မျက်တောင်မွေးလေး . . . ရှည်စေချင်

မိန်းကလေးတိုင်းက ကော့ညွတ်ထူထဲနေတဲ့ မျက်တောင်လေးတွေ ပိုင်ဆိုင်ချင်ကြပါတယ်။ ရှည်လျားကော့ညွတ်တဲ့ မျက်တောင်လေးတွေက မျက်ဝန်းအလှကို ပိုမိုပေါ်လွင်စေလို့ပါ။ ဒီနေ့ခေတ်မှာတော့ မျက်တောင်လေးတွေ လှပဖို့ မျက်တောင်ကော့ဆေး၊ မျက်တောင်အတုတွေ ပေါ်လာပါပြီ။ ဒါတင် မကသေးပါဘူး၊ ပုံသေမျက်တောင်ဆက်တာပါ ရှိလာပါပြီ။

မိန်းကလေးအတော်များများက လှဖို့ဆိုရင် အကုန်စမ်းကြည့်ချင်ကြတာများပါတယ်။ မျက်တောင်ဆက်ဖို့ စဉ်းစားထားရင် မျက်တောင်ဆက်တာနဲ့ ပတ်သက်လို့ သတိပြုသင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

သင့်ကို မျက်တောင်ဆက်ပေးမယ့်သူရဲ့ ကျွမ်းကျင်မှုက အရေးကြီးပါတယ်။ မကျွမ်းကျင်တဲ့သူက မျက်တောင်မှာမဆက်ဘဲ မျက်တောင်မွေးတုတွေကို မျက်ခွံလွှာပေါ်မှာဆက်မိနိုင်ပါတယ်။ ဒီအခါ မျက်ခွံလွှာမှာ အလာဂျီဖြစ်ပြီး ယားယံတာ၊ နီမြန်းတာတွေ ဖြစ်လာနိုင် ပါတယ်။

မူလမျက်တောင်မွေးတစ်ချောင်းတည်းပေါ်မှာ မျက်တောင်မွေးတုတွေ အစုလိုက် အပြုံလိုက် ဆက်မိရင်လည်း နဂိုမျက်တောင်က အလေးချိန်ကို မခံနိုင်ဘဲ အချိန်မတန်ခင်မှာ ကျွတ်သွားနိုင်ပါတယ်။

မျက်တောင်အတုဆက်ဖို့ ကော်မှာ ဖော်မယ်ဒီဟိုက် ပါဝင်နိုင်ပါတယ်။ တချို့လူတွေမှာ ဒီဓာတုပစ္စည်းနဲ့ မတည့်တဲ့အခါ အလာဂျီဖြစ်နိုင်ပါတယ်။ မျက်တောင်ဆက်ဖို့အတွက် သုံးတဲ့ ကော်ရဲ့အရည်အသွေးကိုလည်း အထူးဂရုစိုက်သင့်ပါတယ်။

 

ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *