ရက်လွန်ပစ္စည်းတွေအသုံးပြုရင်ဘာတွေဖြစ်လာနိုင်သလဲ

ကျွန်မတို့အနေနဲ့ အိမ်သုံးပစ္စည်း တွေကို မပျက်စီးမချင်း အသုံးပြုလေ့ရှိ ကြပါတယ်။ တချို့ပစ္စည်းတွေက မပျက် စီးပေမယ့်လည်း မကြာခဏ လဲလှယ် သင့်တဲ့အရာတွေ ရှိပါတယ်။ ဒါကို မလဲ ဘဲနဲ့ ပေတေပြီး သုံးမိရင် ကျန်းမာရေး ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

ခေါင်းအုံး
သင့်အနေနဲ့ ခေါင်းအုံးတစ်လုံးကို နှစ်နှစ်ထက် ပိုမသုံးသင့်ပါဘူး။ သင်အိပ် နေစဉ်မှာ သင့်ခေါင်းအုံးပေါ်ကို သင်ရဲ့ သွားရည်တွေ၊ ချွေးတွေ ကျနေတတ်တာ ကြောင့် ခေါင်းအုံးထဲမှာ စုဆောင်းမှုဖြစ် လာပြီး ဖုန်ပိုးတွေက နှစ်ရှည်လများစွာ ခိုအောင်းနေတတ်ပါတယ်။ ဒါ့အပြင် ခေါင်းအုံးက သင်ရဲ့လည်ကုပ်ကိုထောက် ပံ့ပေးတဲ့အရာဖြစ်ပြီး နှစ်ရှည်လများစွာ အသုံးပြုတဲ့အတွက် ခေါင်းအုံးက လျော့ ရဲသွားတာကြောင့် ဇက်နာနိုင်ပါတယ်။

အိမ်တွင်းစီးဖိနပ်
အိမ်တွင်းစီးအဝတ်ဖိနပ်တွေကို ခြောက်လ တစ်ခါ အသစ်လဲလှယ်သင့်ပါ တယ်။ များသောအားဖြင့် မစုတ်ပြဲမချင်း ဆက်လက်အသုံးပြုနေတတ်တဲ့အတွက် မှိုပိုးတွေနဲ့ တခြားဘက်တီးရီးယားပိုးမွှား တွေ ခိုအောင်းနိုင်တဲ့နေရာ ဖြစ်လာပါ တယ်။ သူတို့ကို ရေရှည်အသုံးပြုခဲ့ရင် ခြေထောက်အတွင်း ရောဂါပိုးတွေ ဝင် ရောက်နိုင်ပါတယ်။

မျက်နှာသုတ်ပဝါ
မျက်နှာသုတ်ပဝါတွေကို နှစ်နှစ် လောက် အသုံးပြုပြီးရင် အသစ်ပြန်လည် လဲလှယ်သင့်ပါတယ်။ သူတို့ကို မစုတ်ပြဲ မချင်း အသုံးပြုရင် သူ့ဆီမှာ ခိုအောင်း နေတဲ့ ဘက်တီးရီးယားပိုးများစွာကြောင့် အရေပြားအတွင်း ရောဂါပိုးဝင်ရောက် နိုင်ပါတယ်။ အသုံးပြုပြီးတိုင်း မျက်နှာ သုတ်ပဝါကို ရေနွေးနဲ့ ပြုတ်လျှော်ပြီး နေပူပူမှာ အခြောက်လှန်းသင့်ပါတယ်။

မီးဖိုချောင်သုံး ရေမြှုပ်
ဒီပစ္စည်းတွေက အမြဲတမ်းရေစိုနေ တဲ့အတွက် မှိုပိုးနဲ့ ဘက်တီးရီးယားတွေ ပျော်မွေ့နေတဲ့နေရာဖြစ်ပါတယ်။ နှစ် ပတ်ထက် ပိုအသုံးမပြုသင့်ပါဘူး။ ပန်း ကန်တွေ၊ ဇွန်းတွေကို သူတို့နဲ့ အမြဲဆေး ကြောနေရတဲ့အတွက် နှစ်ပတ်ထက် ကြာရှည်အသုံးပြုထားတဲ့ ရေမြှုပ်ကနေ တစ်ဆင့် တိုက်ဖွိုက်၊ ဝမ်းရောဂါနဲ့ အစာ အဆိပ်သင့်ရောဂါတွေ ဖြစ်နိုင်ပါတယ်။

သွားပွတ်တံ
သင့်သွားတိုက်တံတွေက အနား စုတ်ဖွာမနေသေးရင်တောင်မှ သုံးလကြာ တိုင်း အသစ်တစ်ချောင်း လဲလှယ်အသုံး ပြုသင့်ပါတယ်။ သက်တမ်းလွန်တဲ့ သွား တိုက်သွားပွတ်တံကိုအသုံးပြုတာကြောင့် သွားဖုံးက သွေးထွက်တာလိုမျိုး ပြဿနာ တွေနဲ့ သွားရောဂါတွေရရှိနိုင်ပါတယ်။

မိတ်ကပ်
မိတ်ကပ်တွေမှာ သူ့သက်တမ်း ရက်စွဲတွေ ရှိပါတယ်။ သက်တမ်းလွန်မိတ် ကပ်တွေ အသုံးပြုတာကြောင့် ဝက်ခြံလို မျိုး အရေပြားပြဿနာတွေ ဖြစ်လာနိုင် ပါတယ်။

စဉ်းတီတုံး
စဉ်းတီတုံးကို အသုံးပြုဖန်များတာ ကြောင့် စဉ်းတီတုံးပေါ်မှာ ချိုင့်ရာထစ်ရာ တွေ ဖြစ်နေရင် အသစ်တစ်ဖန်လဲသင့် နေပါပြီ။ အဲဒီချိုင့်ရာတွေဟာ အစာအ ဆိပ်သင့်ရောဂါလိုမျိုး ရောဂါကူးစက်နိုင် တဲ့ ပိုးမွှားတွေ ပေါက်ဖွားနိုင်တဲ့နေရာဖြစ် တာကြောင့်ပါ။

ခေါင်းဖြီးသည့်ဘီး
ခေါင်းဖြီးတဲ့ဘီးတွေမှာ အညစ်အ ကြေးတွေနဲ့ ဖုန်မှုန့်တွေ စုဆောင်းနေ တတ်ပါတယ်။ အထူးသဖြင့် သင့်ဆံပင် လိပ်ဖို့အတွက် အသုံးပြုရတဲ့ Roller Brush တွေက ပျက်စီးလွယ်ပါတယ်။ အဲ ဒီ roller တွေမှာ ဆံပင်မွေးတွေ အလုံး လိုက်ဖြစ်နေပြီဆိုရင် အသစ်လဲလှယ်သင့် ပါတယ်။

မိတ်ကပ်ဘရပ်ရှ်
မိတ်ကပ်ဘရပ်ရှ်တွေကို အချိန် မှန်မှန်ဆေးကြောသန့်စင်နေပေမယ့် အမွေးအမှင်တွေ ထွက်ကျနေရင် ဒါမှ မဟုတ် အနားစုတ်ဖွာနေရင် အသုံးမပြု သင့်တော့ပါဘူး။ သက်တမ်းလွန်ပစ္စည်း တွေအသုံးပြုရင် ဝက်ခြံပေါက်တာလိုမျိုး အရေပြားပြဿနာတွေ ဖြစ်လာနိုင်ပါ တယ်။

မုတ်ဆိတ်ရိတ်ဓား
တုံးနေတဲ့မုတ်ဆိတ်ရိတ်ဓားက ထက်နေတဲ့ မုတ်ဆိတ်ရိတ်ဓားထက် ထိ ခိုက်ဒဏ်ရာပိုမိုရရှိနိုင်တယ်ဆိုတာ သင် သိပါသလား။ ဒါ့အပြင် မုတ်ဆိတ်ရိတ် ဓားအဟောင်းကို အသုံးပြုတဲ့အတွက် သူ့မှာ ခိုအောင်းနေတဲ့ ဖုန်မှုန့်တွေကြောင့် ရောဂါပိုးတွေ အလွယ်တကူ ဝင်ရောက် နိုင်ပါတယ်။ အဲဒီဓားကို ၅-၁၀ ကြိမ် လောက် အသုံးပြုပြီးရင် အသစ်လဲလှယ် အသုံးပြုသင့်ပါပြီ။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *