အမျိုးသမီးတိုင်းသိထားသင့်သည့် ဓမ္မတာဝေဒနာသက်သာစေမည့် နည်းလမ်းကောင်းများ

အမျိုးသမီးတိုင်းကတော့ လစဉ်လတိုင်း ဓမ္မတာလာမယ့်ရက်ကို စိုးထိတ်တတ်ကြ ပါတယ်။ ဓမ္မတာလာတာကြောင့် နေရထိုင်ရခက်ခဲတဲ့အပြင် ဝမ်းဗိုက်အောင့်တာ၊ လေ ပွတာ၊ စိတ်တိုစိတ်ဆတ်လွယ်တာတွေဖြစ်လွယ်တဲ့အတွက် ဖြစ်နိုင်ရင် ဓမ္မတာလာတဲ့ ရက်တွေကို ကျော်လွှားချင်ကြပါတယ်။ ဓမ္မတာလာစဉ် ဖြစ်ပေါ်တတ်တဲ့ဝေဒနာတွေ သက်သာနိုင်ဖို့အတွက် အမျိုးသမီးတိုင်း သိထားသင့်တဲ့နည်းလမ်းလေးတွေကို ဖော် ပြပေးလိုက်ပါတယ်။

– မကြာခင်က ပြုလုပ်တဲ့လေ့လာမှုအရ နေ့စဉ် ကယ်လ်စီယမ်ကို ၁၂၀၀ ဂရမ်မှီ ဝဲတာက ဓမ္မတာနဲ့ပတ်သက်တဲ့ဝေဒနာတွေအားလုံး သက်သာနိုင်တယ်လို့ သိ ရပါတယ်။ ဒါကြောင့် ကယ်လ်စီယမ်ပေါကြွယ်ဝတဲ့အစားအစာတွေကို စားသုံး ပေးပါ။

– ဓမ္မတာလာစဉ်မှာ လုပ်ငန်းခွင်ဝင်ဖို့ ပင်ပန်းနွမ်းနယ်သလိုဖြစ်နေပါသလား။ နေ့ စဉ် ပရိုတင်း ၅၀ ဂရမ်လောက် စားသုံးလိုက်ပါ။ သကြားစားသုံးတာထက် သင့် စိတ်ကို တက်ကြွမှုရှိစေပြီး စွမ်းအင်ပိုမိုရရှိလာနိုင်ပါတယ်။

– ဓမ္မတာကိုက်ခဲတာကြောင့် ညဘက် အိပ်မပျော်ဖြစ်နေပါသလား။ လာဗင်ဒါရနံ့ ဆီကို သင်အိပ်မယ့်ခေါင်းအုံးပေါ်မှာ အနည်းငယ်ဆွတ်ပေးလိုက်ပါ။ နှစ်နှစ်ခြိုက် ခြိုက် အိပ်ပျော်သွားနိုင်ပါတယ်။

– သင့်အနေနဲ့ ဝိုင်အရက်ကို ကြိုက်နှစ်သက်သူဖြစ်ရင် ဝိုင်သောက်နိုင်ပါတယ်။ အနီရောင်ဝိုင်သောက်တာက ဓမ္မတာကြောင့် ကိုက်ခဲတဲ့ဝေဒနာသက်သာနိုင် တယ်လို့ သိပ္ပံနည်းကျ သက်သေပြထားနိုင်ပါတယ်။ ဝိုင်အနီမှာပါဝင်တဲ့ ရီဗက်စ ထရောတွေက သားအိမ်ညှစ်အားကို လျော့ကျဖို့ ကူညီနိုင်တဲ့အတွက်ကြောင့်ပါ။

– သင်ဓမ္မတာလာမယ့်ရက်ကို မေ့နေပါသလား။ အွန်လိုင်းပေါ်မှာ App တွေ များ စွာ ရှိပါတယ်။ တစ်ခုခုကို Download ယူပြီး သင်ဓမ္မတာလာမယ့်ရက်ကို မှတ် ထားပါ။ သင်မှတ်ထားတဲ့ရက်ထက် အမြဲတမ်းနှစ်ရက်စောပြီး ကြိုတင်ပြင် ဆင်ထားပါ။

– ဓမ္မတာ လာရမယ့်ရက်မတိုင်ခင် နှစ်ရက်၊ သုံးရက်အလိုမှာ ဆားလျှော့စားပါ။ လေပွတာ သက်သာနိုင်ပါတယ်။

– သင်ရဲ့ ပိုက်ဆံအိတ်ထဲမှာ အညိုရင့်ရောင်ချောကလက်ကို အမြဲတမ်းဆောင်ထား ပါ။ အညိုရင့်ရောင်ချောကလက်မှာ မဂ္ဂနီဆီယမ်တွေ ပေါကြွယ်ဝစွာ ပါဝင်တဲ့ အတွက်ပါ။ သွေးဆင်းများသူတွေမှာ မဂ္ဂနီဆီယမ်ဓာတ်ချို့တဲ့သွားနိုင်ပါတယ်။

– သင့်အနေနဲ့ ကော်ဖီကို အလွန်ကြိုက်နှစ်သက်ပြီး တစ်နေ့ကို ကော်ဖီ ငါးခွက်၊ ခြောက်ခွက်သောက်သူဖြစ်နေရင် ကော်ဖီလျှော့သောက်ပါ။ ကဖင်းကြောင့် ဗိုက်နာတဲ့ဝေဒနာ ပိုမိုဆိုးရွားနိုင်ပါတယ်။

– တတ်နိုင်သလောက် ရေများများသောက်ပါ။ သွေးဆင်းလာတာကြောင့် ခန္ဓာ ကိုယ်အတွင်း ရေဓာတ်ချို့တဲ့နိုင်တဲ့အတွက်ပါ။
– ဓမ္မတာလာနေစဉ်အတွင်း သင့်အနေနဲ့ Sensitive အလွန်ဖြစ်နိုင်ပါတယ်။ ခါ တိုင်းထက် ပိုပြီးနာကျင်နှုန်းမြင့်တက်တာတွေဖြစ်နိုင်တဲ့အတွက် ရာသီလာစဉ် အမွေးရိတ်တာ၊ သွားနုတ်တာလိုမျိုးတွေ မပြုလုပ်ပါနဲ့။

– အိပ်ရေးဝအောင် အိပ်ပါ။ အိပ်စက်အနားယူတာက ဓမ္မတာလာစဉ် နာကျင်မှု အတွက် အလွန်အသုံးဝင်ပါတယ်။

– ဓမ္မတာလာစဉ် ရင်သားနာကျင်ခဲ့ရင် ပက်လက်အိပ်ပြီး ရင်သားနေရာကို စက်ဝိုင်း ပုံသဏ္ဌာန်နှိပ်နယ်ပေးပါ။
ဆီးစပ်ကိုက်ခဲသူတွေအတွက် ဆီးစပ်နေရာမှာ ရေနွေးအိတ်ကပ်တာလိုမျိုး ပြု လုပ်နိုင်ပါတယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *