လက်ထပ်ပြီး ဘယ်လောက်အကြာမှာ ကလေးယူသင့်ပါသလဲ

သင်လက်ထပ်ပြီး ကလေးရယူဖို့ အကောင်းဆုံးအချိန်က သင်ရဲ့ ကျန်းမာရေး အခြေအနေ၊ သင့်အသက်အရွယ်အပိုင်းအခြားနဲ့ လုံးဝသက်ဆိုင်နေပါတယ်။

သင်ဟာ အသက် ၂၀ နှစ်အရွယ်မတိုင်ခင် လက်ထပ်ခဲ့ရင်

အမျိုးသမီးတစ်ယောက်အနေနဲ့ အသက် ၂၀ မတိုင်ခင်မှာ ကလေးမယူသင့်ပါ ဘူး။ WHO ရဲ့ အဆိုအရ အသက် ၁၅ နှစ်နဲ့ ၁၉ နှစ်ကြား အမျိုးသမီးတွေ သေဆုံးရခြင်း ဒုတိယအများဆုံးအကြောင်းရင်းက ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးတာကြောင့်လို့ သိရပါတယ်။ အသက် ၂၀ မတိုင်ခင်မှာ သားဦးကလေးမွေးခဲ့ရင် အဲဒီကလေးဟာ သေဆုံးနိုင်ခြေအလွန်မြင့်မားပါတယ်။ ဒါ့အပြင် အမျိုးသားတွေအ နေနဲ့လည်း အသက် ၂၀ မတိုင်ခင်မှာ လက်မထပ်သင့်သေးပါဘူး။ အသက် ၂၀ မတိုင်ခင်မှာ ကလေးမယူသင့်တာက မိဘတွေအနေနဲ့ ရင့်ကျက်မှုမရှိသေးတဲ့အ ကြောင်းတစ်ကြောင်းကြောင့်လည်း ပါဝင်ပါတယ်။

သင်ဟာ အသက် ၂၀-၂၅ နှစ်ကြားမှာ လက်ထပ်ခဲ့ရင်

သင် လက်ထပ်ပြီးပြီးချင်း ကလေးယူနိုင်ပါတယ်။ ဒီအရွယ်က မိခင်ရဲ့ မျိုးဥအ ရည်အသွေးအကောင်းဆုံးအနေအထားမှာဖြစ်နေသလို အမျိုးသားရဲ့ သုက်ဟာလည်း လတ်လတ်ဆတ်ဆတ်နဲ့ အရည်အသွေးကောင်းမွန်နေတာကြောင့် ကလေး ယူဖို့ အကောင်းဆုံးအချိန်ပါ။ ဒါပေမဲ့လည်း အလုပ်ပြဿနာ၊ စီးပွားရေးပြဿနာတွေ ရှိနေခဲ့ရင်တော့ ကလေးယူဖို့ အချိန်ဆွဲထားနိုင်ပါတယ်။

သင်ဟာ အသက် ၂၅-၃၀ နှစ်ကြားမှာ လက်ထပ်ခဲ့ရင်

လက်ထပ်ပြီးပြီးချင်း ကလေးယူသင့်ပြီး အချိန်မဆွဲသင့်တော့ပါဘူး။ ဘာကြောင့် လဲဆိုတော့ အမျိုးသမီးတွေရဲ့ မျိုးအောင်နှုန်းက အသက် ၃၀ နောက် ပိုင်းမှာ တဖြည်း ဖြည်း ကျဆင်းလာနိုင်တာကြောင့်ပါ။ အမျိုးသားတွေရဲ့ သုက်ပိုးအရည်အသွေးဟာ လည်း သူရဲ့ ဘ၀နေထိုင်မှုပုံစံပေါ် မူတည်သွားနိုင်ပါတယ်။ သူဟာ အရက်နဲ့ ဆေး လိပ်ကို ပုံမှန်သောက်သုံးနေသူဖြစ်ပြီး ကျန်းမာရေးမကောင်းခဲ့ရင်တော့ သုက်ပိုးအ ရည်အသွေးကျဆင်းသွားနိုင်ပါတယ်။

သင်ဟာ အသက် ၃၀-၃၅ နှစ်ကြားမှာ လက်ထပ်ခဲ့ရင်

အိမ်ထောင်ပြုပြီးပြီးချင်း ကလေးယူသင့်ပြီး လုံးဝအချိန်မဆွဲသင့်တော့ပါ။ သင် နဲ့ သင့်အဖော်က မိဘဖြစ်ဖို့ ကျန်းမာကြံ့ခိုင်မှုရှိဖို့တော့ လိုအပ်ပါတယ်။ ဒီအရွယ်မှာ ဖခင်ဖြစ်မယ့်သူရဲ့ သုက်ပိုးဟာ ပုံမှန်မဟုတ်နိုင်ခြေ အလွန်မြင့်မားပါတယ်။ သင့်က လေးမှာ အော်တစ်ဇင်လိုမျိုး ရောဂါတွေ ရရှိနိုင်ခြေ များလာနိုင်ပါတယ်။

သင်ဟာ အသက် ၃၅-၄၀ နှစ်ကြားမှာ လက်ထပ်ခဲ့ရင်

သင်နဲ့ သင့်အဖော်က ကလေးယူရလောက်အောင် ကျန်းမာရေးကောင်းမွန်တယ်လို့ စစ်ဆေးမှုပြုလုပ်ပြီးမှသာ ကလေးကို ချက်ချင်းယူသင့်ပါတယ်။ သင့်အနေနဲ့ ဆုံးဖြတ်ချက်ကို သေချာချမှတ်ရပါတော့မယ်။ ဘာကြောင့်လဲဆိုတော့ သင့်ကလေး မှာ ဒေါင်းလက္ခဏာစုတွေ၊ အော်တစ်ဇင်လိုပြဿနာတွေ ဖြစ်နိုင်ခြေ များတာကြောင့် ပါ။ အမျိုးသမီးတွေအနေနဲ့လည်း ကလေးပျက်ကျနိုင်ခြေ အလွန်မြင့်မားနိုင်ပါတယ်။

သင်ဟာ အသက် ၄၀-၄၅ နှစ်ကြားမှာ လက်ထပ်ခဲ့ရင်

ကလေးမှာ မွေးရာပါချို့ယွင်းချက်ဖြစ်ဖို့က ၁၉ ယောက်မှာ တစ်ယောက်နှုန်းအ ထိမြင့်မားသွားပါပြီ။ မိခင်တွေအနေနဲ့လည်း သဘာဝအတိုင်း မွေးဖွားဖို့ မဖြစ်နိုင်တော့ ပါဘူး။ ဖခင်ရဲ့ သုက်ပိုးတွေကလည်း ပုံမမှန်ဖြစ်နိုင်လာတာမို့ မွေးလာတဲ့ကလေးမှာ အော်တစ်ဇင်နဲ့ ADHD လိုမျိုး ပြဿနာတွေ ဖြစ်ဖို့ အခွင့်အရေး များသွားပါတယ်။

သင်ဟာ အသက် ၄၅ နှစ်ကျော်မှ လက်ထပ်ခဲ့ရင်

ဒီအရွယ်မှ လက်ထပ်ပြီးတော့ ကလေးယူဖို့ စိတ်ကူးနေမယ်ဆိုရင် သေချာ ပြန် စဉ်းစားပါ။ မိမိရဲ့ကိုယ်ပိုင်မျိုးဥကနေ ကျန်းမာတဲ့ကလေးမွေးဖို့က တစ်ရာခိုင်နှုန်းသာ ရှိပါတော့တယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ကာလမှာလည်း ဆီးချိုရောဂါနဲ့ သွေးတိုး ရောဂါတွေဖြစ်နိုင်ခြေ အလွန်မြင့်မားသွားပါပြီ။ သုက်ပိုးတွေကလည်း အားပျော့သွား ပြီး ပုံမမှန်ဖြစ်သွားတာကြောင့် မွေးလာမယ့်ကလေးမှာ ADHD ဖြစ်နိုင်ခြေဟာ ၁၃ ဆအထိ မြင့်တက်သွားပါတယ်။ သမီးလေးမွေးခဲ့ရင်လည်း အော်တစ်ဇင်နဲ့ အရပ်ပု တာတွေအပြင် သားမြတ်ကင်ဆာဖြစ်နိုင်ခြေလည်း မြင့်မာသွားပါတယ်။

♥ ဒေါက်တာခင်မိုးမိုး ♥

Good Health Journal

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *