ရင်ကျပ်ရောဂါအကြောင်း သင်ဘယ်လောက်သိပါသလဲ

ရင်ကျပ်ရောဂါနဲ့ ပတ်သက်ပြီး သိ သင့်တာလေးတွေကို Quiz အနေနဲ့ ဝေမျှလိုက်ပါတယ်နော်။

၁။ စိတ်တိုဒေါသထွက်တဲ့အခါ ရင်ကျပ် ရောဂါထလာတတ်ပါတယ်။
(က) မှန်
(ခ) မှား

၂။ သင့်ရင်သွေးငယ်မှာ ရင်ကျပ်ရှိပါက
(က) ကြီးလာတဲ့အခါ ပျောက်ကောင်း ပျောက်နိုင်ပါတယ်
(ခ) ကျောင်းအားကစားတွေမပြုလုပ်မပါ ဝင်သင့်ဘူး
(ဂ) ကျောင်းမကြာခဏပျက်ရမယ်

၃။ ရင်ကျပ်ရောဂါရှိသူအများစုမှာ တစ် ခုခုနဲ့ ဓာတ်မတည့်လေ့ရှိကြတယ်။
(က) မှန်
(ခ) မှား

၄။ ရင်ကျပ်ရောဂါသက်သာတဲ့ ရှူဆေး ဘူးက ဘယ်လိုမျိုးမှာ အကောင်းဆုံး လုပ်ဆောင်မှုပေးစွမ်းနိုင်လဲ။
(က) မကြာခဏရင်ကျပ်တတ်သူတွေမှာ ဒီရှူဆေးပဲ ရှူတာမျိုး
(ခ) ရင်ကျပ်ဆေးဝါးတွေစွဲသောက်ရင်း တွဲရှူတာမျိုး

၅။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ရင်ကျပ် ရောဂါထတတ်လေ့ရှိပါက လေ့ကျင့်ခန်း မလုပ်သင့်ပါ။
(က) မှန်
(ခ) မှား

၆။ ရင်ကျပ်သံမကြားရတိုင်း ရင်ကျပ် ရောဂါမရှိဘူး။
(က) မှန်
(ခ) မှား

၇။ အဝလွန်သူတွေက ပုံမှန်ကိုယ်အ လေးချိန်ရှိသူတွေထက် ရင်ကျပ်ရောဂါ ဖြစ်နိုင်ခြေ။
(က) ပိုများတယ်
(ခ) ပိုနည်းတယ်
(ဂ) တူတူပဲ

၈။ ရင်ကျပ်ရောဂါ ထစေလေ့ရှိတာက
(က) ခေါင်းကိုက်တာ
(ခ) ထိပ်ကပ် ရောဂါပိုးဝင်တာ
(ဂ) ဗိုက်အောင့်တာ

၉။ ရင်ကျပ်ရောဂါ မထစေဖို့ ဘာလုပ် သင့်လဲ။
(က) နှစ်တိုင်း တုပ်ကွေးကာကွယ်ဆေး ထိုးရမယ်
(ခ) လက်မကြာမကြာဆေးပေးရမယ်
(ဂ) နှစ်မျိုးလုံး

၁။ (က) မှန်
ဒေါသလိုမျိုး စိတ်ခံစားမှုပြင်းထန် တာမျိုးက အသက်ရှူမြန်စေပြီး ရင်ကျပ် ရောဂါထစေပါတယ်။ ရယ်မောတာ၊ ငိုကြွေးတာ၊ အော်ဟစ်သောင်းကျန်းတာ၊ စိတ်ဖိစီးတာနဲ့ ကြောက်ရွံ့တာတို့က လည်း ရင်ကျပ်ရောဂါထစေပါတယ်။

၂။ (က) ကြီးလာတဲ့အခါ ပျောက်ကောင်း ပျောက်နိုင်ပါတယ်
ရင်ကျပ်ရောဂါရှိတဲ့ ကလေးတစ် ဝက်လောက်က ဆယ်ကျော်သက်အရွယ် ရောက်လာတဲ့အခါမှာ ပျောက်ကင်းသွား တတ်ပေမယ့် အရွယ်ရောက်လာတဲ့အခါ မှာတော့ တစ်ဝက်လောက်မှာ လက္ခဏာ ပြန်ပေါ်လာတတ်ပါတယ်။ အသက်ရှူ လမ်းကြောင်းက ရင်ကျပ်ရောဂါဖြစ်စေတဲ့ အရာတွေနဲ့ မတည့်ပါက ရင်ကျပ်ရောဂါ တစ်သက်လုံးရှိသွားနိုင်ပါတယ်။
ကလေးတွေမှာ ရင်ကျပ်ရောဂါရှိ ပါက ဆရာဝန်နဲ့စောစောပြပြီး ဘယ် အရာက ရင်ကျပ်ရောဂါကို ထစေသလဲ လေ့လာရပါမယ်။ ဒါမှသာစောစောသိပြီး သေချာကုသနိုင်မှာပါ။

၃။ (က) မှန်
ရင်ကျပ်ရောဂါရှိသူ ၆၀ ရာခိုင်နှုန်း ဟာ သူတို့နဲ့ ဓာတ်မတည့်တဲ့အရာတစ်ခုခု က ရင်ကျပ်ရောဂါဖြစ်စေတာပါ။ ဖုန်၊ တိရစ္ဆာန်အမွေးအမှင်၊ ပန်းဝတ်မှုန်နဲ့ မှိုစတဲ့ မတည့်တဲ့အရာတစ်ခုခုကို ရှူ ရှိုက်မိပါက ရင်ကျပ်ရောဂါရောဂါဖြစ်လာ နိုင်ပါတယ်။
တစ်ခါတလေမှာ ရင်ကျပ်ရောဂါက မတည့်တာကို ရှူမိတာမျိုးမဟုတ်ဘဲ အသက်ရှူလမ်းကြောင်းကို ဆွပေးစေတဲ့ အရာတွေကြောင့်လည်း ဖြစ်တတ်ပါ တယ်။ ဥပမာ- ဆေးလိပ်ငွေ့၊ ခြင်ဆေး၊ မီးခိုး၊ ရေမွှေးနဲ့ အဲယားကွန်းလေအေးက အစဖြစ်နိုင်ပါတယ်။

၄။ (ခ) ရင်ကျပ်ဆေးဝါးတွေသောက်ရင်း တွဲရှူတာမျိုး
ရင်ကျပ်ရောဂါထပါက ရှူဆေးက ချက်ချင်းသက်သာစေပါတယ်။ ဒါပေမဲ့ မကြာခဏ ရောဂါထတတ်ပါက ဆေးပါ တွဲသောက်ပေးသင့်ပါတယ်။

၅။ (ခ) မှား
လူတိုင်းလေ့ကျင့်ခန်းလုပ်သင့်ပါ တယ်။ ရင်ကျပ်ရောဂါရှိသူတွေပါမကျန် ပေါ့။ လေ့ကျင့်ခန်းလုပ်တာက အသက် ရှူရာမှာ အသုံးပြုရတဲ့ ကြွက်သားတွေ ကိုပါ သန်မာစေပါတယ်။
လေ့ကျင့်ခန်းမလုပ်မီ သွေးပူလေ့ ကျင့်ခန်းလုပ်ပြီး လေ့ကျင့်ခန်းလုပ်အပြီး မှာလည်း အကြောလျှော့ပေးပါက ရင် ကျပ်လက္ခဏာတွေ သက်သာလာနိုင်ပါ တယ်။ အေးမြတဲ့ရာသီဥတုမှာ ပြင်ပ ထွက်ပြီး လေ့ကျင့်ခန်းမလုပ်ပါနဲ့။ အေး မြတဲ့အခါ ပန်းဝတ်မှုန်တွေ လေထုထဲများ နေတတ်တာကြောင့်ပါ။ လေ့ကျင့်ခန်း မလုပ်မီ ရင်ကျပ်ရှူဆေး ရှူရမလားဆို တာ ဆရာဝန်နဲ့တိုင်ပင်ပါ။

၆။ (ခ) မှား
များသောအားဖြင့် ချောင်းဆိုးတာ က ရင်ကျပ်လက္ခဏာဖြစ်လေ့ရှိပါတယ်။ ညဘက်ချောင်းထဆိုးရင်၊ လေ့ကျင့်ခန်း လုပ်ရာမှာ ချောင်းဆိုးရင်၊ ချောင်းဆိုး တော်ရုံနဲ့ မပျောက်ရင် ရင်ကျပ်တာဖြစ် နိုင်ပါတယ်။ တခြားတွေ့ရလေ့ရှိတဲ့ လက္ခဏာတွေကတော့ ရင်ဘတ်ထဲ တင်းကျပ်နေတာ၊ အသက်ရှူရခက်တာနဲ့ တရွှီးရွှီးအသံမြည်တာတို့ပါ။ ဒီလက္ခဏာ တွေပါ တွေ့လာရရင်တော့ ဆရာဝန်နဲ့ ပြသတိုင်ပင်ပါ။ စောစောကုသမှုခံယူလေ အဆုတ်ထိခိုက်မှုသက်သာလေပါ။

၇။ (က) ပိုများတယ်
အဝလွန်တာက အသက်ရှူလမ်း ကြောင်းတွေကို ကျဉ်းစေပါတယ်။ အဲဒီ အခါ ရင်ကျပ်ရောဂါဖြစ်လာနိုင်ပါတယ်။ ရင်ကျပ်ရောဂါဝေဒနာသည်တွေမှာ အဝ လွန်တာကလည်း ရင်ကျပ်ရောဂါထိန်းရ ခက်စေပါတယ်။ အဆီတွေများနေတာက အဆုတ်အပါအဝင် ခန္ဓာကိုယ်အနှံ့ ရောင်ရမ်းမှုတွေဖြစ်လာစေပါတယ်။ အ သက်ရှူရခက်ခဲတာကြောင့်လည်း ရင် ကျပ်ရောဂါရှင်တွေကို ပိုပြီး ကိုယ်လက် လှုပ်ရှားမှုနည်းစေပါတယ်။

၈။ (ခ) ထိပ်ကပ် ရောဂါပိုးဝင်တာ
အအေးမိတာ၊ တုပ်ကွေးမိတာ၊ ထိပ်ကပ်ရောဂါပိုးဝင်တာက အသက်ရှူ လမ်းကြောင်းကို ဆွပေးတာကြောင့် ရင် ကျပ်ရောဂါလက္ခဏာကိုဖြစ်ပေါ်စေပါ တယ်။ တချို့ဆေးဝါးတွေနဲ့ မတည့်တာ ကလည်း ရင်ကျပ်ရောဂါကို ထစေနိုင် ပါတယ်။

၉။ (ဂ) နှစ်မျိုးလုံး
အအေးမိတုပ်ကွေးက ရင်ကျပ်ရော ဂါကို ပိုဆိုးစေပါတယ်။ ဒါကြောင့် ရင် ကျပ်ရောဂါရှိပါက တုပ်ကွေးကာကွယ် ဆေး ထိုးပေးရပါမယ်။ ရောဂါပိုးမကူး အောင် လက်လည်း သေချာဆေးရပါ မယ်။

ဒေါက်တာနုမြတ်သိင်္ဂီဦး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *