မျက်ဝန်းတောက်ပစေတဲ့အလေ့အကျင့်ကောင်းတွေ မွေးမြူရအောင်

မျက်နှာအလှအပကို ဂရုတစိုက်ပြင်ဆင်မယ်ဆိုရင် မျက်ဝန်းတစ်စုံကို လည်း အလေးမထားလို့မရပါဘူး။ မျက်ဝန်းရဲ့လှပမှုက တစ်ဖက်သားရဲ့ စိတ် ကိုညှိုငင်ဖမ်းစားနိုင်ပါတယ်။ မျက်ဝန်းတစ်စုံ လှပဖို့ဆိုရင်တော့ ပြင်ဆင်မှုတွေ ကို ဆောင်ရွက်ရုံတင်မရပါဘူး။ အလေ့အကျင့်ကောင်းတွေ ရှိနေဖို့လည်း လို အပ်ပါတယ်။

ကိုယ်တွင်းပိုင်းကို အားဖြည့်ပါ
ခန္ဓာကိုယ်တွင်းပိုင်းစနစ်တွေ လုပ် ဆောင်ချက် ကောင်းမွန်နေစေဖို့အတွက် နေ့စဉ် ရေ လုံလောက်စွာ သောက်သုံးဖို့ လိုအပ်ပါတယ်။ ရေသောက်နည်းတာက ခန္ဓာကိုယ်တွင်း ရေဓာတ်လိုအပ်မှုဖြစ်စေ ပြီး မျက်ဝန်းတွေကိုလည်း အရောင်မွဲစေ ပါတယ်။ တစ်နေ့ကို ရေတစ်လီတာနဲ့ အထက် သောက်နိုင်အောင် ကြိုးစားပါ။

ဗီတာမင်လုံလောက်ပါစေ
ဗီတာမင်အေနဲ့ ဗီတာမင် စီက မျက် ဝန်းကျန်းမာရေးအတွက် အရေးပါပါ တယ်။ ဗီတာမင် အေ ကြွယ်ဝတဲ့ အစား အစာတွေဖြစ်တဲ့ မုန်လာဥနီ၊ ကန်ဇွန်းဥ၊ ဟင်းနုနယ်၊ မာလကာသီး၊ အချဉ်ဓာတ် ရှိတဲ့အသီးတွေ၊ သဘောFသီးစတဲ့ အသီး အနှံတွေကို မှီဝဲဖို့ လိုပါတယ်။ ဖော်ပြပါ ဗီတာမင်တွေက နာမကျန်းဖြစ်တာကို ကာကွယ်ပေးနိုင်ပြီး မျက်ဝန်းကိုလည်း ကြည်လင်တောက်ပနေစေပါတယ်။

အိုမီဂါ – 3
အိုမီဂါ-3ကိုလည်းမျက်ဝန်းကြည် လင်လှပစေဖို့မှီဝဲသင့်ပါတယ်။ အိုမီဂါ-၃ ကို ငါးအဆီကနေရနိုင်ပြီး ငါးမစားသူတွေ အနေနဲ့ ဆေးတောင့်အမျိုးအစားဝယ်ပြီး တစ်နေ့ကို နှစ်ကြိမ်ဖြည့်စွက် သောက်သုံး နိုင်ပါတယ်။

အရောင်စုံ အသီးအနှံများ
အရောင်အသွေးစုံလင်လှတဲ့ အသီး တွေဖြစ်တဲ့ မုန်လာဥနီ၊ ခရမ်းရောင်ဂေါ်ဖီ ထုပ်၊ နဂါးမောက်သီး၊ သလဲသီးစတဲ့အသီး အနှံတွေထဲမှာ ဘီတာကယ်ရိုတင်းတွေ ပါဝင်ပြီး ရောင်ခြယ်ပစ္စည်းတွေက သင့် မျက်ဝန်းတောက်ပနေစေဖို့နဲ့ အမြင်အာ ရုံကောင်းစေဖို့အကူညီပေးနိုင်ပါလိမ့်မယ်။

နေရောင်ခြည်မထိပါစေနှင့်
မျက်ဝန်းကို နေရောင်ခြည် မကြာ ခဏဆိုသလို ထိတွေ့တာကြောင့် နေ ရောင်ခြည်ထဲမှာပါဝင်တဲ့ ခရမ်းလွန်ရောင် ခြည်က မျက်ဝန်းကို ထိခိုက်စေပြီး မျက် ဝန်းအရောင်ကိုထိခိုက်စေတဲ့အပြင် မျက် စိတိမ်စွဲတဲ့အထိလည်း ဖြစ်နိုင်ပါတယ်။ နေပူထဲထွက်ချိန်မှာ မျက်ဝန်းတစ်ဝိုက်ကို မျက်မှန်နဲ့ကာကွယ်တာမျိုး၊ ဦးထုပ်အ ကြီး စောင်းတာလိုမျိုးတွေပြုလုပ်ပြီး ကာ ကွယ်ပါ။ နေပူထဲက ပြန်လာချိန်မှာလည်း အရမ်းအေးတဲ့အခန်းထဲကို ချက်ချင်း မဝင်ဘဲ အခန်းအပူချိန်မှာ ခဏလောက် နားပြီးမှ အအေးခန်းထဲကို ဝင်ပါ။

မျက်လုံးလေ့ကျင့်ခန်း လုပ်ပါ
မျက်လုံးကို တင်းတင်းကျပ်ကျပ် စုံမှိတ်ထားလိုက်ပြီး ခဏနေပါ၊ ပြီးနောက် သင်တတ်နိုင်သလောက်မျက်လုံးကို ပြူး
ကြည့်လိုက်ပါ။ ဖော်ပြပါလေ့ကျင့်မှုကို ခဏကြာပြုလုပ်ပြီး မျက်ဝန်းက လင်းခနဲ လက်သွားတဲ့ခံစားချက်ကို ရယူပါ။ မျက် ဝန်းဘေးတစ်ဝိုက်က ကြွက်သားတွေရဲ့ လုပ်ဆောင်ချက်ကောင်းမွန်စေပြီး ကြည့် လို့လည်း ပိုကောင်းလာစေပါတယ်။

ပန်းသီးအရည်သုံးပါ
ပန်းသီးကို အရည်ညှစ်ယူပြီး ဂွမ်း ဖက်ကို စိမ်ထားလိုက်ပါ။ ပန်းသီးအရည်စို နေတဲ့ ဂွမ်းဖက်ကိုမျက်ဝန်းတွေပေါ်မှာ မိ နစ် အနည်းငယ်လောက် အုပ်ထားပေးပြီး အနားယူနေပါ။ မျက်လုံးညောင်းညာတာ၊ ကြည့်မကောင်းတာ၊ ဝေဝါးတာတွေ မရှိ ဘဲ ကြည့်လို့ကောင်းစေပါလိမ့်မယ်။ သ ခွားသီးကိုလည်း ဖော်ပြပါနည်းလမ်းအ တိုင်း ပြုလုပ်နိုင်ပါတယ်။

မျက်ဝန်းတစ်ဝိုက် မိတ်ကပ်တွေဖယ် ရှားပါ
မျက်ဝန်းတဝိုက်မှာ လိမ်းထားတဲ့ မိတ်ကပ်တွေကို ညအိပ်ရာဝင်တိုင်း သေ ချာစွာဖျက်ပြီး သန့်စင်ဖို့ ဘယ်တော့မှ မမေ့ပါနဲ့။

ယောဂလေ့ကျင့်ပါ
ယောဂလို၊ အသက်ရှူလေ့ကျင့်ခန်း လိုမျိုးတွေကို ပုံမှန်လေ့ကျင့်ပေးတာက လည်း သင့်မျက်ဝန်းကြည်လင်စေဖို့ အ ထောက်အကူပြုပါတယ်။
ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *