လည်ချောင်းထဲမှာငါးအရိုး စူးခဲ့ရင်

ငါးဟင်းစားတဲ့အခါ အခန့်မသင့်ခဲ့ ရင် လည်ချောင်းထဲ ငါးရိုးစူးတာမျိုး သင် လည်း ကြုံဖူးမှာပါ။ ငါးအရိုးစူးနေတဲ့အခါ ခံစားရတဲ့ဝေဒနာကြောင့် စိတ်အနှောင့် အယှက်ဖြစ်စေပါတယ်။ အစာစားတဲ့အ ခါ၊ တံတွေးမျိုချတဲ့အခါ၊ ရေသောက်တဲ့ အခါတွေမှာ ခံရခက်သလို၊ ဒီတိုင်းနေရင်း နဲ့လည်း စူးတဲ့ဝေဒနာကြောင့် နာကျင်မှု ကို ခံစားရနိုင်ပါတယ်။ အောက်ပါအလွယ် နည်းလမ်းတွေနဲ့ ဖြေရှင်းကြည့်နိုင်ပါ တယ်။

သံလွင်ဆီ
သံလွင်ဆီနဲ့အစာရေမျိုတစ်လျှောက် ချောမွေ့အောင် ပြုလုပ်ပြီး ငါးအရိုးစူးတာ ကို ဖြေရှင်းနိုင်ပါတယ်။ ငါး အရိုးစူးပါက သံလွင်ဆီတစ်ဇွန်း သောက်ပေးမယ်ဆို ရင် ငါးအရိုးက အစာအိမ်ထဲကို ချောချော မွေ့မွေ့ရောက်ရှိသွားနိုင်ပါတယ်။

သံပရာရည်
လည်ချောင်းထဲမှာ ငါးအရိုးစူးနေ တယ်ဆိုရင် သံပရာရည်တစ်ခွက်သောက် ပေးတာက လွယ်ကူပြီး ထိရောက်တဲ့နည်း တစ်ခုပါ။ သံပရာရည်နဲ့ အက်စစ်ဓာတ် ကြောင့် စူးနေတဲ့ငါးအရိုးရဲ့ အစွန်းပိုင်း တွေ ပျော်ဝင်သွားပြီး အောက်ကို ကျသွား နိုင်ပါတယ်။

ပန်းသီးရှလကာရည်
သံပရာရည်သောက်ရုံနဲ့ ငါးအရိုးစူး တာ မသက်သာခဲ့ရင် ပန်းသီးရှလကာ ရည်ကို အသုံးပြုနိုင်ပါတယ်။ ပန်းသီးရှလ ကာရည် တစ်ဇွန်းကို ရေတစ်ဖန်ခွက်ထဲ ထည့်ဖျော်ပြီး သောက်ပေးပါ။

မြေပဲထောပတ်
မြေပဲထောပတ်ကလည်း လည် ချောင်းထဲစူးနေတဲ့ ငါးအရိုးကို အောက် ကျသွားစေဖို့ ကူညီပေးနိုင်ပါတယ်။ မြေပဲ ထောပတ်တစ်ဇွန်းကို မျိုချပေးပါ။ စေး ကပ်ပြီး အလေးချိန်များတာကြောင့် စူး နေတဲ့ ငါးအရိုးကို အောက်ကျသွားစေ နိုင်ပါတယ်။

ငှက်ပျောသီး
ငှက်ပျောသီးကို မဝါးဘဲ မျိုချလိုက် တဲ့နည်းကတော့ အများစုသိပြီး လုပ် ဆောင်လေ့ရှိတဲ့ နည်းတစ်ခုဖြစ်ပါတယ်။ ငှက်ပျောသီးမနင်အောင်မျိုချနိုင်လောက် တဲ့ပမာဏပဲကိုက်ပြီးမျိုချပါ။ ပြီးရင်တော့ ရေတစ်ဖန်ခွက် သောက်ချလိုက်ပါ။

ပေါင်မုန့်
ပေါင်မုန့်ကို ရေထဲဖြစ်စေ၊ နွားနို့ထဲ ဖြစ်စေ နှစ်စိမ်ပြီး မဝါးဘဲ မျိုချလိုက်မယ် ဆိုရင်လည်း လည်ချောင်းထဲစူးနေတဲ့ ငါး အရိုးကို အောက်ကျသွားစေနိုင်ပါတယ်။ လွယ်ကူပြီး ထိရောက်တဲ့နည်းလမ်းလည်း ဖြစ်ပါတယ်။

ထမင်း
တချို့တွေ ပြောကြတာက ပေါင်မုန့် မျိုချတာနဲ့ ထမင်းဖြူကို လက်နဲ့ ဆုပ်ပြီး မျိုချတာက ပိုပြီး ထိရောက်တယ်လို့ ဆို ကြပါတယ်။ ထမင်းက ပေါင်မုန့်ထက်ပိုပြီး စေးကပ်ကပ်ရှိတာကြောင့် ငါးအရိုး အောက်ကျသွားစေဖို့ ပိုမိုထိရောက်စေ တာဖြစ်ပါတယ်။

သတိပြုရန်
အထက်ပါ နည်းလမ်းတွေနဲ့ ပြုလုပ် ပြီးတာတောင် ငါးအရိုးက အောက်ကျမ သွားဘူး။ မနေနိုင်လောက်အောင် နာ ကျင်မှုတွေလည်း ခံစားနေရတယ်ဆိုရင် တော့ ဆရာဝန်နဲ့ မဖြစ်မနေ ပြသသင့်ပါ တယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *