ရနံ့ကုထုံးအမွှေးတိုင်ပြုလုပ်နည်း

ကျွန်မတို့ အလုပ်ကပြန်လာလို့ မောပန်းနွမ်းနယ်လာတဲ့အခါမှာ သံပရာရနံ့၊ သစ်ကြံပိုးခေါက်ရနံ့လိုမျိုး ရနံ့တစ်ခုခုရလိုက်ရင် လန်း သွားတတ်ကြတယ်မလား။ စိတ်ဖိစီးမှုတွေ၊ ပင်ပန်းနွမ်းလျမှုတွေ အတွက် ရနံ့ကုထုံးက မရှိမဖြစ်လိုအပ်တယ်လေ။ ဒီတော့ ပင်ပန်း သမျှပျောက်ပြီး အိပ်ကောင်းခြင်းနဲ့ အိပ်စက်နိုင်ဖို့ ရနံ့ကုထုံးအမွှေး တိုင်ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါရစေ။

လိုအပ်တာတွေက . . .
– စန္ဒကူးမှုန့် ထမင်းစားဇွန်းနှစ်ဇွန်းစာ
– Rosemary essential oil သငူ ထမင်းစားဇွန်းတစ်ဇွန်းစာ
-စန္ဒကူးမှုန့်နှစ်ဆ Essential oil တစ်ဆ)
– ဟင်းခတ်အမွှေးအကြိုင်ရွက်များ (သစ်ကြံပိုးခေါက်၊ စမုန်စပါး၊ နာနတ်ပွင့်၊ လေးညှင်းပွင့် စသဖြင့်)
– ရေ
– အမွှေးတိုင်ပြုလုပ်သည့်တုတ်ချောင်းလေးများ

ပြုလုပ်နည်း
– စန္ဒကူးမှုန့်တွေကို ရေအနည်းငယ်နဲ့ ပျစ်နှစ်နေအောင် ရောစပ်မွှေပါ။ (ကြိတ်ဆုံ၊ ငရုတ်ဆုံ သန့်သန့်ကို အသုံးပြုနိုင်ပါတယ်။ ရေအများကြီးအသုံးမပြုပါနဲ့)
– ပြီးရင် အဲဒီအနှစ်တွေကို အပြင်ထုတ်ကာ မိနစ် ၃၀ ခန့် နှပ်ထားပြီး ဟင်းခတ်အမွှေး အကြိုင်တွေဖြစ်တဲ့ သစ်ကြံပိုးခေါက်မှုန့်၊ နာနတ်ပွင့်၊ လေးညှင်းပွင့်၊ စမှုန်စပါး စတာတွေကို မှုန့်ညက်နေအောင် ထောင်းပါ။ (သင်ကြိုက်နှစ်သက်ရာ ဟင်းခတ်အမွှေးအကြိုင်တွေကို အသုံးပြုနိုင်ပါတယ်)
– ဟင်းခတ်အမွှေးအကြိုင်မှုန့် လက်ဖက်ရည်ဇွန်း ၁၀ ဇွန်းစာခန့်ကို ခုနက ပြုလုပ်ထားတဲ့ အနှစ်နဲ့ ရောစပ်ပြီး ထပ်ကြိတ်ပါ။
– အဲဒီအနှစ်ထဲကအဆီတွေ၊ အရည်တွေ အရည်စစ်ပြီး ခြောက်သွေ့နိုင်ဖို့ makko powder တစ်ရာခိုင်နှုန်း(လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ)ခန့် ထည့်ကြိတ်ပေးရပါမယ်။
– သေချာရောသမပြီး ညက်သွားပြီဆိုရင် အဲဒီထဲကို Rosemary Essential Oil ထမင်းစားဇွန်းတစ်ဇွန်းစာခန့်ကို ထည့်မွှေပါ။
– ပြီးရင် အဲဒီအနှစ်ကို စဉ်းတီတုံးသန့်သန့်ပေါ်တင်ပြီး ဂျုံနယ်သလို လက်နဲ့ ဖိကာ သမပေးပါ။
– အရည်စစ်သွားအောင် မိနစ် ၃၀ ခန့် နှပ်ပေးပါ။
– အရည်စစ်ပြီး စေးစေးပိုင်ပိုင်ဖြစ်သွားပြီဆိုရင် အဲဒီအနှစ်အနည်းငယ်ကို ဖြန့်ခင်းပြီး အမွှေးတိုင်လုပ်တဲ့ တုတ်ချောင်းကိုအလယ်မှာ ထည့်ကာ လှိမ့်ပေးပါ။ (လက်နဲ့ ဒီအတိုင်း လှိမ့်ပေးလို့ ရသလို ဒလိမ့်တုံးအသုံးပြုပြီးလည်း လှိမ့်ပေးနိုင်ပါတယ်)
– ပြီးရင် အဲဒီအချောင်းတွေကို ယူကာ ဖယောင်းစက္ကူပေါ်တင်ပြီး ခြောက်သွေ့အောင် ထားပါ။ ခြောက်သွားပြီဆိုရင် အိတ်တစ်ခုထဲ ထည့်ပိတ်ကာ သိမ်းဆည်းပါ။
– အခုဆိုရင် ကိုယ်တိုင်လုပ် ရနံ့ ကုထုံး အမွှေးတိုင်ရရှိသွားပြီမို့ အလုပ်က ပြန်လာတာနဲ့ အမွှေး တိုင်လေးကို ကိုယ့်အိပ်ခန်း ဒါမှ မဟုတ် ဧည့်ခန်း တစ်နေရာရာမှာ ထွန်းညှိလိုက်တော့နော်။

ဆူးမြာ 

Post Author: Good Health Journal