ရာသီပေါ်တုပ်ကွေးရောဂါ (သို့မဟုတ်) မိုးရာသီနှင်အတူပါလာသောရောဂါ

ရာသီပေါ်တုပ်ကွေးရောဂါက ဘယ်လိုနည်း လမ်းတွေနဲ့ကူးစက်နိုင်ပါသလဲ ဆရာမ။
တုပ်ကွေးရောဂါဖြစ်နေသူက နှာ ချေ၊ ချောင်းဆိုးလိုက်တဲ့အခါထွက်လာတဲ့ အမှုန်အမွှားလေးတွေကို တခြားတစ် ယောက်က တိုက်ရိုက်ရှူမိတဲ့အခါ တုပ် ကွေးဗိုင်းရပ်စ်ပိုး တိုက်ရိုက်ကူးပါတယ်။ တချို့တွေမှာတော့ အဲဒီအမှုန်အမွှားတွေ က တံခါးလက်ကိုင်မှာ၊ ထိုင်ခုံမှာ၊ စားပွဲ မှာ ကပ်နေမယ်၊ အဲဒီနေရာကို လက်နဲ့ ကိုင်မိမယ်၊ အဲဒီလက်နဲ့ နှာခေါင်းကို ပွတ် မိမယ်ဆိုရင် ဗိုင်းရပ်စ်ပိုးက နှာခေါင်းက တစ်ဆင့် အသက်ရှူလမ်းကြောင်းထဲ ဝင် သွားမယ်၊ အဲဒီလိုနည်းနဲ့ သွယ်ဝိုက်ပြီး လည်း ကူးစက်ပါတယ်။ အများဆုံးကူး စက်တာကတော့ တိုက်ရိုက်ကူးစက်တာ များပါတယ်။ အသက်ရှူလမ်းကြောင်းက နေ ကူးစက်တာကြောင့် အိမ်တစ်အိမ်မှာ တစ်ယောက် တုပ်ကွေးရောဂါဖြစ်ရင် ကျန်တဲ့တစ်အိမ်သားလုံးလည်း တုပ် ကွေး ရောဂါဖြစ်ပွားကြပါတယ်။ အများ ဆုံးကူးစက်တတ်တဲ့ အသက်အရွယ်က နှစ်နှစ်အောက်ကလေးတွေ၊ အသက် ၆၅ နှစ်အထက်တွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ အခံရောဂါရှိသူတွေမှာ ပိုတွေ့ရပါတယ်။
လက်ကတစ်ဆင့်လည်း ကူးစက် နိုင်တာကြောင့် ချောင်းဆိုးတဲ့အခါ စနစ် တကျ ချောင်းဆိုးတတ်ဖို့လိုပါတယ်။ ချောင်းဆိုးပြီးတဲ့အခါ တခြားသူကို၊ ပစ္စည်းတွေကို မကိုင်တွယ်ခင် လက်အရင် ဆေးဖို့လိုပါတယ်။ တုပ်ကွေးဖြစ်သူအနား မှာ နေတဲ့သူတွေ၊ ပြုစုပေးသူတွေက လက်မကြာခဏ ဆေးရမယ်၊ နှာခေါင်း စည်း စည်းထားရမယ်၊ လူထူတဲ့နေရာမှာ အလွယ်တကူ ချောင်းဆိုးလိုက်တာ၊ နှာ ချေလိုက်တာက ကိုယ်ကနေ တခြားလူအ များကြီးကို ဗိုင်းရပ်စ်ပိုးတွေ ကူးစက်သွား စေပါတယ်။ ဒါကြောင့် တုပ်ကွေးဖြစ်နေရင် လူထူတဲ့နေရာတွေကိုမသွားဘဲ အိမ်မှာ ပဲ နားနားနေနေ နေသင့်ပါတယ်။ ကျောင်းသားဆိုရင်လည်း ကျောင်းမသွား ဘဲနေတာ၊ ရုံးဝန်ထမ်းဆိုရင်လည်း ရုံး မတက်ဘဲ ခွင့်ယူလိုက်တာတွေ လုပ်ပါက ကူးစက်ခံရမှု နည်းသွားစေပါတယ်။

တုပ်ကွေးဗိုင်းရပ်စ်ပိုး အမျိုးအစားတွေ ဘယ် လောက်ရှိပါသလဲ ဆရာမ။
ရာသီပေါ်တုပ်ကွေးရောဂါမှာ အင်ဖ လူရမ်ဇာ(Influenza) ) ဗိုင်းရပ်စ်ပိုးကို A, B, C ဆိုပြီး ခွဲခြားထားပါတယ်။ A အောက်မှာ H1N1 နဲ့ H5N1ဆိုပြီး လူ တွေကြားမှာ အဓိကကူးစက်တဲ့ မျိုးစိတ် နှစ်မျိုး ထွက်လာပါတယ်။ B မှာလည်း မျိုးစိတ်တွေ အများကြီးရှိပါတယ်။ C က တော့ ကူးစက်တာ နည်းပါတယ်။ ရံဖန် ရံခါမှပဲ ကူးစက်ပါတယ်။

ရာသီပေါ်တုပ်ကွေးက ဘယ်လိုအချိန်တွေမှာ ဖြစ်ပွားမှုများပါသလဲ ဆရာမ။
အေးတဲ့နိုင်ငံတွေမှာ အေးတဲ့ ဆောင်းရာသီမှာ ဖြစ်ပွားလေ့ရှိကြတယ်။ အပူပိုင်းဒေသမှာရှိတဲ့ မြန်မာနိုင်ငံလိုနိုင်ငံ မှာတော့ စိုစွတ်တဲ့မိုးရာသီမှာ အဖြစ်များ ပါတယ်။ မိုးကျပြီဆိုတာနဲ့ တုပ်ကွေးဗိုင်း ရပ်စ်ပိုးတွေပါလာပြီး မိုးကုန်တာနဲ့ ဗိုင်း ရပ်စ်ပိုးတွေ မရှိတော့ပါဘူး။ တစ်နှစ်ပတ် လုံး တခြားဗိုင်းရပ်စ်ပိုးတွေရှိပေမယ့် မိုး တွင်းမှာ အဓိကက မြန်မာနိုင်ငံအနေနဲ့ တွေ့ရတာက ကလေးတွေမှာ သွေးလွန် တုပ်ကွေး၊ လူကြီးတွေရော၊ ကလေးတွေ ရော ဖြစ်နိုင်တာက ရာသီပေါ်တုပ်ကွေး၊ အဲဒီနှစ်ခုက မိုးကျပြီဆိုတာနဲ့ တစ်ပြိုင် နက်တည်း တွေ့ရပါတယ်။

တုပ်ကွေးရောဂါလက္ခဏာတွေကို ရှင်းပြပေးပါ။
တုပ်ကွေးဗိုင်းရပ်စ်ပိုး စတင်ကူးစက် ခံရပြီး နှစ်ရက်အတွင်း တုပ်ကွေးလက္ခ ဏာတွေ ဖြစ်ပေါ်ပါတယ်။ ရုတ်တရက် ချမ်းတုန်ပြီး ဖျားတယ်၊ ချောင်းဆိုးတယ်၊ ခေါင်းကိုက်တယ်၊ အဆစ်အမျက်တွေနဲ့ ကြွက်သားတွေ နာတယ်၊ လုံးဝ မလှုပ်ချင် ဘူး၊ ကွေးနေချင်တယ်၊ လည်ပင်းနာ တယ်၊ နှာစေးတယ်။ ချောင်းဆိုးတာက စဆိုးတဲ့အချိန်ကနေ နှစ်ပတ်၊ သုံးပတ် လောက်အထိ ကြာသွားနိုင်တယ်။ ရောဂါ ဖြစ်ပွားပြီးရင် အများစုက လိုအပ်တဲ့ ဆေးဝါးသောက်သုံးလိုက်ရင် တစ်ပတ်-နှစ်ပတ်အတွင်း သူ့ဘာသာသူ ပြန်ကောင်း သွားကြတယ်။

ဘယ်သူတွေမှာ တုပ်ကွေးရောဂါ ပိုဆိုးနိုင်ခြေ များပါသလဲ ဆရာမ။
အခံရောဂါတစ်ခုခု ရှိနေသူတွေမှာ တုပ်ကွေးရောဂါက ပိုဆိုးနိုင်ပါတယ်။ ကိုယ်ခံအား မကောင်းဘူး၊ နာတာရှည် ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ၊ အ ဆုတ်ရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ ကင်ဆာရောဂါ၊ AIDS ရောဂါရှိသူ တွေမှာ နဂိုကတည်းက ကိုယ်ခံအား နည်းနေတာကြောင့် တော်တော်နဲ့ နာလန် မထူဘဲတစ်ခါတစ်ရံမှာ အသက်ဆုံးရှုံး ရတဲ့ အထိ ဖြစ်တတ်ပါတယ်။ ကျွန်မရဲ့ သုတေသနဆိုင်ရာ အတွေ့အကြုံအရ အသက် ၆၅ နှစ်ကျော်၊ နာတာရှည် အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းရောဂါ ရှိသူ လူကြီးတွေဟာ H3N2 တုပ်ကွေး ဗိုင်းရပ်စ်ပိုး ကူးစက်ပြီးနောက် Respi-ratory Failure လို့ခေါ်တဲ့ အဆုတ် နဲ့အသက်ရှူလမ်းကြောင်း အလုပ်မလုပ် နိုင်လို့ အသက်အန္တရာယ်နဲ့ ကြုံတွေ့ရ တာကို တွေ့ရပါတယ်။ အသက်ကြီးသူ တွေ အတော်များများ အသက်ဆုံးရှုံး တာကို ကြုံခဲ့ရပါတယ်။ အဲဒီနှစ်မှာ တုပ် ကွေးဗိုင်းရပ်စ်ပိုး မျိုးစိတ်တွေကို စပြီး လေ့လာတာပါ။ အဲဒီနှစ်က ကူးစက်တာက H3N2 ဗိုင်းရပ်စ်ပိုးဖြစ်ပြီး သက်ကြီး အတော်များများ အသက်ဆုံးရှုံးတာကို သတိထားလိုက်မိပါတယ်။ တစ်ကမ္ဘာလုံး မှာ တုပ်ကွေးကြောင့် သေဆုံးသူတွေဟာ ရာသီပေါ်တုပ်ကွေးကြောင့်ပဲ သေဆုံးကြ တာများပါတယ်။ ကြက်ငှက်တုပ်ကွေး ကြောင့် သေဆုံးနှုန်းက ရာသီပေါ်တုပ် ကွေးကြောင့် သေဆုံးနှုန်းလောက် မများ ပါဘူး။

တုပ်ကွေးရောဂါအတွက် ဘယ်လိုဆေးဝါးကုသ မှုတွေ ခံယူသင့်ပါသလဲ ဆရာမ။
ကိုယ်ခံအားကောင်းတယ်၊ တခြား အခံရောဂါတွေလည်း မရှိဘူးဆိုရင် တုပ် ကွေးရောဂါအတွက် ဆေးဝါးတွေ သီး သန့်သုံးစရာ မလိုပါဘူး။ အဖျားကျဆေး၊ နှာစေး၊ ချောင်းဆိုးပျောက်ဆေးတွေ သောက်ရုံနဲ့ သက်သာပျောက်ကင်းပါ တယ်။ မသက်သာဘူးဆိုရင်တော့ ဗိုင်း ရပ်စ်ပိုးနှစ်မျိုးကို ကာကွယ်တားဆီးတဲ့ Antiviral ဆေးရှိပါတယ်။Neura-minidase inhibitors (NAIs) နဲ့ Oseltamivir (Tamiflu) တွေရှိပါ တယ်။ ကိုယ့်လူနာက တုပ်ကွေးဖြစ်ပြီး တော်တော်နဲ့ နာလန်ထူဖို့ ခက်ခဲမယ်၊ ဆေးတွေဝယ်ဖို့လည်း လက်လှမ်းမီတဲ့ အနေအထားမျိုးဖြစ်တယ်ဆိုရင်တော့ လိုအပ်ရင် သုံးစွဲနိုင်ပါတယ်။
မြန်မာနိုင်ငံထဲကို အိမ်နီးချင်းနိုင်ငံ တွေကနေ တုပ်ကွေးရောဂါပိုး သယ်လာ တယ်၊ တချို့တွေက နိုင်ငံခြားမှာ တုပ် ကွေးကုသဖို့ ဆေးတွေ သုံးစွဲခဲ့ကြတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံမှာ တုပ်ကွေး အတွက် ဗိုင်းရပ်စ်ပိုးအတွက် ဆေးတွေ သုံးစွဲတာမျိုး မရှိပေမယ့် သုတေသနအရ တွေ့ရှိရတဲ့ တုပ်ကွေးဗိုင်းရပ်စ်ပိုးတွေက ဆေးယဉ်နေတာကို တွေ့ရတယ်။ ကိုယ် က ဆေးမသုံးစွဲဖူးပေမယ့် ကိုယ့်ဆီမှာ တွေ့ရတဲ့ တုပ်ကွေးဗိုင်းရပ်စ်ပိုးက ဆေး ယဉ်ပြီးသား ဖြစ်နေတာကိုတွေ့ရပါတယ်။

တုပ်ကွေးကာကွယ်ဆေးက အပြည့်အဝ ကာ ကွယ်ပေးနိုင်ပါသလား ဆရာမ။
တုပ်ကွေးကာကွယ်ဆေးကို ထုတ် လုပ်တဲ့အခါ ဒီနှစ်စဉ်မှာဖြစ်ပွားတဲ့ တုပ် ကွေးဗိုင်းရပ်စ်ပိုးတွေကို သုတေသနပြု လုပ်ပြီး နောင်နှစ်မှာ ထွက်လာနိုင်တဲ့ပိုးကို ကြိုတင်တွက်ချက်ကာ ထုတ်ထားတဲ့ ဆေးဖြစ်ပါတယ်။ အရင်က တုပ်ကွေးကာ ကွယ်ဆေးက A ဘက်က မျိုးစိတ် နှစ် မျိုးနဲ့ B ဘက် မျိုးစိတ်တစ်မျိုးကို ကာ ကွယ်တဲ့ သုံးမျိုးပေါင်းထားတဲ့ Trivalent ဆိုပြီး ထုတ်လုပ်ထားပါတယ်။ အခုဆိုရင် A ဘက်က နှစ်ခုနဲ့ B ဘက်က နှစ်ခု ပေါင်းထားတဲ့ Trivalent ဆိုပြီး ပေါ်လာ ပါတယ်။ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဗိုင်းရပ်စ်ပိုး လေးမျိုးကို ကာကွယ်တဲ့ဆေးတွေပေါ် လာပါပြီ။ အရင်က ကမ္ဘာရဲ့ မြောက်ဘက် ခြမ်းနဲ့တောင်ဘက်ခြမ်းဆိုပြီး ဖြစ်ပွားမှု များတာပေါ် မူတည်ပြီး ထုတ်လုပ်ထားကြ ပါတယ်။ ခုနောက်ပိုင်းတော့ မြောက် ဘက်နဲ့ တောင်ဘက်မှာ ဖြစ်ပွားတာက သိပ်မကွာတော့ပါဘူး။ အားလုံးလိုလို အတူတူပဲ ဖြစ်ပါတယ်။

ပါမောက္ခဒေါက်တာရတနာကျော်
အဆုတ်နှင့်ရင်ခေါင်း အထူးကုသမားတော်ကြီး

 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *