မျက်နှာပေါ်ကအရေးကြောင်းအတွက်အိမ်တွင်းကုထုံး

အဝတ်ပေါ်က အရေးကြောင်းအ တွန့်အခေါက်တွေက မီးပူကောင်း ကောင်းမတိုက်တာ ဒါမှမဟုတ် အဝတ် အစားတွေသိမ်းဆည်းနည်း မမှန်ကန်တာ ကြောင့်ဖြစ်ပေမယ့် မျက်နှာပေါ်က အရေး ကြောင်းတွေကတော့ အရေပြားပေါ်မှာ အစိုဓာတ်လျော့နည်းတာနဲ့ အရေပြားရဲ့ ကျုံ့နိုင်၊ ဆံ့နိုင်အားတွေ လျော့နည်းတာ ကြောင့်ဖြစ်ရတာပါ။ မျက်နှာပေါ်မှာ အ ရေးကြောင်းတွေပေါ်လာတာက အသက် အရွယ်ကြီးရင့်တာကြောင့် ဖြစ်နိုင်သလို နေရောင်ခြည်နဲ့ ထိတွေ့မှုများတာ၊ ဆေး လိပ်သောက်တာ၊ အာဟာရဓာတ်ချို့တဲ့ တာနဲ့ လေထုညစ်ညမ်းမှုဒဏ်ခံရတာလို မျိုး ပတ်ဝန်းကျင်ရဲ့ အချက်အလက်တွေ ကြောင့်လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ အ ရေးကြောင်း ဖြစ်ပေါ်နိုင်ပါတယ်။
မျက်နှာမှာ အရေးကြောင်းပေါ်တာ က အသက်ကြီးရင့်တဲ့ လက္ခဏာဖြစ်တဲ့ အတွက် ငယ်ရွယ်နုပျိုလိုသူတွေအနေနဲ့ တန်ဖိုးမြင့်တဲ့anti-wrinkle skin care ထုတ်ကုန်တွေ၊ေanti-aging cream တွေကို ငွေကုန်ကြေးကျခံပြီး အသုံးပြု နေကြပါတယ်။ ငွေကုန်ကြေးကျမခံလိုဘဲ အရွယ်တင်နုပျိုလိုသူတွေအတွက် မိမိ အိမ်တွင်းမှာပဲ မီးဖိုချောင်သုံးပစ္စည်းတွေနဲ့ ပြုလုပ်နိုင်တဲ့ အရေးကြောင်းကင်းစင်နိုင် တဲ့နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါ တယ်။

ပျားရည်အသုံးပြုနည်း
ပျားရည်ဟာ အစိုဓာတ်ထိန်းတာ၊ ဘက်တီးရီးယားတွေကို သေစေနိုင်တာ နဲ့ ဓာတ်တိုးဆန့်ကျင်နိုင်တဲ့ ဂုဏ်သတ္တိ တွေရှိတာကြောင့် အရေပြားအတွက် အထူးတန်ဖိုးရှိလှပါတယ်။ ပျားရည်ရဲ့ သ ဘာဝသကြားမှာပါဝင်တဲ့ အင်ဇိုင်းတွေက အရေပြားဆဲလ်တွေရဲ့ လုပ်ဆောင်အား ကိုမြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် pH ညီညွတ်မျှတမှုကိုလည်း ထိန်းညှိပေးပြီး အရေပြားအတွင်းမှာရှိတဲ့ အဆီတွေကို လျော့မကျအောင်လည်းကူညီပေးပါတယ်။

ပြုလုပ်နည်း
– မျက်နှာကိုအရင်ဆုံး သန့်စင်ပြီး ပျား ရည်ခပ်ထူထူသုတ်လိမ်းပါ။
– မိနစ် ၂၀ အကြာမှာ ရေနဲ့ဆေးကြော လိုက်ပါ။
– အနည်းဆုံးတစ်နေ့တစ်ကြိမ်လုပ်ပါ။

ရှောက်ရည်အသုံးပြုနည်း
ရှောက်ရည်ဟာ အညစ်အကြေး တွေကို သန့်စင်ပေးနိုင်တဲ့ ဂုဏ်သတ္တိရှိ ပါတယ်။ သူက အရေပြားပေါ်က အညို ရောင်အစက်အပြောက်တွေကို ဖျော့ သွားအောင်လည်း ကူညီနိုင်ပါတယ်။ ရှောက်ရည်ကို အသားပေါ်မှာ တိုက်ရိုက် အသုံးပြုနိုင်သလိုဖျော်ရည်အဖြစ်သောက် တာကလည်း အရေပြားအတွက် အလွန် အကျိုးရှိပါတယ်။

ပြုလုပ်နည်း
– မနက်အိပ်ရာထခါစမှာ ပျားရည်အ နည်းငယ်ထည့်ထားတဲ့ ရှောက်ရည် ကိုသောက်ပေးပါ။
ခန္ဓာကိုယ်ထဲက အဆိပ်အတောက် တွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် အရေပြား ဝင်းလက်တောက်ပြောင်လာနိုင်ပါတယ်။

ငှက်ပျောသီးအသုံးပြုနည်း
ငှက်ပျောသီးဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာဖြစ်ပေမယ့် အ သားအရေပေါ်မှာလည်း တိုက်ရိုက်အ သုံးပြုနိုင်ပါတယ်။ ငှက်ပျောသီးမှာ ပါဝင် တဲ့ အာဟာရဓာတ်တွေကအရေးကြောင်း တွေကို တွန်းလှန်နိုင်တဲ့ ဂုဏ်သတ္တိရှိတာ ကြောင့်ပါ။

ပြုလုပ်နည်း
– ငှက်ပျောသီးနှစ်လုံးကိုခြေပြီး မျက် နှာပေါ်မှာ လိမ်းထားပါ။
– နာရီဝက်ခန့် ထားပြီးမှ ရေဆေးချ လိုက်ပါ။
– ငှက်ပျောသီးကို ပျားရည်နဲ့ ပေါင်း စပ်ပြီးလည်း မျက်နှာပေါ်မှာ လိမ်း နိုင်ပါတယ်။

မုန်လာဥနီအသုံးပြုနည်း
မုန်လာဥနီမှာ ဗီတာမင် အေ ပေါ ကြွယ်ဝစွာ ပါဝင်ပြီး ကော်လာဂျင်ထုတ် လုပ်မှုကို အားပေးပါတယ်။ ဒါကြောင့် အ ရေပြားကို အရေးကြောင်းကင်းစင်စေပြီး ချောမွေ့အောင် ကူညီနိုင်ပါတယ်။

ပြုလုပ်နည်း
– မုန်လာဥနီကို ကြိတ်စက်နဲ့ ကြိတ် ကာအရည်ညှစ်ယူပါ။ ဒါမှမဟုတ် ပြုတ်ပြီးသား မုန်လာဥနီကိုကြိတ်ပြီး ပျားရည်နဲ့ ရောစပ်ပါ။
– ရလာတဲ့အရောအစပ်ကို မျက်နှာ ပေါ်မှာ သုတ်လိမ်းပြီး နာရီဝက်ခန့် ထားပါ။
– ပြီးရင် ရေနဲ့ဆေးကြောပါ။

နာနတ်သီးအသုံးပြုနည်း
နာနတ်သီးမှာ ပါဝင်တဲ့ အာဟာရ ဓာတ်များစွာနဲ့ အပင်ဓာတုပစ္စည်းတွေက သက်ကြီးလက္ခဏာဖြစ်တဲ့ အရေးကြောင်း တွေကို ကင်းစင်အောင် ကူညီပေးနိုင်ပါ တယ်။

ပြုလုပ်နည်း
– မျက်နှာကိုသန့်စင်ပါ။

– နာနတ်သီးစိတ်နဲ့ မျက်နှာကို ၂-၃ မိနစ်ခန့် ပွတ်တိုက်ပေးပါ။
– တစ်ပတ် ၂-၃ ကြိမ်ခန့် ပြုလုပ်နိုင် ပါတယ်။

စတော်ဘယ်ရီအသုံးပြုနည်း
စတော်ဘယ်ရီမှာ ဓာတ်တိုးဆန့် ကျင်ပစ္စည်းနဲ့ ဗီတာမင် စီ တွေ ပေါကြွယ် ၀စွာ ပါဝင်တာကြောင့် အရေပြား ကျုံ့ နိုင်ဆန့်နိုင်အား လျော့ကျမသွားအောင် ကူညီပေးတဲ့အတွက် သက်ကြီးလက္ခဏာ တွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။
ပြုလုပ်နည်း
– စတော်ဘယ်ရီသီးတွေကို ကြိတ် ခြေပါ။
– ရလာတဲ့အနှစ်ကို မျက်နှာပေါ် သုတ် လိမ်းပါ။
– ၁၀ မိနစ်ခန့်ထားပြီးရင် မျက်နှာသစ် လိုက်ပါ။
– တစ်ပတ် နှစ်ကြိမ်ပြုလုပ်ပါ။

ကြက်ဥအကာ အသုံးပြုနည်း
အရေးကြောင်းတွေ ပျောက်ကင်း အောင် ကြက်ဥအကာကို မရှိမဖြစ် လို အပ်ပါတယ်။ ကြက်ဥအကာမှာ ပါဝင်တဲ့ ပရိုတင်း၊ ဗီတာမင် အီးနဲ့ ဗီတာမင် ဘီ တွေက အရေးကြောင်းတွေကို သဘာဝ အတိုင်းပျောက်ကွယ်သွားစေနိုင်ပါတယ်။
ပြုလုပ်နည်း
– ကြက်ဥထဲက အကာထုတ်ယူပြီး ခေါက်ပါ။
– ပြီးရင် မျက်နှာပေါ်မှာ သုတ်လိမ်းပြီး ညင်သာစွာ နှိပ်နယ်ပါ။
– ၁၅ မိနစ် ဒါမှမဟုတ် ကြက်ဥအကာ ခြောက်သွေ့သွားတဲ့အထိ ထားပြီး ကြက်သီးနွေးရေနဲ့ ဆေးကြောပါ။

သံလွင်ဆီအသုံးပြုနည်း
သံလွင်ဆီကို မျက်နှာပေါ်မှာ အသုံး ပြုတာကြောင့် အရေပြားမှာ အစိုဓာတ် တွေရရှိနိုင်ပြီး ကျုံ့နိုင်ဆန့်နိုင်အားကိုလည်း ထိန်းချုပ်ပေးပါ။
ပြုလုပ်နည်း
– ညအိပ်ရာမဝင်ခင်မှာ သံလွင်ဆီ အ နည်းငယ်နဲ့ မျက်နှာကို လိမ်းကာနှိပ် နယ်ပါ။
– မျက်နှာသုတ်ပဝါနဲ့ ပြန်လည်သုတ် ပြီးမှ အိပ်စက်ပါ။
– မနက်အိပ်ရာထခါစမှာ အရေပြား ချောမွေ့နူးညံ့တောက်ပြောင်လာပါလိမ့်မယ်။
လှပတ္တမြား

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *