို့ ထင် ကြတယ်။ မဟုတ်ပါဘူး။ မျက်မှန်ပါဝါက မျက်လုံးရဲ့ Curvature နဲ့ Axial Length ပေါ်မှာ မူတည်ပါတယ်။ ဒါက အရွယ်နဲ့အလိုက် ပြောင်းလဲနေပါတယ်။ ဥပမာအားဖြင့် အဝေးပါဝါ (အနုတ်ပါဝါ) က Axial Length ပေါ်မှာ မူတည်ပါ တယ်။ Axial Length က ရှည်လာရင် အနုတ်ပါဝါက များလာတတ်ပါတယ်။
အသက် ၁၂ နှစ်အရွယ်ကလေး တစ်ယောက်က မျက်မှန်ပါဝါ အနုတ်တစ် ကို တပ်ထားတယ်။ တစ်နှစ်ကြာလို့ ပြန် စမ်းလိုက်တော့ အနုတ် ၁ ဒသမ ၅ ဖြစ် သွားတယ်။ နောက်တစ်နှစ်ကျတော့ အနုတ်နှစ်ဖြစ်သွားတယ်။ ဒီတော့ မိခင် ဖြစ်သူက ]ကျွန်မသား မျက်မှန်တပ်လို့ ပါဝါတိုးလာတာထင်တယ်} ဆိုပြီးပြော တတ်ကြတယ်။ တကယ်တော့ မဟုတ်ပါ ဘူး။ အရွယ်နဲ့လိုက်တဲ့ ပြောင်းလဲမှု ဖြစ် လာတာပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ် ဖွံ့ဖြိုး မှုရှိနေသမျှ မျက်စိပါဝါကလည်း လိုက် တက်နေမှာပါပဲ။

ဘယ်အချိန်မှာ မျက်စိပါဝါတက်တာက ရပ် သွားနိုင်ပါသလဲဆရာ။
ပုံမှန်ဆိုရင် အသက် ၂၁ နှစ်လောက် အထိ မျက်မှန်ပါဝါ တက်နေနိုင်ပါတယ်။ ၂၁ နှစ်မှာ ခန္ဓာကိုယ်နဲ့ အရပ်အမောင်း ဖွံ့ဖြိုးမှုက ရပ်သွားပြီဆိုရင် Eye Ball  ရဲ့ Axial Length ရှည်တာ ရပ်သွားရင် မျက်စိပါဝါ တက်တာလည်း ရပ်သွားမှာ ဖြစ်ပါတယ်။

တချို့တွေက ငယ်ငယ်ကတည်းက မျက်မှန် တပ်လာပြီး အသက်ကြီးလာမှ မျက်မှန် ပါဝါ လျော့သွားတတ်ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး လည်း ရှင်းပြပေးပါဆရာ။
တချို့လူနာတွေကျတော့လည်း မျက်မှန်ကို ငယ်ငယ်လေးကတည်းက တပ်လာတာ၊ ကြီးလာတော့ ပါဝါ လျော့ သွားတယ်လို့ ပြောကြတယ်။ ဒါက ဘယ် လို ဖြစ်လာလဲဆိုတော့ ငယ်ငယ်ကတည်း က အနုတ်ပါဝါ တပ်ခဲ့တယ်။ အသက် ၄၀ အရွယ်ရောက်တော့ မျက်မှန်က အပေါင်းပါဝါ ဝင်လာတယ်။ အနုတ်ပါဝါနဲ့ အပေါင်းပါဝါကျတော့ မျက်မှန်လွတ်သွား တယ်။ အဝေးကိုတော့ မှုန်တယ်၊ အနီးကို တော့ မြင်ရတော့ မျက်မှန်မတပ်ရတော့ ဘူး။ ဒါ ငယ်ငယ်ကတည်းက မျက်မှန်ကို စွဲစွဲမြဲမြဲတပ်လာတဲ့ အကျိုးကျေးဇူးပဲလို့ ပြောကြတယ်။ ဒါလည်း မဟုတ်ပါဘူး။

မဟုတ်ဘူးဆိုရင် ဘာကြောင့် ဒီလိုဖြစ်လာ တာလဲဆိုတာနဲ့ပတ်သက်ပြီး ရှင်းပြပေးပါ ဆရာ။
အတွင်းတိမ်ရောဂါ (Cataract) အမျိုးအစားတစ်ခုဖြစ်တဲ့ Nuclear Sclerosis ဖြစ်ရင် မျက်မှန်က အနုတ်ဘက် ကို ရောက်သွားတယ်။ အဲဒီတော့ အ သက် ၅၀ အရွယ်မှာ အပေါင်းနှစ်တပ် ထားတော့ အနုတ်ပါဝါဝင်လာတဲ့အခါ ကျေသွားပြီး သုညပါဝါ ဖြစ်သွားတယ်။ ဒါပေမဲ့ အဝေးကိုတော့ မှုန်တယ်၊ အနီးကို မြင်တယ်။ ဒီလိုလူနာတွေက မျက်စိအထူးကုဆရာဝန်တွေဆီ လာ ပြတဲ့အခါ }ဆရာ . . ကျွန်မ မျက်မှန်ပါဝါ လွတ်သွားပြီ} ဆိုပြီး ဝမ်းသာအားရပြော ကြတယ်။ ဒါ အတွင်းတိမ်ဝင်နေပြီဆိုတာ ဆရာတို့က သိလိုက်ပါတယ်။ သူတို့ကတော့ ငယ်ငယ်ကတည်းက မျက်မှန်ကို ဂရုတ စိုက်တပ်ခဲ့လို့ အသက် ၅၀ အရွယ်မှာ မျက်မှန်ပါဝါ လွတ်သွားတယ်လို့ ထင်နေ ခဲ့ကြတယ်။ တချို့ကျတော့လည်း ]မျက် လုံးက ကောင်းလာလိုက်တာ၊ အပ်ပေါက် တောင် မြင်ရပြီ} လို့ ပြောကြတယ်။ သား သမီးတွေက ]အမေ အပ်ပေါက်တောင် မြင်ရပြီဆိုတော့ ဒါဟာ ကျွန်မတို့က ဗီ တာမင်အားဆေးတွေ အမြဲတိုက်လို့ ထင် တယ်} ဆိုပြီးလည်း ပြောတတ်ကြပါ သေးတယ်။ တကယ်တော့ မဟုတ်ပါဘူး။ ဒါတွေက မျက်လုံးမှာ အတွင်းတိမ်ဝင် နေတဲ့ အခြေအနေပါ။

တချို့နယ်တွေမှာ အတွင်းတိမ်ရောဂါကို မိုး ကြိုးသွားနဲ့ ကုသကြတယ်ဆိုပြီး ပြောကြပါ တယ်။ ဒါနဲ့ပတ်သက်ပြီး ဘယ်လို သက် ရောက်မှုတွေ ရှိနိုင်ပါသလဲဆရာ။
နယ်ကလူနာတွေကတော့ မိုးကြိုး သွားနဲ့ကုရင် အတွင်းတိမ်ရောဂါ ပျောက် တယ်ဆိုပြီး ထင်တတ်ကြပါတယ်။ အတွင်းတိမ်ရောဂါကို မိုးကြိုးသွားနဲ့ ကုသပြီး နောက်ဆက်တွဲ ပြဿနာတွေနဲ့ ရောက်လာတဲ့ လူနာတွေကို ရန်ကုန်မှာ တော့ သိပ်မတွေ့ရပေမယ့် မော်လမြိုင် မှာတာဝန်ထမ်းဆောင်စဉ်က လူနာနှစ်ဦး၊ သုံးဦးလောက်အထိ ဆရာတွေ့ဖူးပါ တယ်။ ရန်ကုန်မှာတော့ အတွင်းတိမ်ရော ဂါကို မိုးကြိုးသွားနဲ့ ကုတဲ့လူနာ မတွေ့ သေးပါဘူး။ ဒါပေမဲ့ မိုးကြိုးသွားနဲ့ကုရင် အတွင်းတိမ်ရောဂါပျောက်နိုင်တယ်ဆိုတဲ့ အယူအဆအမှားတွေကို လက်ကိုင် ထားကြတာတော့ တွေ့ဖူးပါတယ်။
နယ်တွေမှာဆိုရင် အတွင်းတိမ်ရော ဂါကို မိုးကြိုးသွားနဲ့ လက်တွေ့ကုနေတာ ရှိနေပါသေးတယ်။ အတွင်းတိမ်ကို မိုးကြိုး သွားနဲ့ ကုတယ်ဆိုတာက မိုးကြိုးသွားနဲ့ အတွင်းတိမ်ကို တွန်းထုတ်လိုက်တော့ Vitreous Cavity ထဲကို ကျသွားပါ တယ်။ အဲဒီလို ကျသွားတော့ ရှေ့မှာလွတ် သွားတဲ့အတွက် တစ်ပေအကွာလောက် ကို မြင်ရတယ်။ အဲဒီတော့ လူနာက ဝမ်းသာသွားတယ်။ အဲဒီလိုမိုးကြိုးသွားနဲ့ အတွင်းတိမ်ကို ကုသပြီးတဲ့အခါမှာ နောက်ဆက်တွဲအနေနဲ့ ဘာဖြစ်တတ် သလဲဆိုတော့ အတွင်းတိမ်က Vitreous Cavity ထဲကို မလိုလားအပ်ဘဲ ဝင်နေ တာဖြစ်တဲ့အတွက် ရေတိမ်ဝင်လာနိုင်ပါ တယ်၊ သူငယ်အိမ်ရောင်နိုင်တယ်၊ အဲဒီကနေတစ်ဆင့် မျက်စိတောင် ကွယ် သွားနိုင်ပါတယ်။ မိုးကြိုးသွားနဲ့ကုသတာ က လတ်တလောကောင်းပေမယ့် ရေရှည် မှာ လုံးဝ မကောင်းနိုင်ပါဘူး။
ဒီခေတ်မှာတော့ မိုးကြိုးသွားနဲ့ ကုတဲ့ခေတ်က အတော်ကုန်သွားပါပြီ။ လူအတော်များများကလည်း အတွင်းတိမ် ဖြစ်ရင် ခွဲစိတ်လိုက်တာ ကောင်းတယ်ဆို တဲ့ အယူအဆကို လက်ခံလာကြပါပြီ။ ဒါ ပေမဲ့ တချို့နယ်တွေမှာ ခွဲစိတ်ရမှာကို ကြောက်တယ်ဆိုတဲ့ လူနာတွေက မိုး ကြိုးသွားနဲ့ ကုသမှု ခံယူနေသေးတာကို တွေ့ရပါတယ်။ မိုးကြိုးသွားဆိုတာက လည်း တကယ့်ကို မိုးကြိုးသွား ဟုတ်ချင် မှလည်း ဟုတ်ပါလိမ့်မယ်။ မျက်စိအတွင်း တိမ်ကို သံထည်တစ်ခုခုနဲ့ ကျွတ်အောင် ထိုးရင်လည်း ရတာပဲ။ အဲဒီလို အထိုးခံ လိုက်ရတဲ့အခါ လူနာအနေနဲ့ မျက်လုံးကို လက်သီးနဲ့ အထိုးခံရသလို နာကျင်သွား တတ်ပါတယ်။

ပါမောက္ခဦးတင်ဝင်း
မျက်စိအထူးကုဆရာဝန်ကြီး

Post Author: Good Health Journal