မွေးညင်းပေါက်ကျယ်စေသည့်အသားအရေ ထိန်းသိမ်းမှုအမှားများ

အရေပြားဆဲလ်သေ၊ ဖုန်မှုန့်၊ အဆီပြန်တာနဲ့ ဘက်တီးရီးယားတွေကြောင့် မွေးညင်းပေါက်ကို ပိတ်ဆို့မှုဖြစ်ပြီး မွေးညင်းပေါက်တွေ ကျယ်ပြန့်လာနိုင်ပါတယ်။ ဒီလိုမဖြစ်အောင် အရေပြားထိန်း သိမ်းမှုတွေ ပြုလုပ်ကြရပါတယ်။ ဒါပေမဲ့ မိမိပြုလုပ်တဲ့ အောက်ပါ Skin Care အမှားတွေကြောင့် မွေးညင်းပေါက်တွေကို ထိခိုက်မှုဖြစ်စေနိုင်ပါတယ်။

အဆီစုပ်စက္ကူကို မကြာခဏ အသုံးပြုခြင်း
နေပူလွန်းတဲ့နေ့တွေမှာ မျက်နှာမှာ ချွေးနဲ့ အဆီတွေထွက်လာတာကြောင့် အဆီစုပ်စက္ကူကို အသုံးပြုကြပါတယ်။ ဒါပေမဲ့ ဒီစက္ကူကို အသုံးပြုပါ များလာရင် အရေပြားကို ထိခိုက်မှုရှိနိုင်ပါတယ်။ အ ရေပြားအတွက် အဆီလွှာပါးပါးလေးရှိနေဖို့ လိုအပ် ပါတယ်။ မျက်နှာပြင်ပေါ်က အဆီတွေကို အဆီစုပ် စက္ကူနဲ့ တစ်ချိန်လုံးသုတ်ပစ်နေရင် အရေပြားကို အဆီပိုထုတ်ဖို့ လှုံ့ဆော်နေသလို ဖြစ်သွားတတ်ပါ တယ်။ သူ့ကြောင့် မွေးညင်းပေါက်တွေ ပိတ်ဆို့မှု ဖြစ်ပြီး အပေါက်ကျယ်လာနိုင်ပါတယ်။

ဝက်ခြံကို လက်ဖြင့် ညှစ်ထုတ်ခြင်း
ဝက်ခြံကို ညှစ်တာက ပြုလုပ်လို့ရပေမယ့် ပိုး မွှားမဝင်အောင်တော့ ဂရုစိုက်ရပါလိမ့်မယ်။ သင့် အရေပြားပေါ်မှာ ဘက်တီးရီးယားတွေများစွာရှိနေ တဲ့အတွက် သင်ညှစ်လိုက်လို့ ပေါက်သွားတဲ့ နေရာ ကနေတစ်ဆင့် ဘက်တီးရီးယား ဝင်ရောက်ကာ အနာဖြစ်လာနိုင်ပါတယ်။ သူ့ကြောင့် ဝက်ခြံတွေ ပိုမို ကူးစက်ပြီး မွေးညင်းပေါက်တွေ ကျယ်လာကာ အမာ ရွတ်တွေ ဖြစ်လာနိုင်ပါတယ်။

မျက်နှာပေါ်က ဆဲလ်သေတွေကို ခဏခဏဖယ်ရှား လွန်းခြင်း
မျက်နှာပေါ်ကို Deep Cleansing လုပ်တာက မွေးညင်းပေါက်ကို ပိတ်ဆို့နိုင်တဲ့ဆဲလ်သေတွေ၊ ဖုန် မှုန့်တွေနဲ့ အဆီတွေကို ဖယ်ရှားနိုင်တယ်ဆိုပေမယ့် တစ်ပတ်ကို နှစ်ကြိမ်ထက် ပိုမလုပ်သင့်ပါဘူး။ ပိုလုပ် မိသွားရင် အရေပြားခြောက်သွေ့ပြီး မွေးညင်းပေါက် တွေ ကျယ်ပြန့်လာနိုင်ပါတယ်။ ဒါ့အပြင် အရေပြားမှာ ရှိသင့်တဲ့သဘာဝအဆီတွေမရှိတဲ့အခါ ပတ်ဝန်းကျင် က ဖုန်မှုန့်တွေကို ပိုပြီးစုပ်ယူနိုင်ပါတယ်။ ဒါ့အပြင် တစ်နေ့ကို နှစ်ကြိမ်ထက် မျက်နှာပိုသစ်တာကလည်း အရေပြားပေါ်မှာရှိတဲ့ သဘာဝအဆီတွေကို ဖယ်ရှား လိုက်သလို ဖြစ်သွားပါတယ်။ အရေပြားဟာ ပြင်ပက လာတဲ့ ဖုန်နဲ့ အညစ်အကြေးတွေကို Sensitive ဖြစ် တဲ့အတွက် ရောင်ရမ်းမှုဖြစ်လာပြီး ဝက်ခြံပေါက်လာ နိုင်ပါတယ်။

အရေပြားခြောက်သွေ့အောင်ထားခြင်း
အရေပြားခြောက်သွေ့နေတာက အရေး ကြောင်းတွေ ပေါ်ပေါက်လာပြီး အိုစာမှုဖြစ်စေပါ တယ်။ ဒါ့အပြင် ခြောက်သွေ့တဲ့အရေပြားကြောင့် မွေးညင်းပေါက်တွေ ပိုပြီးကျယ်လာနိုင်ပါတယ်။ မျက်နှာပေါ်မှာ အစိုဓာတ်ထိန်းခရင်မ်ကို နေ့စဉ် လိမ်းထားပေးဖို့ လိုအပ်ပါတယ်။

မွေးညင်းပေါက်ပိတ်စေသော ထုတ်ကုန်များ အသုံး ပြုခြင်း
Skin Care အတွက် အလွန်နာမည်ကြီးတဲ့ ထုတ်ကုန်တွေရှိပေမယ့် သူတို့ကို မျက်နှာပေါ်မှာ အသုံးမပြုသင့်ပါဘူး။ ဥပမာအားဖြင့် Cocoa Butter ၊ Lanolin ခရင်မ်၊ အုန်းဆီပါဝင်တဲ့ ထုတ် ကုန်တွေက မွေးညင်းပေါက်ကို ပိတ်ဆို့နိုင်ပါတယ်။ သူတို့က အသားအရေ စိုလဲ့နေစေဖို့ အလွန်ကောင်း မွန်ပေမယ့် မွေးညင်းပေါက်ထဲမှာ ဖုန်မှုန့်တွေကို ဖိသိပ်ထည့်လိုက်သလို ဖြစ်သွားနိုင်ပါတယ်။

မိတ်ကပ်ကို မကြာခဏ အထပ်ထပ်လိမ်းခြင်း
တစ်နေ့လုံး မိတ်ကပ်လိမ်းထားတာကြောင့် မိတ်ကပ်က ပျက်သွားနိုင်ပါတယ်။ မိတ်ကပ်ကို အနည်းငယ်ထပ်လိမ်းတာက ဘာမှမဖြစ်ပေမယ့် မကြာခဏ ထပ်လိမ်းလွန်းရင်တော့ အသားအရေ ပျက်စီးနိုင်ပါတယ်။ သင့်အရေပြားက ပုံမှန်အဆီတွေ ထွက်လေ့ရှိနေပြီး ဒါကို ပေါင်ဒါနဲ့ သိပ်လိုက်တဲ့အခါ အဆီတစ်ထပ်၊ ဖုန်တစ်ထပ်နဲ့ မိတ်ကပ်တစ်ထပ် ဖြစ် သွားပြီး ဝက်ခြံပေါက်လာပါလိမ့်မယ်။

ကျန်းမာရေးနှင့်မညီညွတ်သော အစားအစာ စား သုံးခြင်း
နို့နဲ့ နို့ထွက်ပစ္စည်း၊ အရက်၊ သကြား ပါဝင်မှုများ တဲ့အစားအစာ၊ အစပ်စာ၊ ဆီကြော်စာတွေက အရေ ပြားကို ဒုက္ခပေးနိုင်ပါတယ်။ ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုဖြစ်စဉ်ဖြစ်အောင် လှုံ့ဆော်နိုင်ပြီး ဝက်ခြံ ပေါက်လွယ်ပါတယ်။ ဝက်ခြံကြောင့် မွေးညင်းပေါက် တွေ ကျယ်လာနိုင်ပါတယ်။

နေရောင်ကာလိမ်းဆေး အသုံးမပြုခြင်း
နေရောင်နဲ့ ထိတွေ့တာက အရေပြားအတွက် အန္တရာယ်ရှိပါတယ်။ သူ့ ကြောင့် အရေပြားထူလာတာ၊ အရေပြားပေါ်က ကျုံ့နိုင်ဆန့်နိုင်အားကောင်းတဲ့ ကော်လာဂျင်တွေ၊ ရေဓာတ်တွေ လျော့နည်းသွားပြီး အရေပြားကျုံ့သွားနိုင်ပါတယ်။ အရေပြားကျုံ့သွား တာကြောင့် မွေးညင်းပေါက်တွေ ဆွဲဆန့်ခံရသလို ဖြစ်ပြီး ကျယ်သွားနိုင်ပါတယ်။

လှပတ္တမြား

Post Author: Good Health Journal