မှိုစားခြင်းက အသက်ကြီးရင့်ချိန်သတိမေ့လက္ခဏာများကို သက်သာစေနိုင်

မှို ၁၅၀ ဂရမ်ကို တစ်ပတ်လျှင်နှစ်ကြိမ်ခန့်စားသုံးပေးတာ က အသက်အရွယ်ကြီးရင့်မှုကြောင့် သတိမေ့တာရဲ့လက္ခဏာ တွေကို လျော့ပါးသက်သာစေနိုင်တယ်လို့ သိရပါတယ်။ စင်ကာ ပူအမျိုးသားတက္ကသိုလ်ရဲ့သုတေသီတွေရဲ့အဆိုအရ မှိုထဲမှာ ပါဝင်တဲ့ Ergothioneine ဒြပ်ပေါင်းက အသက်အရွယ်ကြီး ရင့်လာချိန်မှာ ဦးနှောက်ကိုအကာအကွယ်ပေးနိုင်ပါတယ်။ မှို စားသုံးပေးတာက အသက်ကြီးလို့ မှတ်ဉာဏ်စွမ်းရည်ကျဆင်း တာနဲ့ အာရုံကြောတွေပျက်စီးယိုယွင်းတာကို နှေးကွေးအောင် လုပ်ဆောင်ရာမှာ အထောက်အကူဖြစ်စေနိုင်တယ်လို့ လေ့လာ မှုတွေလုပ်ဆောင်ပြီးတဲ့နောက်မှာ သုတေသီတွေက ဆိုခဲ့ကြတာ ဖြစ်ပါတယ်။ ကျန်းမာရေးကျွမ်းကျင်ပညာရှင်တွေကတော့ အ စားအသောက်တစ်ခုတည်းကနေ မှတ်ဉာဏ်စွမ်းရည်အတွက် အထောက်အကူဖြစ်စေတဲ့အကျိုးသက်ရောက်မှုမျိုးရစေတယ်ဆိုတဲ့တွေ့ရှိမှုဟာ အားတက်စရာဖြစ်တယ်လို့ ဆိုခဲ့ကြပါတယ်။

(AP,14.3.19) အေးယုနိုင်

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *