ရင်ပြည့်ရင်ကယ်ဖြစ်ပြီးမအီမသာခံစားနေရလား

ရင်ပြည့်ရင်ကယ်ဖြစ်တဲ့အခါ ဗိုက်အောင့်တာ၊ ရင်ပူတာ၊ လေပွ တာ၊ ပျို့အန်တာ၊ ခံတွင်းချဉ်တာနဲ့ ဝမ်းဗိုက်မအီမသာ ဖြစ်တာစတာ တွေကို ခံစားရနိုင်ပါတယ်။ ဒီလိုဝေဒနာတွေကို အကောင်းဆုံးနဲ့ အလွယ်ကူဆုံး ကျော်လွှားနိုင်ဖို့ဆိုရင် –

(၁) ရှောက်သီးနှင့် ချင်း
ရှောက်ရည် ထမင်းစားဇွန်း နှစ်ဇွန်း ကို ချင်းရည်လက်ဖက်စားဇွန်း နှစ်ဇွန်းကို ဖန်ခွက်ထဲရောထည့်ပြီး ခပ်နွေးနွေးရေ ကို ဖန်ခွက်ပြည့်တဲ့အထိ ဖြည့်ပါ။ ပျား ရည်အနည်းငယ်ရောထည့်ပြီး ထမင်းစား ပြီး ချိန်သောက်ပေးပါ။

(၂) နာနတ်သီး
ထမင်းစားပြီးနောက် နာနတ်သီး ဖျော်ရည်တစ်ခွက်သောက်ပေးပါက အစာကြေညက်စေပါတယ်။ နာနတ်သီး ထဲမှာပါတဲ့ ဘရိုမီလင်အင်ဇိုင်းက အစာ အိမ်ထဲက အက်စစ်ပမာဏကို ပုံမှန်ဖြစ်စေ ပြီး အစာခြေစနစ်ကို ကောင်းစေပါတယ်။

(၃) သံပရာသီး
ပျို့အန်ချင်တာ၊ အစာမကြေတာနဲ့ လေပွတာအတွက် အလွယ်တကူဖြေရှင်း ဖို့ဆိုရင် အစာစားပြီးတဲ့အခါ သံပရာရည် လက်ဖက်စားဇွန်းတစ်ဇွန်းကို ပျားရည်နဲ့ ဆတူရောပြီး သောက်ပေးပါ။

(၄) ကြက်သွန်ဖြူ
အစာမကြေလို့ဖြစ်တဲ့ ဗိုက်နာဗိုက် အောင့်တာကိုသက်သာစေဖို့ ကြက်သွန် ဖြူနဲ့ ပဲပိစပ်ဆီကို ဆတူရောပြီး ဝမ်းဗိုက် ကို ညင်သာစွာ ပွတ်လိမ်းပေးပါ။ အဆီ တွေ အရေပြားထဲ စိမ့်ဝင်ပြီး အစာမကြေ တာ လျော့နည်းကာ ဗိုက်နာဗိုက်အောင့် ဖြစ်တာ သက်သာလာပါတယ်။

(၅) ဒိန်ချဉ်
ဒိန်ချဉ်ထဲမှာ အကျိုးပြုဘက်တီးရီး ယားတွေ များစွာပါဝင်လို့ ဝမ်းဗိုက်မအီ မသာဖြစ်တာကို သက်သာစေတဲ့အပြင် ခန္ဓာကိုယ်ခုခံစွမ်းအားကိုလည်း မြင့်မား စေပါတယ်။ ရင်ပြည့်ရင်ကယ်တာသက် သာစေဖို့ဆိုရင် ဒိန်ချဉ်ထဲကို ပျားရည် တစ်ဇွန်းထည့်ပြီး တခြားအချိုဓာတ် ဘာ မှမရောထည့်ဘဲ စားသုံးပါ။

(၆) ချမိုမိုင်းလက်ဖက်ရည်
ချမိုမိုင်းလက်ဖက်ရည်ကို သောက် သုံးပေးပါက အစာအိမ်ရဲ့ကြွက်သားတွေ အနားရစေပြီး လေပွတာကို သက်သာစေ ပါတယ်။ အစာမကြေ ရင်ပြည့်ရင်ကယ် ဖြစ်တာကနေ သက်သာစေပါတယ်။ ချမို မိုင်းလက်ဖက်ရည်သောက်သုံးပြီး ပျို့ အန်ချင်တာမဖြစ်အောင်လည်း ကာကွယ် နိုင်ပါတယ်။

(၇) မုန်လာဥနီ
မုန်လာဥနီထဲမှာ အင်ဇိုင်းအမျိုးမျိုး ပါဝင်ပြီး ခံတွင်းမှ တံတွေးနဲ့ တခြားအစာ ချေဖျက်ပေးတဲ့ အင်ဇိုင်းတွေအထွက်များ အောင် လှုံ့ဆော်ပေးပါတယ်။ အဲ့ဒီလိုလှုံ့ ဆော်မှုကြောင့် အင်ဇိုင်းတွေ ထွက်ရှိပြီး အစာချေဖျက်တာကို ကောင်းမွန်စေပါ တယ်။ မုန်လာဥနီကို အစိမ်းအတိုင်း ဝါး စားတာ ဒါမှမဟုတ် ဖျော်ရည်လုပ် သောက်ပါ။

(၈) ပန်းသီးရှလကာရည်
ပန်းသီးရှလကာရည်က အစာအိမ် နဲ့အူလမ်းကြောင်းရဲ့ ပုံမှန်လုပ်ငန်းတွေကို ကောင်းမွန်စေပါတယ်။ ပန်းသီးရှလကာ ရည်တစ်ဇွန်း၊ ပျားရည်တစ်ဇွန်းကို ရေ တစ်ဖန်ခွက်ထဲထည့်ပြီး သောက်ပေးပါက အစာကြေညက်မှုကို ကောင်းမွန်စေပါ တယ်။ တစ်နေ့ ၂-၃ ကြိမ် သောက်ပေးပါ။

(၉) သစ်ကြံပိုးခေါက်
ဟင်းလျာတွေမှာ ဟင်းခတ်အမွှေး အကြိုင်အဖြစ် အသုံးပြုတဲ့ သစ်ကြံပိုး ခေါက်က အစာကြေညက်စေတယ်ဆို တာ သင်သိပါရဲ့လား။

(၁၀) လိမ္မော်သီး
လိမ္မော်သီးထဲမှာ စစ်ထရစ်အက်စစ် ပါဝင်လို့ အစာကြေညက်စေဖို့ဆိုရင် အ စာ မစားခင် လိမ္မော်ရည်တစ်ခွက်သောက် ပါ၊ ဒါမှမဟုတ် အစာမကြေတာကို ကာ ကွယ်ဖို့အတွက်အစာမစားခင် လိမ္မော်သီး တစ်လုံးစားပါ။ အစာအိမ်ထဲမှာ အက်စစ် ထုတ်လုပ်မှုကိုများစေပြီး အစာကြေညက် မှုကို ကောင်းမွန်စေပါတယ်။

(၁၁) စမုန်စပါး
အစပ်များတဲ့ အစားအစာ၊ ဒါမှမ ဟုတ် အစာ အများကြီးစားမိတဲ့အခါမျိုး မှာ မအီမသာဖြစ်ပါက စမုန်စပါးကို စား ပေးပါက သက်သာနိုင်ပါတယ်။ စမုန်စပါး ထဲမှာပါဝင်တဲ့ ဒြပ်ပေါင်းတွေက ပျို့အန် ချင်တာကိုလျော့နည်းစေပြီး လေပွတာကို လည်း သက်သာစေပါတယ်။ စမုန်စပါး အနည်းငယ်ကို အပူပေးပြီး အမှုန့်ကြိတ် ပါ။ ရလာတဲ့အမှုန့်ကို ရေတစ်ဖန်ခွက်ထဲ ထည့်ပြီး တစ်နေ့ နှစ်ကြိမ် သောက်ပါ။

(၁၂) မုန့်ဖုတ်ဆော်ဒါ
လေပွတာ၊ အစာတွေနဲ့ ပြည့်ကျပ် ပြီး ရင်ပြည့်ရင်ကယ်ဖြစ်ကာ အစာမကြေ တာတွေဖြစ်ပါက ဆော်ဒါမှုန့် တစ်ဇွန်းစာ ကို ရေဇွန်းတစ်ဝက်နဲ့ ရောပြီး သောက်ပါ။ ဆော်ဒါထဲမှာပါဝင်တဲ့ ကာဗွန်ဒိုင်အောက် ဆိုဒ်က အစာအိမ်ထဲက လေတွေကို အပြင်ထွက်အောင် တွန်းထုတ်ပေးပါ တယ်။ နာတာရှည် အစာမကြေဖြစ်တာ အတွက်တော့ ဆော်ဒါမှုန့်ကို အသုံးမပြု သင့်ပါ။

(၁၃) ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ်မှာ ဝမ်းပျော့စေ တဲ့ အာနိသင်နဲ့ အစာချေဖျက်မှုကို အား ပေးတဲ့ အာနိသင်တွေရှိပါတယ်။ ရှား စောင်းလက်ပပ်က အစာအိမ်ထဲက အက် စစ်ကို ဓာတ်ပြယ်စေပြီး အစာမကြေတာ ကြောင့် ခံစားရတဲ့ ရင်ပူတာကို အလျင် အမြန် သက်သာစေပါတယ်။

(၁၄) သလဲသီး
သလဲသီးကို ပျားရည်တစ်ဇွန်းနဲ့ ရောပြီး ဖျော်ရည်လုပ်သောက်ပါက မူး ဝေတာ၊ ပျို့အန်ချင်တာနဲ့ အစာမကြေ တာတွေကိုသက်သာစေပါတယ်။ တစ် နေ့ကို ၂-၃ ကြိမ် သောက်ပေးပါ။

(၁၅) နွားနို့
အစာမကြေတာကို သက်သာစေဖို့ အစာမစားခင်၊ ဒါမှမဟုတ် အစာစားပြီး ချိန်မှာ နွားနို့ပူပူ တစ်ခွက်ကို မှုတ်သောက် ပါ။ နွားနို့ထဲကို ဇီရာစေ့မှုန့် တစ်ဇွန်းထည့် သောက်ပါက အစာမကြေတာကို အလျင် အမြန်သက်သာစေပါတယ်။

(၁၆) နံနံစေ့
နံနံစေ့ကို လှော်ပြီး အမှုန့်ထောင်း ကာ နွားနို့ထဲ ထည့်သောက်ပါ။ တစ်နေ့ နှစ်ကြိမ်သောက်ပေးပါ။ အစာမကြေတာ ကိုသက်သာစေပါတယ်။ နံနံစေ့၊ လေး ညှင်းစေ့၊ ဖာလာစေ့၊ ချင်းတို့နဲ့ ရော ထောင်းပြီး နွားနို့ထဲထည့် သောက်တာမျိုး လည်း ပြုလုပ်နိုင်ပါတယ်။

(၁၇) လက်ဖက်ရည်ကြမ်း
အစာစားတာ များသွားတဲ့အခါမျိုးမှာ လက်ဖက်ရည်ကြမ်းကို သောက်သုံးပေး ပါက အစာကြေညက်မှုကို ကောင်းမွန်စေ ပါတယ်။ ကြိုက်နှစ်သက်ရာ လက်ဖက် ခြောက်ကို ရေနွေးပူပူထဲထည့်ကာ ၅ မိနစ် စိမ်ထားပါ။ ပြီးမှ သောက်သုံးပါ။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal