ရင်သားကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာတွေ ဘာကြောင့် အဖြစ်များရတာလဲ

မိန်းကလေးတွေမှာအဖြစ်များတဲ့ ရင်သားကင် ဆာက ဘာကြောင့်ဖြစ်ရတာပါလဲ။
မိန်းကလေးတွေမှာ အဖြစ်များတဲ့ ရင်သားကင်ဆာရောဂါက တခြားကင် ဆာရောဂါတွေလိုပဲ မျိုးရိုးဗီဇနဲ့ ပတ်ဝန်း ကျင်ဆိုင်ရာ အကြောင်းတရားတွေ ကြောင့် ဖြစ်လာရတာပါ။ ကင်ဆာရောဂါ တစ်ခုချင်းအလိုက် ဖြစ်ပွားနိုင်ခြေများတဲ့ အချက်တွေ (Risk Factors) ရှိပါတယ်။ ရင်သားကင်ဆာက ဘယ်သူတွေမှာ ပိုအ ဖြစ်များသလဲဆိုတာက မိသားစုတွင်း အ မေ၊ အဒေါ်၊ ညီအစ်မတွေမှာ ရင်သားကင် ဆာဖြစ်ပွားဖူးရင် ကိုယ့်မှာ ရင်သားကင် ဆာဖြစ်ပွားနိုင်ခြေ များပါတယ်။ အသက် ကြီးလာတာနဲ့အမျှ ရင်သားကင်ဆာ ဖြစ် ပွားနိုင်ခြေများပါတယ်။ ဥပမာ-အသက် ၅၀ ကျော်လာတာနဲ့ ရင်သားကင်ဆာ ဖြစ် ပွားနိုင်ခြေများပါတယ်။

ရင်သားကင်ဆာရောဂါက အမျိုးသမီး ဟော် မုန်းတွေနဲ့ကော ဆက်စပ်နိုင်ပါသလား ဆရာ။
ဆက်စပ်နေပါတယ်။ စောစောစီးစီး ရာသီသွေးလာပြီး နောက်ကျမှ ရာသီသွေး ဆုံးတဲ့ အမျိုးသမီးတွေမှာ အီစထရိုဂျင် ဟော်မုန်းနဲ့ ထိတွေ့မှုများတာကြောင့် ရင်သားကင်ဆာဖြစ်နိုင်ခြေ ရာခိုင်နှုန်း များပါတယ်။ ကလေးတစ်ခါမှ မမွေးဖူး ဘူး၊ ကလေးမွေးရင်တောင် အသက် ၃၀ ကျော်မှ သားဦးကလေး စမွေးတယ်ဆို ရင်၊ ကလေးမွေးပြီး ကလေးကို နို့တိုက် ကျွေးမှု မပြုဘူးဆိုရင်၊ သွေးဆုံးပြီး အမျိုးသမီးတွေ ဟော်မုန်းအစားထိုး ကုထုံး ခံယူဖူးတယ်ဆိုရင် အဲဒီလူတွေမှာ ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေ များပါ တယ်။

ရင်သားကင်ဆာဖြစ်နိုင်တဲ့ တခြားအကြောင်း တွေရှိရင်လည်း ရှင်းပြပေးပါဆရာ။
တခြားဖြစ်နိုင်တဲ့ အကြောင်းတွေ အနေနဲ့ပြောရရင် အဝလွန်တဲ့ အမျိုး သမီးတွေ၊ ဆေးလိပ်သောက်တဲ့ အမျိုး သမီးတွေမှာ ရင်သားကင်ဆာဖြစ်ပွားနိုင် ခြေများပါတယ်။ မျိုးရိုးဗီဇနဲ့ ပတ်သက်ပြီး Gene ကို စစ်ဆေးလို့ရပါတယ်။ BRCA 1 နဲ့ BRCA 2 ပါရှိတဲ့ အမျိုးသမီးတွေမှာ ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေ များပါ တယ်။ အဲဒါကြောင့် အနောက်နိုင်ငံတွေ မှာ ဒီမျိုးရိုးဗီဇပါလာလို့ ရင်သားကို ကြို တင်ဖြတ်ထုတ်ထားတဲ့ အင်ဂျလီနာဂျိုလီ ကို ကြားဖူးမှာပေါ့။ ဒီအချက်တွေက ဖြစ်နိုင်ခြေရှိတဲ့ အချက်တွေပါ။

ဘယ်သူတွေမှာ ရင်သားကင်ဆာဖြစ်နိုင်ခြေ ပိုများနိုင်ခြေ ပိုများပါသလဲ ဆရာ။
ဘယ်သူတွေမှာ ဖြစ်နိုင်ခြေပိုများ မယ်လို့တော့ အတိအကျ မပြောနိုင်ပါ ဘူး။ တချို့လည်း ကလေးသုံးယောက် မိခင်၊ ရင်သွေးကို နို့တိုက်ကျွေးပေမယ့် ရင်သားကင်ဆာ ဖြစ်လာတာ တွေ့ရ တယ်။ လူတစ်ဦး တစ်ယောက်ချင်းမှာ တော့ သားသမီးရှိလည်း ဖြစ်နိုင်သလို၊ တချို့ သားသမီးမရှိသူတွေမှာလည်း ဖြစ် နိုင်ခြေရှိပါတယ်။ အိမ်ထောင်ရှိသူနဲ့ မရှိ သူ အပျိုကြီးတွေမှာဆိုရင်တော့ အပျို ကြီးတွေမှာ ပိုဖြစ်နိုင်တယ်လို့ သီအိုရီအရ ဆိုထားပါတယ်။ ရင်သားက သူ့အလုပ်သူ မလုပ်ရဘူး၊ အီစထရိုဂျင်နဲ့ ထိတွေ့မှုများ တယ်ဆိုရင် ရင်သားကင်ဆာဖြစ်နိုင်ခြေ များပါတယ်။ အပျိုကြီးတွေမှာ ဖြစ်နိုင်ခြေ များတယ် ဆိုပေမယ့် သားသမီးရှိသူတွေ မှာလည်း ပေါ့ဆနေလို့ မရပါဘူး။

သားအိမ်ခေါင်းကင်ဆာ ဘာကြောင့်ဖြစ်ရတာ ပါလဲဆရာ။ ဘယ်လိုကာကွယ်မှုတွေ ပြုလုပ် သင့်ပါသလဲ။
သားအိမ်ခေါင်းကင်ဆာဖြစ်စေတာ က Human Papilloma Virus (HPV) ကြွက်နို့ဗိုင်းရပ်စ်ပိုး ကူးစက်ခံရ တဲ့သူတွေမှာ အဖြစ်များပါတယ်။ တခြား အဖြစ်များတဲ့ အကြောင်းတွေက အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုတယ်၊ အိမ်ထောင်မပြုပေမယ့်လည်း အသက် ငယ်ငယ်နဲ့ လိင်ဆက်ဆံမှု အစပြုခဲ့တယ် ဆိုရင် အသက်ကြီးလာရင် သားအိမ်ခေါင်း ကင်ဆာဖြစ်နိုင်တဲ့ အခွင့်အလမ်းများပါ တယ်။ အသက် ၁၈ နှစ် မပြည့်ခင်မှာ အိမ်ထောင်ကျပြီး သားသမီးရတယ်၊ လိင်ဆက်ဆံဖော်များတဲ့သူတွေ၊ မိန်းမ ကိုယ်မှာ ကြွက်နို့ပိုးဝင် ကူးစက်ဖူးတဲ့သူ တွေ၊ လိင်ဆက်ဆံရာမှ ဖြစ်တတ်တဲ့ ရော ဂါတွေ (ဥပမာ-ဂနိုပိုးဝင်ဖူးသူတွေ၊ အဖြူ ဆင်းတာ)၊ ထူးခြားတာတစ်ခုက လိင် အင်္ဂါနဲ့ မပတ်သက်ဘဲ ဆေးလိပ်သောက် တဲ့ အမျိုးသမီးတွေက ဆေးလိပ်မ သောက်တဲ့ အမျိုးသမီးတွေထက် ရင် သားကင်ဆာရော သားအိမ်ခေါင်းကင် ဆာပါ ဖြစ်နိုင်ခြေပိုများတာကို တွေ့ရပါ တယ်။
အမျိုးသမီးတွေမှာ ဖြစ်နိုင်ခြေများတဲ့ ကင်ဆာ ရောဂါတွေဖြစ်တဲ့ ရင်သားကင်ဆာနဲ့ သားအိမ် ခေါင်းကင်ဆာရောဂါတွေကို ကာကွယ်လို့ ရနိုင် ပါသလားဆရာ။

ကြိုတင်ကာကွယ်လို့ရလားဆို တော့ ရင်သားကင်ဆာမှာတော့ ကြိုတင် ကာကွယ်လို့ မရနိုင်ဘူး။ စောစီးစွာ တွေ့ရှိရေးကိုပဲ ဆောင်ရွက်ရပါတယ်။ သားအိမ်ခေါင်းကင်ဆာကတော့ ကြို တင်ကာကွယ်လို့ ရပါတယ်။ သား အိမ်ခေါင်းကင်ဆာ ဖြစ်စေတဲ့ HPV ဗိုင်းရပ်စ်ပိုး ကာကွယ်ဆေးထိုးထားရင် ဒီပိုးကြောင့်ဖြစ်တဲ့ သားအိမ်ခေါင်းကင် ဆာကို ကာကွယ်ထားလို့ရပါတယ်။ ဒါ ကြောင့် သားအိမ်ခေါင်းကင်ဆာ ကာ ကွယ်ဆေးထိုးဖို့ကို ဆရာတို့ တိုက်တွန်း နေရတာပါ။

သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးတာတဲ့ပတ်သက်ပြီး ရှင်းပြပေးပါဆရာ။
အသက် ၉ နှစ်ကနေ ၁၄ နှစ်အ တွင်း သားအိမ်ခေါင်းကင်ဆာကာကွယ် ဆေးထိုးမယ်ဆိုရင် သုံးကြိမ်ဆေးထိုးဖို့ မလိုပါဘူး။ ဆေးတစ်လုံးထိုးပြီး နောက် ခြောက်လနေရင် နောက်ထပ်တစ်လုံးထိုး မယ်ဆိုရင် ကာကွယ်တဲ့ ဓာတ်တွေရတယ် လို့ ပြောပါတယ်။ ၁၉ နှစ်ကနေ ၂၆ နှစ်ကြား အိမ်ထောင်မပြုရသေးတဲ့ မိန်း ကလေးတွေ ထိုးမယ်ဆိုရင် အသည်း ရောင် အသားဝါဘီပိုး ကာကွယ်ဆေး ထိုးသလိုမျိုး အခုတစ်လုံး၊ တစ်လနေရင် တစ်လုံး၊ နောက်ခြောက်လနေရင် တစ် လုံးနဲ့ သုံးကြိမ်ထိုးရပါမယ်။ ခြောက်လ ကျော်သွားပေမယ့် တစ်နှစ်အတွင်းမှာ နောက်ဆုံး တစ်လုံး ထိုးမယ်ဆိုရင်လည်း လုံလောက်တယ်လို့ ဆိုပါတယ်။

အများစုက ကင်ဆာရောဂါ ဖြစ်လာနိုင်ရင် ကုသမရနိုင်ဘူးလို့ပဲ စိတ်ထဲ စွဲနေကြပါတယ်။ ကင်ဆာရောဂါတွေက ကုသပျောက်ကင်းနိုင် ပါသလားဆရာ။
ကင်ဆာရောဂါတွေက စောစီးစွာ တွေ့ရှိရင် ကုသပျောက်ကင်းနိုင်ပါတယ်။ စောစီးစွာတွေ့ရှိမယ်ဆိုရင် ကင်ဆာရော ဂါတွေရဲ့ ၉၀ ရာခိုင်နှုန်းက ပျောက်ကင်း နိုင်ပေမယ့် နောက်ကျမှ တွေ့ရင်တော့ သေဆုံးနိုင်ခြေများပါတယ်။ ဒါကြောင့် အများစုထင်နေတာတွေက မမှားပါဘူး။ ကင်ဆာမှာ ကြိုတင်ကာကွယ်ရေးနဲ့ စော စီးစွာတွေ့ရှိရေးက အလွန်ပဲ အရေးကြီး ပါတယ်။ ဘယ်လိုကာကွယ်ရမလဲ၊ ဘယ် ကင်ဆာတွေကို ဘယ်လိုနည်းနဲ့ စော စောစီးစီး သိရှိနိုင်မလဲဆိုတာကို သိရှိခဲ့ မယ်ဆိုရင် ကင်ဆာရောဂါကို စောစော စီးစီး ကုသနိုင်မှာဖြစ်ပါတယ်။ ကင်ဆာ ရောဂါထိန်းချုပ်ရာမှာ စောစီးစွာ တွေ့ရှိ ရေးကို အနောက်နိုင်ငံတွေမှာပါ ဦးစား ပေးလုပ်ဆောင်လာကြတယ်။ ဘာ ကြောင့်လဲဆိုတော့ ကင်ဆာရောဂါ ကုသ ရာမှာ ငွေကုန်ကြေးကျများတာကြောင့်ပါ။ ချမ်းသာတဲ့ အနောက်နိုင်ငံတွေမှာတောင် ကုသစရိတ် ထောင်းတာကြောင့် ကင်ဆာ ထိန်းချုပ်ရေးမှာ ကြိုတင်သိရှိရေး၊ စော စီးစွာကုသရေးကို အာရုံစိုက်လာကြတယ်။

ဒေါက်တာမိုးအောင်ကျော်နိုင်
အထွေထွေရောဂါအထူးကုသမားတော်
အတွင်းရေးမှူး ၊ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်း

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *