ယုံကြည်မှုရှိရှိပြုံးပြလိုက်ပါ..

လူတိုင်း ရယ်မောပြုံးရွှင်နေရတာကို သဘောကျကြပါ တယ်။ အသိမိတ်ဆွေတစ်ယောက်ယောက်နဲ့ လမ်းမှာတွေ့ရင် လည်း ရယ်ပြုံးပြပြီး နှုတ်ဆက်ရတာ သဘာဝပါပဲ။ ပြုံးပြတာဟာ လူမှုဆက်ဆံရေး ပတ်ဝန်းကျင်အတွက် အထောက်အကူပြုတဲ့ မရှိမဖြစ် သင်္ကေတတစ်ခုလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ယုံ ကြည်မှုရှိရှိနဲ့ ပြုံးအလှပိုင်ရှင်တွေဖြစ်ဖို့ ဒီအစားအစာတွေ ကိုတော့ ရှောင်ဖို့လိုပါတယ်။

(၁) လက်ဖက်ရည်၊ Herbal Tea တွေဟာ သွားရဲ့ အပြင်ကြွေ လွှာကို တိုက်စားပစ်နိုင်ပြီး အရောင်တွေစွန်းထင်းစေနိုင်ပါ တယ်။
(၂) အချဉ်ရည်တွေ၊ ခရမ်းချဉ်သီးဆော့စ်၊ အရောင်ရင့်တဲ့ ဟင်းအနှစ်ဆော့စ်တွေ အားလုံးဟာ သွားမှာအရောင်စွန်းထင်း စေနိုင်ပါတယ်။
(၃) Acidic Drink ဖြစ်တဲ့ အားဖြည့် အချိုရည်တွေဟာ သွား ကြွေလွှာမှာအရောင်စွန်းထင်းတာဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အားကစားလုပ်ရင် ရေသန့်သောက်တာက အကောင်းဆုံးပါ။

(၄) ဝိုင်အနီရောင်က သွားမှာ သိသိသာသာ စွန်းထင်းနိုင်တာကို လူအတော်များများ သိပြီးဖြစ်ပါတယ်။ ဝိုင်အဖြူရောင်ကလည်း Acidic Drink ဖြစ်တာကြောင့် သွားကြွေလွှာမှာ စွန်းထင်း စေနိုင်တတ်တာကို သတိပြုပါ။
(၅) ဘလူးဘယ်ရီ၊ ဘလက်ခ်ဘယ်ရီ၊ ချယ်ရီသီး၊ သလဲသီးနဲ့ ဒီအသီးတွေကနေ ပြုလုပ်ထားတဲ့ဖျော်ရည်တွေဟာလည်း သွား ကြွေလွှာမှာ အရောင်စွန်းထင်းတာ ဖြစ်စေပါတယ်။
(၆) ဆိုဒါအချိုရည်တွေ၊ ကိုကာကိုလာ၊ ဂက်စ်ပါတဲ့အချိုရည်တွေ အားလုံးဟာ သွားရဲ့ဖြူစင်ဝင်းပမှုကို ဖျက်ဆီးပစ်နိုင်ပါတယ်။
(၇) ပီကေ၊ သကြားလုံးတွေကို စားတဲ့အခါ လျှာမှာအရောင်တွေ စွန်းထင်းတာကို သင်သတိထားမိမှာပါ။ လျှာမှာအရောင် စွန်း ထင်းစေတဲ့သကြားလုံးတွေဟာ သွားမှာလည်း အရောင်တွေ စွန်းထင်းစေမှာ ဖြစ်ပါတယ်။

လိုက်နာပါ
– ဖျော်ရည်တွေသောက်တဲ့အခါ သွားမှာ စွန်းထင်းတာတွေ လျော့နည်းစေဖို့ ပိုက်နဲ့ စုပ်သောက်တာမျိုးလုပ်ဆောင်ပါ။

– ခန္ဓာကိုယ်ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ အသီးအနှံတွေဆိုရင် ကြိတ်ပြီးသောက်ချလိုက်ပါ။ အကြာကြီး ပါးစပ်ထဲမှာ ဝါးတာက သွားမှာစွန်းထင်းနိုင်ခြေပိုများစေပါတယ်။

– အစာစားပြီး ပလုတ်ကျင်းပါ။ အက်စစ် အစားအစာတွေစား သောက်ပြီးနာရီဝက် တစ်နာရီအကြာမှာ သွားတိုက်ပါ။ အက် စစ်အစားအစာတွေစားပြီး ချက်ချင်းသွားတိုက်ရင် သွားကြွေ လွှာနဲ့သွားဖုံးကို ထိခိုက်စေနိုင်ပါတယ်။

Darliko

Post Author: Good Health Journal