ယုံကြည်မှုရှိရှိနဲ့ပြောဆိုဆက်ဆံရေး အဆင်ပြေစေဖို့နည်းလမ်းကောင်းများ

သင်စကားပြောတဲ့အမူအရာက စိတ်ဝင်စားဖို့ အရေးကြီးသလို၊သင်စိတ်ဝင်စားစရာကောင်းအောင်လည်းပြောတတ်ဖို့လိုပါတယ်။

လူတစ်ယောက်အတွက် ကိုယ်နေ ဟန်က အရေးကြီးတဲ့ကဏ္ဍမှာ ပါဝင်နေ ပါတယ်။ လူအများနဲ့ ပေါင်းသင်းဆက်ဆံ တဲ့နေရာမှာဖြစ်ဖြစ်၊ အလုပ်အကိုင် အ ခွင့်အလမ်းကောင်းတွေ ရရှိနိုင်ဖို့ ဖြစ်ဖြစ် လူတစ်ယောက်အတွက် ကိုယ့်ကိုယ် ကိုယ်ယုံကြည်မှုနဲ့ ကိုယ်နေဟန်အမူအ ရာတွေက အတိုင်းအတာ တစ်ခုအထိ သက်ရောက်မှုပေးနိုင်ပါတယ်။ ဒါကြောင့် လူအများနဲ့ ပြောရေးဆိုရာမှာ အဆင် ပြေစေဖို့၊ သင်ပြောတာကို စိတ်ဝင်တစား နားထောင်စေဖို့ အထောက်အပံ့ ပေးနိုင် မယ့် အချက်တွေကို ဖော်ပြပေးလိုက် ပါတယ်။

စကားပြောတဲ့အခါ ဒီအချက်တွေကိုသတိထားပါ
သင်စကားပြောတဲ့အမူအရာက စိတ်ဝင်စားဖို့ အရေးကြီးသလို၊ သင် စိတ် ဝင်စားစရာကောင်းအောင်လည်း ပြော တတ်ဖို့ လိုပါတယ်။ အရင်ဆုံး စိတ်ဝင် စားစရာကောင်းအောင် ဘယ်လို စကား ပြောကြမလဲ –

စိတ်တည်ငြိမ်အောင်ထားပါ
အရင်ဆုံး သင်ရဲ့ စိတ်အခြေအနေ ကို တည်ငြိမ်အောင် လုပ်ဖို့လိုပါတယ်။ စိတ်တိုနေတဲ့အချိန်၊ ဝမ်းနည်းနေတဲ့ အချိန်တွေလို Negative Emotions တွေကို အကောင်းဆုံးထိန်းချုပ်ပြီး လုပ် စရာရှိတာကို လုပ်သွားနိုင်ဖို့လိုပါတယ်။ ဒါကြောင့် ဒီလိုမျိုး စိတ်ကိုထားတတ်ဖို့ အချက်က ပထမ ဖြစ်ပါတယ်။

တန်ဖိုးထားလေးစားပါ
လူတိုင်းကို တန်ဖိုးထားအလေး ထားဖို့လိုပါတယ်။ ဆိုလိုတာက လူအ တော်များများက သူတို့နဲ့ အသွင်သူတယ် လို့ခံစားရရင် နှစ်သက်ကြပြီး အဲဒီလူပြော တဲ့စကားကို ပိုပြီး နားထောင်လေ့ရှိပါ တယ်။

စိတ်ဝင်စားဖွယ်ဖြစ်အောင်ပြောပါ
စိတ်ဝင်စားစရာကောင်းတဲ့ အ ကြောင်းအရာကိုပြောပါ။ လူတစ်ယောက် နဲ့တွေ့တဲ့အခါ သူ့ကို ဘာအကြောင်း ပြောရင် ကောင်းမလဲလို့ စဉ်းစားတာ ထက် သူစိတ်ဝင်စားတဲ့ အကြောင်းအရာ တွေ ပြောထွက်လာအောင် ဘယ်လို လုပ်ရမလဲဆိုတာက ပိုပြီးတော့ အရေး ကြီးပါတယ်။ နားထောင်တဲ့ အခါမှာလည်း စိတ်ဝင်တစား နားထောင်ပေးပြီး တုံ့ပြန် တတ်ဖို့လိုပါတယ်။

ဝင်ရောက်ဆွေးနွေးပါ
စကားစမြည်ပြောတာကို အဆက် ရှည်ဖို့ဆိုရင် လွန်လွန်ကဲကဲ တစ်ယောက် တည်းနင်းကန်ပြောဆိုတာမျိုး မလုပ်ပါနဲ့။ ဘာစကားမှ ဝင်ရောက်မဆွေးနွေးတာမျိုး လည်း မလုပ်ပါနဲ့။ အကြောင်းအရာ တစ် ခုကနေ တစ်ခုကို ပြောင်းပြောတဲ့အခါမှာ လည်း ရုတ်တရက်ကြီး မပြောဘဲ ဖြည်း ဖြည်းချင်း အလိုက်သင့်ဆက်စပ်ပြီး ပြော သွားဖို့ လိုပါတယ်။

ကိုယ်ဟန်အမူအရာလုပ်တဲ့အခါ ဒီအချက်တွေကို သတိထားပါ
ပြောရေးဆိုရာမှာ ထင်ရှားသူတွေ၊ စကားအပြောကောင်းသူတွေဟာ သူတို့ စကားပြောနေစဉ်မှာလည်း စိတ်ဝင်စား အောင်၊ အာရုံစိုက်လာအောင် ပြုမူတဲ့ အ တတ်ကို တတ်ကြပါတယ်။

Gesture ကိုဂရုစိုက်ပါ
သင်ရဲ့ကိုယ်ဟန်၊ လက်ဟန်၊ လက် ရိပ်၊ ခြေရိပ်ဟာဆိုရင် သင်ပေးချင်တဲ့ Message ရဲ့ တန်ဖိုးကို ၆၀ ရာခိုင်နှုန်း တိုးစေတယ်လို့ ဆိုပါတယ်။ သင်ပြောတဲ့ အကြောင်းအရာပေါ်ကို စိတ်ပါဝင်စား လာမှု ၆၀ ရာခိုင်နှုန်း တိုးစေနိုင်ပါတယ်။

သေတ္တာတစ်လုံးကို စိတ်ကူးကြည့်ပါ
သင့်စိတ်ထဲမှာ သေတ္တာတစ်လုံးကို စိတ်ကူးလိုက်ပါ။ သင်စကားပြောတဲ့အခါ လက်ဟန်အမူအရာကို ဒီသေတ္တာလေး အတွင်းမှာပဲ လှုပ်ရှားမှုကို လုပ်ပါ။ ဒီ သေတ္တာလေးအပြင်ဘက်ကို ချော်ထွက် ပြီး လက်ဟန်အမူအရာလုပ်ရင်တော့ ပို လွန်းသလိုပုံစံပေါက်ပြီး အာရုံကို သွေ ဖည်စေတတ်ပါတယ်။
လက်ကိုလည်း ကိုယ်နဲ့ အသေကြီး ကပ်မထားဘဲ၊ အရမ်းကြီးလည်း မြှောက် တာပင့်တာမျိုးမလုပ်ဘဲ သင့်တင့်သ လောက်ပဲ လှုပ်ရှားပေးပါ။

ကိုက်ညီမှုရှိအောင် ဂရုစိုက်ပါ
သင်ပြောနေတဲ့ အကြောင်းအရာနဲ့ လက်ဟန်အမူအရာကလည်း ကိုက်ညီမှု ရှိဖို့ လိုပါတယ်။

ကြိုတင်လေ့ကျင့်ပါ
ပြောမယ့်စကားကို ကြိုတင်လေ့ ကျင့်ထားပြီး သင့်ကိုယ်သင် ဗီဒီရိုပြန်ရိုက် ကြည့်ထားတာကလည်း သင့်အမူအရာ အဆင်ပြေ၊ မပြေသိနိုင်ပါတယ်။
သဘာဝကျကျလေး ပြောနိုင်၊ ပြုမူ နိုင်ဖို့ မှန်ရှေ့မှာလေ့ကျင့်မှုကတော့အထူး လိုအပ်ပါတယ်။

လက်ချောင်းတွေကို အသုံးပြုပါ
အခြေခံအကျဆုံးက သင်ပြောမယ့် စကားတွေထဲမှာ နံပါတ်အစဉ်လိုက် ပါ တယ်ဆိုရင် လက်ချောင်းတွေသုံးပြီးတစ်၊ နှစ်၊ သုံး၊ လေး အစရှိသဖြင့် နထစမနျ လုပ်နိုင်ပါတယ်။
ဒီအရာ၊ ဟိုအရာ၊ သင်၊ ငါ စသဖြင့် လက်နဲ့ ညွှန်ပြတာမျိုးတွေလည်း လုပ်ပါ။

အားမာန်အပြည့်ဖြင့်ပြောပါ
အရေးကြီးတဲ့ အချက်ကို ပိုင်ပိုင် နိုင်နိုင်ပြောတဲ့အခါ လက်သီးဆုပ်ပြီး လေထဲကို ထိုးပြလိုက်တာက သင်သတ် မှတ်ပြလိုက်တဲ့ အကြောင်းအရာကို ပိုပြီး လေးနက်စေပါတယ်။ ဒါပေမဲ့ ဒီလို လက် ဟန်အမူအရာလုပ်တဲ့အခါ ပြောတဲ့အသံ က မမာဖို့လိုပါတယ်၊ မဟုတ်ရင် သင် စိတ်တိုနေတယ်လို့ ယူဆစေနိုင်ပါတယ်။

Darliko

Post Author: Good Health Journal