ရင်သားတွေ နာနေတာ ဘယ်လိုလုပ်ရမလဲ

မိန်းကလေး သုံးယောက်မှာ နှစ် ယောက်က ရင်သားနာကျင်တာကို သူတို့ သက်တမ်းတစ်လျှောက်လုံးမှာ ခံစားဖူး ကြပါတယ်။ တချို့ဆို အထိမခံနိုင်တာ၊ လမ်းလျှောက်လို့ ရင်သားလှုပ်သွားရင် တောင် နာကျင်တာမျိုး ဖြစ်တတ်ပါတယ်။ ရင်သားနာကျင်တာကို ရာသီစက်ဝန်းနီး ချိန်မျိုးမှာ ခံစားရတတ်သလို၊ တခြားအ ကြောင်းတွေကြောင့်လည်း နာကျင်တာ ကို ခံစားရတတ်ပါတယ်။
ရင်သားနာကျင်တာ ဖြစ်စေတဲ့ အ ကြောင်းတွေက ရာသီလာတာ၊ မိန်းက လေးတွေ အရွယ်ရောက်လာချိန် (ယောက်ျားလေးတွေလည်း ဖြစ်နိုင်)၊ နို့ ချိုတိုက်ကျွေးချိန်၊ မီးယပ်သွေးဆုံးခါနီးအ ချိန်၊ ကိုယ်ဝန်ဆောင်ချိန်နဲ့ တခြားအ ကြောင်းတွေက ရင်သားရောင်ရမ်းတာ၊ ပြင်းအားနဲ့ ဖိမိတာ၊ ရင်သားတွင် အနာ ဖြစ်တာ၊ ထိခိုက်မိတာ၊ အကျိတ်ရှိတာ တွေကြောင့် ဖြစ်နိုင်ပါတယ်။

ပဲနို့သောက်ပါ
ပဲနို့က ရင်သားကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ အစာပါ။ ပဲနို့ထဲမှာ အိုက်ဆို ဖလေဗုန်းပါဝင်လို့ ရင်သားတင်း ပြီး နာကျင်တာကို သက်သာစေပါတယ်။

ဂုန်လျှော်စေ့ စားပါ
ရေတစ်ခွက်ထဲကို ဂုန်လျှော်စေ့တစ် ဇွန်း ထည့်ပြီး သောက်ပါ ဒါမှမဟုတ် ဒိန် ချဉ်၊ ရေခဲမုန့်၊ သစ်သီးဖျော်ရည် စတာ တွေထဲလည်း ထည့်သောက်နိုင်ပါတယ်။ ဂုန်လျှော်စေ့ တစ်နေ့ကို တစ်ဇွန်းစားသုံး တာက ရင်သားနာကျင်မှုကို သက်သာစေ ပါတယ်။

ချယ်ရီသီး စားပါ
ချယ်ရီသီးက ရင်သားတင်းတာ၊ နာ ကျင်တာတွေကို သက်သာစေပါတယ်။ နေ့စဉ် စားသောက်မှုတွေထဲမှာ ချယ်ရီ သီးပါဝင်အောင် ထည့်စားပါ။

ဂေါ်ဖီထုပ်အရွက် ကပ်ပါ
ဂေါ်ဖီထုပ်ရဲ့ အရွက်တွေကို ဖဲ့ပြီး ရင်သားပေါ်မှာ အုပ်ပေးပါ။ အပေါ်က အဝတ်စနဲ့ ဖုံးအုပ်ထားပေးပါ။ ရင်သား ရောင်ရမ်းနာကျင်မှုတွေကို သက်သာစေ ပါတယ်။

ဆား လျှော့စားပါ
ရင်သားတင်းတာ ခံစားရတဲ့ မိန်းက လေးတွေအတွက် ဆားစားသုံးမှုကို လျှော့ချဖို့ အကြံပေးချင်ပါတယ်။

ရေနွေးကပ်ပေးပါ
ရေနွေးထဲကို တဘက်ထည့်စိမ်ပြီး ရေညှစ်ပါ။ အဲဒီတဘက်ကို ရင်သားပေါ် ၁၀-၁၅ မိနစ်လောက် အုပ်ပေးပါ။ ရင် သားမှာ သွေးလှည့်ပတ်မှုကို ကောင်းစေ တာကြောင့် တင်းပြီး နာကျင်တာကို သက်သာစေပါတယ်။

ရေခဲကပ်ပေးပါ
ထိခိုက်နာကျင်မှုတွေ ခံစားရတဲ့ အခါ ရေခဲကပ်ပေးတာက သိသိသာသာ သက်သာစေပါတယ်။ ရေခဲကို အဝတ်စ သန့်သန့်နဲ့ ထုပ်ပြီး ရင်သားကို ကပ်ပေး ပါ။
မစားပါနှင့်
ရေခဲမုန့်၊ ချောကလက်၊ အချိုရည် စတာတွေကို မစားသင့်ပါ။ ကော်ဖီ၊ လက်ဖက်ရည် စတာတွေကလည်း ရင် သားနာကျင်မှုကို ဖြစ်စေတာကြောင့် သောက်သုံးမှုကို လျှော့ချသင့်ပါတယ်။

ဗီတာမင် E ဖြည့်စွက်ပါ
ဗီတာမင် E က ဗီတာမင် B အုပ်စု၊ ဗီတာမင် ဃ တွေ ပါဝင်တဲ့ အစားအစာ တွေ စားသလိုပဲ ရင်သားနာကျင်မှုကို သက်သာစေပါတယ်။ ရင်သားနာကျင် တာကို သက်သာစေဖို့ ဗီတာမင် န တစ် နေ့ကို ၂၀၀-၄၀၀ အိုင်ယူ သောက်သုံး ရပါမယ်။

ကိုယ်အလေးချိန် လျှော့ချပါ
ကိုယ်အလေးချိန် လျှော့ချလိုက် ပါက ရင်သားနာကျင်တာကို သက်သာ စေတာ တွေ့ရပါတယ်။ ခန္ဓာကိုယ်မှာ အဆီတွေများလာပါက ကိုယ်တွင်းအီ စထရိုဂျင်ထုတ်လုပ်မှုကို လျော့နည်းစေ ပါတယ်။ ရင်သားမှာ အဆီတွေများလာပါ က ရင်သားက အနည်းငယ်ထိမိတာနဲ့ နာကျင်မှုကို ပိုမိုခံစားရတတ်ပါတယ်။ ကိုယ်အလေးချိန်ကို လျှော့ချတာက ရင် သားနာကျင်မှုမဖြစ်အောင် အကောင်း ဆုံး ကာကွယ်နည်းတစ်ခုပါ။

သတ္တုဓာတ် စားသုံးပါ
ဆီလီနီယမ်၊ ကယ်လ်စီယမ်နဲ့ မဂ္ဂနီ ဆီယမ် စတဲ့ သတ္တုဓာတ်တွေက ရင်သား တင်းပြီး နာကျင်တာကို သက်သာစေပါ တယ်။ မဂ္ဂနီဆီယမ်က ရာသီစက်ဝန်းနီး ချိန်မှာ ဖြစ်တတ်တဲ့ ရင်သားနာကျင်တာ ကို သက်သာစေပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *