ရာသီတုပ်ကွေး Seasonal Flu H1N1 အကြောင်း သိစေချင်

ရာသီဥတုပြောင်းလဲလာသည်နှင့် အမျှ ရာသီတုပ်ကွေး (Seasonal Flu) ရောဂါလည်း ခေါင်းထောင်လာပါသည်။ Influenza Virus တုပ်ကွေးဗိုင်းရပ်စ် A,B,C နှင့် D ဟူ၍ လေးမျိုးရှိသည့်အ နက်Type A နှင့် B ကြောင့် ရာသီတုပ် ကွေး ဖြစ်လေ့ရှိပါသည်။ Seasonal Flu H1N1 သည် ရာသီအလိုက်ဖြစ်နေကြ သောကြောင့် လူအများတွင် ခံနိုင်ရည် (ခုခံအား)အထိုက်အလျောက်ရှိပြီးသား ဖြစ်ပါသည်။ ရောဂါလက္ခဏာပြင်းပြင်း ထန်ထန် ပြလေ့မရှိပါ။ သို့ရာတွင် ကိုယ် ခံအားကျသူများတွင် ပြင်းထန်နမိုးနီးယား (Severe Pneumonia)ဖြစ်ကာ အ သက်ဆုံးရှုံးသည်အထိ ဖြစ်တတ်ပါသည်။

H1N1 ဆိုသည်မှာ

H1N1 ဆိုသည်မှာInfluenza Virus Type A ၏ မျိုးကွဲတစ်ခုဖြစ်ပါ သည်။ တုပ်ကွေးဗိုင်းရပ်စ် မျက်နှာပြင် တွင်ရှိသော ပရိုတင်းဓာတ်များဖြစ်သည့် Hemagglutinin ကို အတိုကောက် H ဟု ခေါ်ပြီးNeuraminidasesကို N ဟု ခေါ်ပါသည်။ Seasonal H1N1 သည် ဖြစ်နေကျရာသီတုပ်ကွေးဖြစ်ပါသည်။

H1N1 ရောဂါပိုးကူးစက်ခြင်း

H1N1 ရောဂါပိုးသည် လူလူချင်း နှာချေချောင်းဆိုးခြင်းနှင့် အသက်ရှူ လမ်းကြောင်းမှ ထွက်သော အမှုန်အမွှား များမှတစ်ဆင့်ကူးပါသည်။

H1N1 ရောဂါကူးခံရပါက ဖြစ်တတ်သော လက္ခဏာများ

ယေဘုယျလက္ခဏာများမှာ Influenza Like Illness (ILI) တုပ် ကွေးနှင့်ဆင်တူသောလက္ခဏာများကို ပြ တတ်ပါသည်။ ကိုယ်လက်မအီမသာဖြစ် ခြင်း၊ အဖျားကြီးခြင်း၊ ခေါင်းကိုက်ခြင်း၊ အဆစ်အမျက်နှင့် ကိုယ်လက်များ ကိုက် ခဲခြင်း၊ လည်ချောင်းနာခြင်း၊ နှာရည်ယို ခြင်း၊ တစ်ခါတစ်ရံ အော့အန်ခြင်းနှင့် ဝမ်းသွားခြင်းတို့ ဖြစ်ပါသည်။

H1N1 ဖြစ်ပါက ကြောက်ရမည့်သူများ

H1N1 ဖြစ်ပါက အောက်ခံနာတာ ရှည်ရောဂါရှိသူများတွင် ကြောက်စရာ ကောင်း၍ ဂရုစိုက်ရပါမည်။ အဆုတ်၊ နှ လုံးနှင့် ကျောက်ကပ်မကောင်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ခုခံအားကျ ရောဂါရှိသူများ(ဥပမာ HIV/AIDS လူ နာများ)နှင့် ကိုယ်အင်္ဂါအစားထိုးကုသ ထားသူများတွင် ရောဂါကူးစက်ခံရပါက Severe Pneumonia သို့မဟုတ် Severe Acute Respiratory Distress Syndrome ဟု ခေါ်သော ပြင်းထန်နမိုးနီးယားဖြစ်ပြီး အသက်ဆုံး ရှုံးရသည်အထိ ဖြစ်တတ်ပါသည်။

H1N1 ဖြစ်ကြောင်းစစ်ဆေးခြင်း

အမှန်တကယ်အားဖြင့် ရောဂါ လက္ခဏာများရှိတိုင်း H1N1 ဟူ၍ မပြော နိုင်ပါ။ လက္ခဏာများရှိပါက တုပ်ကွေး နှင့်ဆင်တူသော လက္ခဏာဟူ၍သာ ပြောနိုင်ပါသည်။ RIDT (Rapid Influenza Diagnostic Test) နှင့် စစ် ဆေးပါက သေချာပါသည်။ မိနစ် ၃၀ နှင့် အဖြေထွက်သော ဆေးစစ်ကိရိယာသုံး ပြီး စစ်ဆေးခြင်းဖြစ်ပါသည်။ DFA (Direct Immunofluorescence Assay) နည်းနှင့် ဓာတ်ခွဲခန်းတွင် စစ် ပြီး H1N1 ဟူ၍ ပြောနိုင်ပါသည်။ H1N1 လူနာ ၁၀၀ ရှိပါက အများဆုံး အယောက် ၇၀ ကို ဖော်ထုတ်ပေးနိုင်ပါ သည်။ rRt-PCT (Real time reverse transcriptaste Polymerase Chain Reaction) ဆိုသော Test ဖြင့် စစ်ပါက ပို၍ ကောင်းပါသည်။

H1N1 Vaccine ကာကွယ်ဆေးထိုးခြင်း

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO အနေဖြင့် H1N1 တုပ်ကွေးကာကွယ် ဆေးထိုးပါက ပို၍ကောင်းပါသည်ဟု သတ်မှတ်ပါသည်။ သို့ရာတွင် မဖြစ်မနေ ထိုးရန် တိုက်တွန်းခြင်းမရှိပါက H1N1, H3N2 နှင့်Influenza B ဟူ၍ အနည်း ဆုံး သုံးမျိုးတွဲပြီး ထုတ်ပေးထားပါသည်။

ကုသခြင်း

H1N1 ဖြစ်သူတိုင်း မသေနိုင်ပါ။ အများစုသည် မိမိကိုယ်တွင်းခုခံအား ကောင်းမွန်သူဖြစ်ပါက အိမ်တွင် မိမိဘာ သာဆေးသောက်ပါက ပျောက်အောင် ကုနိုင်ပါသည်။ တုပ်ကွေးနှင့် ဆင်တူ သော လက္ခဏာများရှိပါက အိမ်တွင် နား နားနေနေ နေထိုင်ရပါမည်။ Paracetamolသူ ကဲ့သို့သော အကိုက်အခဲပျောက် ဆေးကို သောက်ရပါမည်။ ရေ သို့မဟုတ် သန့်ရှင်းလတ်ဆတ်သော သစ်သီးဖျော် ရည်များများသောက်ရပါမည်။ လုံလောက် စွာ အိပ်စက်အနားယူပါက ရက်အနည်း ငယ်အတွင်း ပျောက်ကင်းနိုင်ပါသည်။
သို့ရာတွင် တုပ်ကွေးနှင့် ဆင်တူ သော လက္ခဏာများဖြစ်ပြီး အသက်ရှူ ကျပ်လာခြင်း၊ သုံးရက်အထက် အများ ဆက်တိုက်ကြီးနေပါက နီးရာဆေးရုံသို့ လျင်မြန်စွာ ပြသရပါမည်။

ရောဂါကို ကာကွယ်ခြင်း

နှာချေ၊ ချောင်းဆိုးသူများနှင့်တွေ့ ပါက သုံးမီတာ(သုံးကိုက်)အနည်းဆုံး အကွာတွင် နေရပါမည်။ မလိုအပ်ဘဲ လူ စည်ကားသောနေရာများသို့ သွားခြင်းကို ရှောင်ကြဉ်ရပါမည်။ အပြင်က ပစ္စည်းများ ကိုင်တွယ်ပြီးပါက လက်ကို ဆပ်ပြာနှင့် သေချာစွာ ဆေးရပါမည်။ မိမိ၏ ခုခံအား ပြည့်နေစေရန် အိပ်ရေး၀၀အိပ်ရပါမည်။ ကောင်းကောင်းစားရပါမည်။ အရည် များများ သောက်ရပါမည်။
မိမိကိုယ်တိုင် နှာစေး၊ ချောင်းဆိုး ဖြစ်ပါက လူစည်ကားသော နေရာသို့ မသွားသင့်ပါ။ နှာစေး၊ ချောင်းဆိုးပါက လက်ကိုင်ပဝါအုပ်၍ဖြစ်စေ၊ မိမိလက်ဖြင့် အုပ်၍ ဖြစ်စေ၊ မိမိအင်္ကျီလည်ပင်းပေါက် ထဲ ခေါင်းထည့်၍ ဖြစ်စေ နှာချေချောင်း ဆိုးရပါမည်။

နှာခေါင်းစည်းတပ်ခြင်း

WHO ၏ အကြံပြုချက်အရN95 ကို ရောဂါအဖြစ်များနေသော (Out-break delcare လုပ်ထားသော) ဒေသ ရှိ ကျန်းမာရေးဝန်ထမ်းများ တပ်သင့်ပါ သည်။ ၎င်းတို့သည် ရောဂါကူးစက်ခံရ နိုင်ခြေများသောကြောင့် ဖြစ်ပါသည်။ N96 ဆိုသည်မှာ လေထဲရှိ အလွန်သေး ငယ်သော အမှုန်အမွှားများ (0.3 micron အထိ)ကို ၉၅ ရာခိုင်နှုန်းအထိ စစ်ထုတ်ပေးနိုင်၍ ဖြစ်ပါသည်။
သာမန်အရပ်သားများအတွက် H1N1၁ ကာကွယ်ရေးတွင်ြ၉၅ ကို မဖြစ်မနေတပ်၍ WHO ၏ အကြံပြု ချက်မရှိပါ။ အစိမ်းရောင် Surgical Mask များကို နှာချေ၊ ချောင်းဆိုးနေသော မည်သူမဆို တပ်သင့်ပါသည်။ မိမိထံမှ ရောဂါပိုးများ အခြားသူများထံသို့ အ လွယ်တကူမပြန့်ပွားစေရန်အတွက် ဖြစ် ပါသည်။
နှာခေါင်းစည်း Mask များကို သေ ချာစွာ စနစ်တကျ စွန့်ပစ်ရပါမည်။ အသုံး ပြုပြီး တစ်ခါသုံး Mask များကို မီးရှို့ခြင်း၊ အရက်ပြန် သို့မဟုတ် ပိုးသတ်ဆေးရည် တစ်မျိုးမျိုး စိမ်ပြီးမှ လွှင့်ပစ်ရပါမည်။ Mask များကို စနစ်တကျ သေချာစွာ မ စွန့်ပစ်နိုင်ပါက Mask မတပ်ခြင်းသည် ပို၍ကောင်းပါသည်။ သေချာမစွန့်ပစ်ပါ က ရောဂါပြန့်ပွားခြင်းကို ပို၍အားပေးသ ကဲ့သို့ ဖြစ်တတ်ပါသည်။

အကြံပြုချက်

H1N1 ကို Seasonal H1N1 နှင့် Pandemic H1N1 ဟူ၍ နှစ်မျိုးခွဲခြား ထားပါသည်။ Seasonal H1N1 သည် ဖြစ်နေကျရာသီတုပ်ကွေးဖြစ်သော် လည်း Pandemic H1N1 သည် ကူး စက်မြန်တုပ်ကွေးဖြစ်ပါသည်။ Pandemic H1N1 ကို Laboratory Confirm ဖြင့် အတည်ပြုနိုင်ပါက စိုးရိမ်ရနိုင်ပါ သည်။ ရာသီတုပ်ကွေး Seasonal H1N1 ရောဂါဖြစ်ပွားသေဆုံးမှုသည် လူ နာ ၁၀၀ တွင် တစ်ယောက် မသေသော် လည်း Pandemic H1N1 ဖြစ်ပါက လူ ၁၀၀ တွင် ၆၀ ဦး သေဆုံးနိုင်ပါသည်။ ထို့ကြောင့် ရာသီတုပ်ကွေး မဖြစ်စေရန် ကြိုတင်ကာကွယ်ခြင်းများ ဆောင်ရွက်ရ ပါမည်။

ဒေါက်တာမြင့်သန်းထွန်း
ပြည်သူ့ကျန်းမာရေး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *