မကြာခဏ ကြွက်တက်တတ်သူတို့ စားသုံးသင့်သောအစားအစာများ

ရာသီဥတုအေးတာကြောင့် ဒါမှမဟုတ် ခြေထောက်အကြောဆန့်လိုက်တာကြောင့် ကြွက်တက်တတ်သူတွေက ခန္ဓာကိုယ်တွင်းမှာ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက် စီယမ်လိုမျိုး ဓာတ်ဆားတွေ ညီညွတ်မှုမရှိတာကြောင့်ပါ။ ကြွက်သားတွေပင်ပန်းလွန်းရင် ဒါမှမဟုတ် ရေဓာတ်နည်းနေရင်လည်း ကြွက်တက်နိုင်ပါတယ်။ ကြွက်သားဒဏ်ရာ ရတာ၊ အာရုံကြောစနစ်တွေအားနည်းတာကြောင့်လည်း ကြွက်တက်နိုင်တဲ့အတွက် မကြာခဏကြွက်တက်တတ်သူတွေဟာ အောက်ပါအစားအစာတွေကို နေ့စဉ်ပါဝင် အောင် စားသုံးသင့်ပါတယ်။

ကန်စွန်းဥ
သူ့မှာ ကြွက်တက်တာကို သက်သာစေနိုင်တဲ့ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ပို တက်စီယမ်တွေ များစွာပါဝင်ပါတယ်။

ထောပတ်သီး
ထောပတ်သီးမှာ ပိုတက်စီယမ်ပမာဏပါဝင်မှုက အလွန်များပြားပါတယ်။ ထော ပတ်သီးတစ်လုံးမှာ ပိုတက်စီယမ်က ၉၇၅ မီလီဂရမ်တောင် ပါဝင်တာကြောင့် ငှက် ပျောသီး ဒါမှမဟုတ် ကန်စွန်းဥတစ်လုံးထက် ပါဝင်မှုပိုများပါတယ်။

ပဲအမျိုးမျိုးနှင့် ပဲနီလေး
ဒီပဲတွေမှာ မဂ္ဂနီဆီယမ်တွေ မြောက်မြားစွာ ပါဝင်ပါတယ်။

ဖရဲသီး
ဖရဲသီးကတော့ ကြွက်သားတွေကို ရေဓာတ်ပြန်လည်ဖြည့်တင်းပေးပါတယ်။ ခန္ဓာကိုယ်အတွင်း ရေဓာတ်ချို့တဲ့နေရင်လည်း ဖရဲသီးစားတာကြောင့် ရေဓာတ်ပြန် လည်ပြည့်ဝနိုင်ပါတယ်။

နွားနို့
နွားနို့မှာ ပါဝင်တဲ့ ပရိုတင်းတွေက ပျက်စီးနေတဲ့ ကြွက်သားတစ်သျှူးတွေကို ပြန်လည်ပြုပြင်ပေးပါတယ်။

ချဉ်ဖတ်ဖျော်ရည် (Pickle Juice)
ဒီဖျော်ရည်တွေကတော့ ကြွက်တက်တာကို ရပ်တန့်စေတဲ့ အာရုံကြောစနစ်ရဲ့ တုံ့ပြန်မှုကို ကူညီပေးပါတယ်။

အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်များ
ကယ်လ်စီယမ်နဲ့ မဂ္ဂနီဆီယမ်ပမာဏများစွာပါဝင်ပါတယ်။

လိမ္မော်ရည်
ခန္ဓာကိုယ်အတွင်း ရေဓာတ်ပြန်လည်ပြည့်ဝစေနိုင်သလို ပိုတက်စီယမ်လည်း ပြန်လည်ပြည့်ဝနိုင်ပါတယ်။

အခွံမာသီးနှင့် အစေ့အဆန်များ
မဂ္ဂနီဆီယမ်ပါဝင်မှုအလွန်များပြားပါတယ်။

ဆယ်လ်မွန်ကဲ့သို့ အဆီပါဝင်မှုများသော ငါး
အဆီပါဝင်မှုများတဲ့ငါးတွေက သွေးလှည့်ပတ်မှုကို ကောင်းမွန်စေနိုင်ပါတယ်။

ခရမ်းချဉ်သီး
ပိုတက်စီယမ်များစွာ ပါဝင်ပါတယ်။

ရေ
ကြွက်သားတွေကို ရေဓာတ်ပြန်လည်ဖြည့်တင်းပေးပါတယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal