လက်တွဲဖော်ကို ဝေးဝေးပြေးစေမယ့် အမှား (၅) ချက်

သင်ကိုယ်တိုင်မှာလည်း စိတ်ဟာ အမျိုးမျိုးပြောင်းလဲနေတာဖြစ်ပြီး သင့် လက်တွဲဖော်လည်း ဒီလိုပဲဖြစ်မှာမို့ စိတ် ပိုင်းဆိုင်ရာမှာ လူတစ်ယောက်ရဲ့စိတ်ကို သင့်စိတ်တိုင်းကျ လိုက်ပြီးထိန်းချုပ်ပြု ပြင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ Relationship တစ်ခုစတင်ပြီးမှ တချို့တွေက တဖြည်းဖြည်းဝေးကွာသွားတာရှိသလို၊ တချို့တွေက ပိုပိုပြီးနီးစပ်သွားတာ လည်း ရှိပါတယ်။ ဖူးစာကြောင့်လည်း ရေစက်ဆုံနိုင်သလို ဝဋ်ကြွေးရှိရင်လည်း ရေစက်ဆုံနိုင်ပါတယ်။ ချစ်ခြင်းဟာလည်း မမြဲတတ်သလို မေတ္တာဟာလည်း တိမ်း ပါးသွားနိုင်တာပါပဲ။ ဒီအချက်ကိုတော့ အရင်ဆုံး လက်ခံထားစေချင်ပါတယ်။ လူတစ်ယောက်ကို မပိုင်ဆိုင်ခင်တုန်း ကလည်း ပူရသလို ပိုင်ဆိုင်ပြီးပြန်တော့ လည်း မချစ်တော့မှာ၊ ထားသွားမှာ၊ စိတ် ကုန်သွားမှာ စသဖြင့် အမျိုးမျိုး ပူရပြန်ပါ တယ်။ ဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အားနည်းလာပြီး မလုပ်သင့် တာတွေလုပ်မိရင် မဖြစ်သင့်တာတွေ ဖြစ် လာနိုင်ပါတယ်။ ဒီအတွက် သင့်လက်တွဲ ဖော်ကို အဝေးကိုတွန်းပို့နေသလို ဖြစ် စေတတ်တဲ့ အမူအကျင့်အမှားတွေကို ရှောင်နိုင်အောင် ရေးပေးလိုက်ပါတယ်။

(၁) မိတ်ဆွေအပေါင်းအသင်းတွေကနေခွဲထုတ်တာ
သင့်လက်တွဲဖော်က သူ့မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ အပြင်ထွက်တိုင်း မနာလိုဝန်တိုဖြစ်တာ၊ ဖြစ်ကြောင်းလည်း သိအောင်လုပ်တာ၊ သင့်လက်တွဲဖော်က သူ့မိတ်ဆွေသူငယ်ချင်းတွေနဲ့ ဘယ်လို ပျော်ခဲ့ရတယ်ဆိုတာပြောပြရင် ရိသလို လို ရွဲ့သလိုလိုလုပ်ပြီး စကားအကောင်း မပြောတာ စတာတွေ ပါဝင်ပါတယ်။ အစ ပိုင်းမှာတော့ သင်ခွဲထုတ်လို့ ရကောင်း ရပါလိမ့်မယ်။ ဒါပေမဲ့ စဉ်းစားကြည့်ပါ၊ ချစ်သူနဲ့ကျွန်းမှာ နှစ်ယောက်တည်း၊ သူ ငယ်ချင်းလည်းမရှိဘူး နေတာအတော် ကြာပြီးရင် အတော်များများကတော့ မိတ် ဆွေတွေရှိတဲ့ ရေထဲပြန်ခုန်ဆင်းမှာပါပဲ။ ဒါက ဥပမာ ပြောပြတာပါ။
(၂) လက်တွဲဖော်ရဲ့အောင်မြင်မှုကို လျစ် လျူရှုတာ
သင့်လက်တွဲဖော်ဟာ တစ်စုံတစ်ရာ အောင်မြင်မှုရရှိလာတဲ့အချိန်မှာ ပိုချစ် မပြဘဲ၊ မချီးမြှောက်ဘဲ လျစ်လျူရှုတာ မျိုးပါ။ ဥပမာ – လက်တွဲဖော်ကို ငွေ နောက်အရမ်းလိုက်နေတာ၊ ပြောင်းလဲ သွားပြီ၊ အရင်လို မဟုတ်တော့ဘူး စသဖြင့် ပြောဆိုတာမလုပ်ပါနဲ့။ သင့် လက်တွဲဖော်စိတ်ထဲမှာ သူဟာသင်နဲ့ သူရဲ့အလုပ်နှစ်ခုကြား ရွေးချယ်စရာ ဖြစ် သွားစေပါတယ်။ ဒါဟာ တကယ်တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအားနည်းလို့ သင့်ကို ထားသွားမှာစိုးလို့ ဒီလိုတွေ လိုက်လုပ်နေတာပါ။ သင့်လက်တွဲဖော်ရဲ့ အောင်မြင်မှုဟာ သင့်အောင်မြင်မှုပါ၊ Our Success ပါ။ His/Her Success မဟုတ်ပါဘူး။ မမေ့ပါနဲ့။

(၃) လက်တွဲဖော်ရဲ့ မိသားစုဝင်တွေနေရာကို အပိုင်သိမ်းချင်တာ
ဆိုပါစို့၊ ပိတ်ရက်မှာ သင့်လက်တွဲ ဖော်က သူ့မိသားစု၊ မောင်နှမတွေနဲ့ အချိန်ဖြုန်းဖို့ စီစဉ်ထားတယ်ဆိုရင် ကပျက်ယပျက်လုပ်တာမျိုး ရှောင်ပါ။ သင့်လက်တွဲဖော်က မိသားစုကို ခင်မင် တွယ်တာတတ်သူဆိုရင် သင့်လုပ်ရပ်ကို သူ့မိသားစုကလည်း ချက်ချင်းရိပ်မိမှာ ဖြစ်ပါတယ်။ ဒါဆို သင့်အတွက် ရန်သူ တွေ များလာနိုင်ပါတယ်။ သင့်လက်တွဲ ဖော်ဟာ သင့်ကိုအရာရာတိုင်းမှာ ပထမ နေရာ မစဉ်းစားဘူးဆိုတဲ့အချက်က တကယ်တော့ ကောင်းတဲ့အချက်ဖြစ် ပါတယ်။ သင့်အတွက် ဝန်မပိစေတော့ ပါဘူး။

(၄) ဘယ်အရာမဆို လက်တွဲဖော်ကို အားကိုးလွန်းတာ
သင်စိတ်ဓာတ်ကျတိုင်း၊ အလုပ် အဆင်မပြေတိုင်း၊ မိသားစုနဲ့အဆင်မပြေ တိုင်း သင့်စိတ်ပျော်ရွှင်အောင် လက်တွဲ ဖော်မှာ တာဝန်ရှိတယ်လို့ ယူဆထားတာ မလုပ်ပါနဲ့။ ဒါဟာ သင့်ကို စမတ်မဖြစ်စေ ပါဘူး။ လက်တွဲဖော်ကနေ အကူအညီ တစ်စုံတစ်ရာ တစ်ခါတလေရတာရှိသလို၊ မရတဲ့အခါလည်း ရှိနိုင်ပါတယ်။ ဒါကို နေ့စဉ်နေ့တိုင်း သင်ကြုံတွေ့ရတဲ့ အခက်အခဲတိုင်းအတွက် ၂၄ နာရီလုံး သင့်အတွက် အဆင်သင့်ရှိနေရမယ် ဆိုတာမျိုး မလုပ်ပါနဲ့။ တစ်စုံတစ်ယောက် ဟာ သင့်အပေါ်ကို အရာအားလုံး မှီခိုနေ တယ်ဆိုရင် သင်လည်းကြာရင် ငြီးငွေ့ သွားမှာပါ။

(၅) ကိုယ်ပိုင်အခွင့်အလမ်းတွေကို အဆုံးရှုံး ခံတာ
သင့်ဘ၀အတွက် အရေးကြီးတဲ့ အခွင့်အလမ်းတွေကို လက်လွှတ်ဆုံးရှုံး ခံပြီး သင့်လက်တွဲဖော်နဲ့ အတူရှိနေရဖို့ ဆုံးဖြတ်တာ၊ တိုးတက်ဖို့ကြံစည်ထားတဲ့ အစီအစဉ်တွေကို သူ့ကြောင့်မို့လို့ဆိုပြီး ပယ်ဖျက်လိုက်တာ စတာတွေ မလုပ်ပါနဲ့။ ဒါတွေဟာ သင့်လက်တွဲဖော်ရဲ့ စိတ်ထဲ မှာလည်း သူ့ကိုယ်သူ အပြစ်ရှိသလို ဖြစ် စေပါတယ်။ နောက်ပြီး သင်ဒီလိုလုပ် လိုက်လို့ သင့်လက်တွဲဖော်ရဲ့ ဘ၀ထဲမှာ သင်ဟာ အရမ်းအရေးပါ အရာရောက်တဲ့ သူ ဖြစ်မသွားပါဘူး။ ဒါဟာ သင့်အတွက် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိရှိနဲ့ ဘ၀ကို ရင်ဆိုင်ရဲတယ်ဆိုတဲ့ ဆွဲဆောင်မှုကို လျော့နည်းသွားစေပါတယ်။ သင်ဟာ သူ့ကြောင့် အလုပ်တွေ လစ်ဟင်းမယ်၊ တစ်ချိန်လုံး လက်တွဲဖော်ကိုပဲ အားကိုး နေမယ်ဆိုရင် ကြာရင်စိတ်ပျက်သွားစေ နိုင်ပါတယ်။

ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *