မှတ်ဉာဏ်ထက်သန်စေမည့် ဦးနှောက်လေ့ကျင့်ခန်းများ

သင်က အိမ်ပြင်ထွက်မှာမို့လို့ အိမ်တံခါးပိတ်ပြီးတော့မှ အိမ်ထဲမှာ ဖုန်းကျန်ရစ်ခဲ့တာလိုမျိုးတွေ ဖြစ်နေပါသလား။ ဒီလိုမျိုး မေ့တတ်တာတွေက အသက်အရွယ်ကြီးရင့်တာရဲ့ အစိတ်အပိုင်းတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ သင့်အနေနဲ့ မကြာခဏမေ့တတ်ရင် မှတ်ဉာဏ်ထက်သန်စေဖို့ ဖော်ပြပါ ဦးနှောက်လေ့ကျင့်ခန်းတွေ ပြုလုပ်သင့်နေပါပြီ။

နေ့စဉ်လုပ်ငန်းဆောင်တာတွေအတွက် လက်နှစ်ဖက်စလုံးကို အသုံးပြုပေးပါ

ပုံမှန်အားဖြင့် ညာသန်သူတွေက တစ်နေ့တာ လုံးအတွက် ညာဘက်လက်ကို အသုံးပြုကြပြီး ဘယ် သန်သူတွေက ဘယ်ဘက်လက်ကိုသာ အသုံးပြုလေ့ ရှိကြပါတယ်။ တစ် ခါတလေ လက်ကိုဘက်ပြောင်းပြီး အသုံးပြုတာက ဦးနှောက်အတွင်းမှာရှိတဲ့ အာရုံ ကြော ဆက်နွှယ်မှုတွေ သန်မာလာနိုင်ပါတယ်။ သွား တိုက်တာ၊ ပန်းကန်ဆေးတာ၊ စာရေးတာ၊ ဖန်ခွက်ထဲ ရေထည့်တာလိုမျိုးတွေမှာ မသန်တဲ့ဘက်အခြမ်းကို အသုံးပြုပေးပါ။ ပထမပိုင်းမှာတော့ အခက်အခဲရှိနိုင် ပေမယ့် အသုံးပြုဖန်များလာရင် ကျင့်သားရသွား ပါလိမ့်မယ်။

အသံကျယ်ကျယ်ဖြင့် စာအော်ဖတ်ပါ

အသံကျယ်ကျယ်နဲ့ စာအော်ဖတ်တာက မှတ် ဉာဏ်ထက်သန်စေနိုင်ပါတယ်။ ပြောလည်းပြော၊ ကြားလည်းကြား ဖြစ်နေတဲ့အတွက် ဦးနှောက်က အချက်အလက်တွေကိုစုဆောင်းဖို့ အထောက် အကူ ရသွားပါတယ်။ သင့်သူငယ်ချင်းတွေ ဒါမှမဟုတ် သင့်ကလေးတွေနဲ့အတူ တွဲဖက်ပြီး စာဖတ်တာတွေ ပြုလုပ်ပါ။

ထမင်းစားတူကို အသုံးပြုပြီး အစာစားပါ

လက်ချောင်းထိပ်မှာရှိတဲ့ အာရုံကြောတွေကို အလုပ်လုပ်စေတာက ဦးနှောက်ကို လှုံ့ဆော်မှုပေးနိုင် ပါတယ်။ တူနဲ့ အစာစားတာက ဦးနှောက်အတွင်း သွေးလှည့်ပတ်မှုတွေ ပိုမိုကောင်းမွန်နိုင်ပါတယ်။ ဒါ့အပြင်အစာပေါ်မှာသာ အာရုံစိုက်နေရတဲ့အတွက် အစာခြေစနစ်ကောင်းမွန်တဲ့အပြင် ကယ်လိုရီရရှိမှု ကိုလည်း ထိန်းချုပ်နိုင်ပါတယ်။

မနက်အိပ်ရာထမှာ နှင်းဆီပန်းရနံ့ကို ရှူရှိုက်ပါ

သင့်အနေနဲ့ မနက်အိပ်ရာထခါစမှာ ကော်ဖီ အနံ့လေးနဲ့ ကော်ဖီသောက်နေပါသလား။ ကော်ဖီရနံ့ ကို ရှူမယ့်အစား နှင်းဆီရနံ့ကိုခံယူပြီး သင်ရဲ့လုပ် ဆောင်ချက်ကို ပြောင်းလဲလိုက်ပါ။ ဒီလိုပြုလုပ်တာ ကြောင့် အာရုံကြောဆက်သွယ်မှုလမ်းကြောင်း အသစ်တွေ ရရှိနိုင်ပါတယ်။ မနက်အိပ်ရာထခါစမှာ သင်ကြိုက်နှစ်သက်တဲ့ရနံ့ကို တစ်ပတ်စာလုံးအသုံး ပြုသွားပါ။ နောက်တစ်ပတ်မှာ နောက်ရနံ့တစ်မျိုး ပြောင်းလဲလိုက်ပါ။

လက်သီးဆုပ်ပါ

အမေရိကန် စိတ်ကျန်းမာရေး အထူးကုအဖွဲ့က ညာဘက်လက်ကို စက္ကန့် ၉၀ ခန့် လက်သီးဆုပ် ထားရင် မှတ်ဉာဏ်အချက်အလက်တွေအတွက် အကူအညီရရှိပြီး ဘယ်ဘက်လက်ကို စက္ကန့် ၉၀ ခန့် လက်သီးဆုပ်ထားရင် ပြန်လည်မှတ်မိနိုင်စွမ်း ပိုမို ကောင်းမွန်တယ်လို့ မှတ်ချက်ပြုထားပါတယ်။

သင့်နှလုံးခုန်နှုန်းကို တစ်ပတ်သုံးကြိမ် မြှင့်တင်ပေးပါ

နှလုံးခုန်နှုန်းကို တစ်ပတ်သုံးကြိမ် တစ်ကြိမ်ကို မိနစ် ၂၀ ခန့် မြင့်တက်အောင် လေ့ကျင့်ပေးပါ။ လမ်းလျှောက်တာနဲ့ နှလုံးခုန်နှုန်းမြင့်တက်အောင် ပြုလုပ်နိုင်ပါတယ်။ နှလုံးခုန်နှုန်းမြင့်တက်တာ ကြောင့် ဦးနှောက်အတွင်း အောက်ဆီဂျင်တွေပြည့်ဝ လာပြီး ဆဲလ်အသစ်တွေဖြစ်ပေါ်ဖို့ ကူညီနိုင်ပါတယ်။

Puzzleဒါမှမဟုတ် ဆူဒိုခု ကစားပေးပါ

ဒီလိုကစားတာက သင်ရဲ့ဦးနှောက်ထဲမှာ စာ လုံးပေါင်းတွေကို မြင်ယောင်နေပြီး အလွယ်တကူ မှတ်မိသွားနိုင်ကာ ဦးနှောက်ရဲ့ မှတ်ဉာဏ်ထက်သန် လာနိုင်ပါတယ်။

ကားမောင်းစဉ် ပြတင်းပေါက်ဖွင့်ထားပါ

ရာသီဥတု သာယာတဲ့အချိန်မှာ ပြတင်း ပေါက်ဖွင့်ပြီး ကားမောင်းပေးပါ။ မြေသင်းရနံ့တွေ ရှူရှိုက်ပြီး ငှက်အော်သံလေးတွေ နားထောင်ပါ။ အဲဒီအခါမှာ အမြင်၊ အကြားနဲ့ အနံ့တွေရဲ့ ဆက်နွှယ် မှုအတွက် ဦးနှောက်က ချက်ချင်းအလုပ်လုပ်သွား ပါလိမ့်မယ်။

အသေးစိတ်လေ့လာစူးစမ်းတဲ့ လေ့ကျင့်ခန်းပြုလုပ်ပါ

လူများတဲ့ပတ်ဝန်းကျင်ထဲ ရောက်သွားတဲ့ အခါမှာ သင်မျက်စိကျမယ့်လူ တစ်ယောက်ရဲ့ အချက်အလက်လေးမျိုးလောက်ကို အသေးစိတ် လေ့လာစူးစမ်းပါ။ ဥပမာအားဖြင့် ဆံပင်အရောင်၊ ဝတ်ထားတဲ့အင်္ကျီအမျိုးအစား၊ စီးထားတဲ့ဖိနပ်၊ အသုံးပြုထားတဲ့ပိုက် ဆံအိတ် ဒါမှမဟုတ် ရေမွှေး နံ့ကို စူးစမ်းပြီး ပြန်မှတ်မိသလားဆိုတာ ဆန်းစစ်ပါ။ ဒီလို လေ့ကျင့်တာက သင်ရဲ့မှတ်ဉာဏ်တွေကို ထက်သန်လာပါလိမ့်မယ်။

ဒေါက်တာခင်မိုးမိုး 

Post Author: Good Health Journal