“မျက်နှာမပါဘဲမွေးသည့်ကလေး ကိုးနှစ်ပြည့်၍ ဆရာဝန်များမယုံနိုင်အောင်ဖြစ်”

ဘရာဇီးနိုင်ငံက ကလေးတစ် ယောက်ဟာ ရှားပါးရောဂါတစ်မျိုးကြောင့် မွေးကတည်းက မျက်နှာမပါပါဘူး။ ဒါ ပေမဲ့ သူဟာ မိဘမေတ္တာကြောင့် အခု ဆိုရင် အသက်ကိုးနှစ် တင်းတင်းပြည့် သွားပါပြီ။ Treacher Collins ဆိုတဲ့ ရောဂါလက္ခဏာစုကြောင့် သူ့မျက်နှာက အရိုးပေါင်း ၄၀ မဖွံ့ဖြိုးနိုင်ဘဲ မျက်နှာက မျက်နှာပုံတောင် မပေါ်တာပါ။

သူ့မျက် လုံး၊ ပါးစပ်၊ နှာခေါင်း အားလုံး နေရာ အ လွဲကြီး လွဲနေပြီး သူ့ကိုမြင်လိုက်ရသူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြတော့တာ ချည်းပါပဲ။ ဒါကြောင့် ဒီကလေး ကြာကြာ ခံမှာ မဟုတ်ဘူးလို့ ဆရာဝန်တွေက ဟောကိန်းထုတ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အခုလဆန်းပိုင်းမှာ သူအသက် ကိုးနှစ် လည်းပြည့်သွားရော ဆရာဝန်တွေမှာ မျက်လုံးအပြူးသားဖြစ်သွားရပါတယ်။ မိဘတွေက အရမ်းဂရုစိုက်၊ အရမ်းချစ် တာကြောင့်သာ ကလေးလေး အခုထက် ထိအသက်ရှည်နေတာလို့ ဆရာဝန်တွေ က ကောက်ချက်ချလိုက်ပါတယ်။

သူ ဖြစ်တဲ့ ရောဂါလက္ခဏာဟာ လူ ၅၀ဝ၀ဝ မှာမှ တစ်ယောက်ပဲဖြစ်နိုင်တဲ့ ရောဂါ လက္ခဏာစုပါ။ ကလေးမျက်နှာ အတတ် နိုင်ဆုံး ကြည့်ပျော်ရှုပျော်ဖြစ်လာစေဖို့ ဆရာဝန်တွေက ရှစ်ကြိမ် ခွဲစိတ်ပေးပြီး သွားပါပြီ။ ဒါပေမဲ့လည်း သူ့မျက်နှာဟာ အခုထက်ထိ ပုံမှန်အနေအထား မဖြစ် သေးပါဘူး။

(DM ၇.၉.၁၇) ချယ်ရီ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *