မျက်လုံးတစ်ဝိုက်ကအဆီဖုတွေကိုဘယ်လိုဖယ်ရှားမလဲ..

မျက်လုံးတစ်ဝိုက် အထူးသဖြင့် အ ပေါ်မျက်ခွံထောင့်ဘက်မှာ အဝါရောင် ခပ်ဖျော့ဖျော့ အဆီအဖုလေးတွေ ရှိနေ ပါသလား။ ကိုလက်စထရောအဆီတွေ စုပုံရာက ဖြစ်လာတာပါ။ လူကို ဒုက္ခမပေး ပေမယ့် မျက်နှာပေါ်မှာဆိုတော့ အလှ ပျက်စေပါတယ်။

ကြက်သွန်ဖြူ
ကြက်သွန်ဖြူနဲ့ မျက်ဝန်းတစ်ဝိုက် က အဆီဖုလေးတွေကို ဖယ်ရှားနိုင်ပါ တယ်။ ကြက်သွန်ဖြူ အမြွှာကို ထက်ခြမ်း ခြမ်းပြီး အဆီဖုပေါ် ပွတ်ပေးနိုင်ပါတယ်။ ရက်အနည်းငယ်လောက် ပြုလုပ်ရမှာဖြစ် ပါတယ်။ ပူစပ်ပူလောင် ခံစားမှု ဖြစ်နိုင်ပါ တယ်။ အထူးသဖြင့် မျက်လုံးနဲ့ ကပ်နေ တာကြောင့် မျက်လုံးထဲ မဝင်အောင် သ တိထားဖို့ လိုပါတယ်။

ကြက်သွန်နီ
ကြက်သွန်ဖြူရော ကြက်သွန်နီပါ အရေပြားမှာ ထွက်နေတဲ့ အဖုလေးတွေ အတွက် အသုံးဝင်ပါတယ်။ ကြက်သွန်နီ ကို ပါးပါးလှီးဖြတ်ပြီး အရည်ညှစ်ပါ။ ဆား အနည်းငယ်ထည့်ပြီး အဆီဖုလေးတွေ ပေါ် လိမ်းပေးပါ။ ညအိပ်ရာဝင်ခါနီးမှာ လိမ်းထားပြီး မနက်မိုးလင်းတဲ့အခါ မျက် နှာသစ်လိုက်ပါ။

ငှက်ပျောခွံ
ငှက်ပျောခွံကို စတုရန်းပုံ ခပ်သေး သေးလေးတွေလှီးဖြတ်ပြီး အဆီဖုတွေ ပေါ်ကပ်ပေးပါ။ ည အိပ်ရာမဝင်ခင် ပြု လုပ်ပြီး အိပ်ရာဝင်ပါ။ အရေပြားမှာ ကပ် နေစေဖို့တိတ် ဒါမှမဟုတ် ပတ်တီးအသုံး ပြုပါ။ နေ့စဉ် ပြုလုပ်ပေးမယ်ဆိုရင် ရက် အနည်းငယ်အတွင်းသိသာလာပါလိမ့်မယ်။

ကြက်ဆူဆီ
မျက်ဝန်းတစ်ဝိုက်က အဆီဖုလေး တွေအတွက် ကြက်ဆူဆီကိုလည်း သုံး နိုင်ပါတယ်။ ကြက်ဆူဆီကို ဂွမ်းနဲ့တို့ယူ ပြီး အဆီဖုပေါ်လိမ်းပေးပါ။ ရက်အနည်း ငယ်ကြာ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal