လမ်းလျှောက်သည့် ပုံစံကပြောသော သင့်ကျန်းမာရေး

လမ်းလျှောက်တာက လွယ်ကူတယ် လို့ ထင်ရပေမယ့် ခန္ဓာကိုယ်က အလွန် ရှုပ်ထွေးစွာ အလုပ်လုပ်နေရပါတယ်။ လမ်းလျှောက်တာက ဦးနှောက်ရဲ့ အစိတ်အပိုင်း များစွာ အပါအ၀င် ဦးခေါင်းကနေ ခြေထောက်အထိ အလုပ်လုပ်ရပါတယ်။ သင်ရဲ့ လမ်းလျှောက်တဲ့ပုံစံ၊ ကိုယ်ဟန်အနေအထားနဲ့ လမ်းလျှောက် အနှေးအမြန်က သင်ရဲ့ ကျန်းမာရေး အခြေအနေ၊ ကိုယ်ရည်ကိုယ်သွေးတွေနဲ့ ဆက်စပ်နေပါတာကြောင့် ဖော်ပြပေးလိုက်ပါတယ်။

လမ်းလျှောက်မြန်ခြင်း
လမ်းလျှောက်မြန်တဲ့သူတွေက အသက်ရှည်တတ်ကြပါတယ်။ အသက် ၆၅ နှစ် ကျော်သူတွေကို လေ့လာမှုပြုလုပ်ရာမှာ ပုံမှန်လမ်းမြန်မြန်လျှောက်တတ်တဲ့အကျင့်ရှိသူတွေက အသက်ပိုရှည်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဒီလိုပြောလိုက်လို့ အသက်ရှည်ချင်တာကြောင့် လမ်းမြန်မြန်လျှောက်နိုင်ဖို့ ကြိုးစားရင်တောင်မှ အသက်ရှည်ဖို့တော့ မျှော်လင့်နိုင်မှာမဟုတ်ပါဘူး။ ကိုယ်တွင်း ကျန်းမာရေးမကောင်းခဲ့ရင် လမ်းလျှောက်တဲ့ပုံစံ သူ့အလိုလို ပြောင်းလဲသွားနိုင်ပါတယ်။

ဘယ်ဘက်စောင်းငန်းလျှောက်ခြင်း
စိုးရိမ်စိတ်များလွန်းသူတွေက ဘယ်ဘက်ကို စောင်းငန်းလျှောက်တတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ ညာဘက်ဦးနှောက်ခြမ်းက သံသယရှိတဲ့အရာနဲ့ စိုးရိမ်ရတဲ့အရာတွေကို ဖြေရှင်းဖို့ အလုပ်များစွာ လုပ်နေရတာကြောင့်ပါ။ လမ်းတည့်တည့်လျှောက်ဖို့ ကြိုးစားရင်တောင်မှ ဘယ်ဘက်ကို အလိုလိုစောင်းသွားနိုင်တယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

ခြေဖျားထောက်၍ လျှောက်ခြင်း
ကလေးငယ်တွေ ခြေဖျားထောက်ပြီး လမ်းလျှောက်တာက ပုံမှန်အနေအ ထားပါ။ သူတို့အသက်ကြီးလာလို့ ဒီပုံစံအတိုင်း ဆက်ပြီး လမ်းလျှောက် နေတယ်ဆိုရင်တော့ ဖနောင့်ကြော (Achilles Tendon)က တိုနေတဲ့ အတွက် မြေကြီးနဲ့ထိနိုင်ဖို့ ခဲယဉ်းနေတာကြောင့်ပါ။ ဦးနှောက်ပျက် တာ(Cerebral Posy) ဒါမှမဟုတ် ကြွက်သားမသန်မာတာလိုမျိုး ကြွက်သားပြဿနာကြောင့် ဖြစ်နိုင်ပါတယ်။ အော်တစ်ဇင်ရှိတဲ့ ကလေးတွေကလည်း ခြေဖျားထောက်ပြီး လမ်းလျှောက်တတ်ပါတယ်။

ထော့နဲ့ထော့နဲ့လျှောက်ခြင်း
အရိုးအဆစ်ရောင်ရောဂါရှိသူတွေဟာ ထော့နဲ့ထော့နဲ့ လမ်းလျှောက်တတ် ပါတယ်။ အရိုး ဒါမှမဟုတ် အဆစ်မှာ ထိခိုက်ဒဏ်ရာရတာကြောင့်လည်း လမ်းလျှောက်ရင် ထော့နဲ့ထော့နဲ့ ဖြစ်နေတတ်ပါတယ်။ ခြေထောက်တစ်ဖက်နာနေလို့ တခြားတစ်ဖက်ကို အားပြုပြီး လျှောက် ရတာကြောင့် ဖြစ်တာပါ။

ဒယီးဒယိုင်လျှောက်ခြင်း
အရက်မူးနေတာကြောင့် လမ်းလျှောက်ရင် ဒယီးဒယိုင်ဖြစ်သွားတာပါ။ ယာဉ်တိုက်မှုဖြစ်ရာမှာ ကားမောင်းတဲ့ သူတွေကို အရက်သောက်ထား မထားကို လမ်းလျှောက်ခိုင်းပြီး ဒယီးဒယိုင် ဖြစ် မဖြစ် စစ်ဆေးရပါတယ်။ အရက်မူးနေ တာကြောင့် ကြွက်သားတွေ အားပျော့ ပြီး အသိဉဏ်တွေ ချို့ယွင်းသွားတဲ့ အတွက်ပါ။ အရက်ဖြတ်လိုက်တာနဲ့ လမ်းလျှောက်တဲ့ပုံစံက ပုံမှန်ပြန်ဖြစ်သွား နိုင်ပါတယ်။

ခြေသံကျယ်ကျယ်ဖြင့်လျှောက်ခြင်း
ကြွက်သားအားနည်းနေသူတွေက လမ်းလျှောက်တဲ့အခါမှာ လှေကားထစ် ပေါ် တက်တဲ့အခါမှာ အသံမျိုး ခြေသံ ကျယ်လောင်တတ်ပါတယ်။ အထူးသဖြင့် လမ်းလျှောက်တဲ့အခါမှာ ခြေချောင်းတွေ ကို ဆွဲပြီး လျှောက်လေ့ရှိပါတယ်။ ခြေ ထောက်တစ်ဖက်တည်း အဖြစ်များပေ မယ့် တစ်ခါတလေမှာ နှစ်ဖက်စလုံး ဖြစ် တတ်ပါတယ်။ ခြေထောက်က အာရုံ ကြောထိခိုက်ဒဏ်ရာရတာ ဒါမှမဟုတ် အာရုံကြောကြွက်သား၊ ဦးနှောက်နဲ့ ခါးရိုး ကြွက်သားတွေ အားပျော့တာလိုမျိုးကြောင့် ဖြစ်တဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။

ခြေလှမ်းနှေးနှေး(ပုံမှန်ထက်) လျှောက်ခြင်း
အယ်လ်ဇိုင်းမားရောဂါရှိသူတွေ လမ်းလျှောက်တဲ့ပုံစံပါ။ သင် လမ်းလျှောက်တဲ့နှုန်း တဖြည်းဖြည်းနှေးကွေး တာက အယ်လ်ဇိုင်းမားရောဂါ ဒါမှမဟုတ် မှတ်ဉာဏ်ပြဿနာရှိနေတယ်ဆို တာကို မှန်းဆလို့ရတယ်လို့ သိပ္ပံပညာရှင်တွေက မှတ်ချက်ပေးကြပါတယ်။

Monthly Variations (လစဉ် ပြောင်းလဲမှုရှိခြင်း)
အမျိုးသမီးတွေအနေနဲ့ သားဥကြွေတဲ့အချိန်မှာ သူတို့ရဲ့ လမ်းလျှောက်တဲ့ ပုံစံနဲ့ အနေအထိုင် အပြုအမူတွေက ခါတိုင်းထက်ပိုပြီးဆွဲဆောင်မှုရှိကြပါတယ်။

ခန္ဓာကိုယ်ကိုလွှဲ၍ လျှောက်ခြင်း
ဦးနှောက်ထိခိုက်ဒဏ်ရာရထားသူတွေက ခန္ဓာကိုယ်ကို လွှဲပြီး လမ်းလျှောက် တတ်ပါတယ်။ ခန္ဓာကိုယ်ကို အနောက် ကနေ အရှေ့ကို ယမ်းပြီး လျှောက်တာက အရက်မူးတာကြောင့် မဟုတ်ပါဘူး။ အရက်အနည်းငယ်သောက်ထားလို့ ဦးခေါင်းကို ခေါက်မိတဲ့အခါမှာလည်း ယာယီဦးနှောက်ပျက်စီးသွားတာကြောင့် ကမ္ဘာကြီးချာချာလည်သလို ခဏဖြစ်သွားပြီး ဒီလိုပုံစံမျိုး လမ်းလျှောက်မိနိုင်ပါတယ်။

တစ်ဖက်ဆွဲ၍ လျှောက်ခြင်း
ခါးနာရောဂါရှိသူတွေ လျှောက်တတ်တဲ့ ပုံစံပါ။ ခါးရိုးနောက်ကျောအောက်ပိုင်း ခါးရိုးကျွံကျတာ ဒါမှမဟုတ် ကြွက်သားတွေ ဆွဲစုတ်ခံရတာကြောင့် လမ်းလျှောက်တဲ့အခါမှာ တင်ပါးရွေ့တာ နဲ့ လိုက်ဖက်မှုရှိအောင် ရင်ဘတ်နဲ့ ပခုံးတွေကပါ တစ်ဖက်ကို ဆွဲသွားကြတာပါ။ သင် လမ်းမြန်မြန်လျှောက်တဲ့အခါမှာ သင့်ခြေထောက်နဲ့အတူ လက်မောင်းတွေ က လိုက်လွှဲနေပါလိမ့်မယ်။

ခြေဆွဲပြီးလျှောက်ခြင်း
ပါကင်ဆန်ရောဂါရှိသူတွေ လျှောက်တတ်တဲ့ ပုံစံပါ။ အသက် ၆၀ ကျော် အမျိုးသားတွေ အဖြစ်များကြပြီး ဦးနှောက်က ခြေထောက်ကြွက်သားတွေ ကို ရွေ့လျားဖို့ အချက်ပြတဲ့စနစ် ချို့ယွင်းနေတာကြောင့်ပါ။ လမ်းလျှောက်တဲ့အခါ မှာ လက်ကို လုံးဝမလွှဲတာက ပါကင်ဆန် ရောဂါရှိသူတွေရဲ့ ပုံမှန်လမ်းလျှောက်တဲ့ အနေအထားပါ။

မတည်မငြိမ်လျှောက်ခြင်း
Multiple Sclerosis ရောဂါရှိသူတွေက လမ်းလျှောက်တဲ့အခါမှာ အထူး အားနည်းနေတတ်တဲ့အတွက် ခန္ဓာကိုယ်တောင့်တောင့်နဲ့ ခြေချောင်းတွေက အတွင်းဘက်ဦးတည်နေတာ ဒါမှမဟုတ် ခန္ဓာကိုယ် ဟန်ချက်မထိန်းနိုင်တာလိုမျိုး ဖြစ်နေတတ်ပါတယ်။ ဒူးခေါင်းတွေက ကက်ကြေးပုံစံလိမ်ကောက်နေတတ်ပြီး တစ်ခါတလေမှာ ခြေထောက်က ကြမ်း ပြင်နဲ့ ထိလို့ထိမှန်းတောင် မသိအောင် ဖြစ်တတ်ပါတယ်။

ဖြည်းဖြည်းချင်း အားယူလျှောက် ခြင်း
စိတ်ကျရောဂါရှိသူတွေ လမ်းလျှောက်တဲ့ပုံစံပါ။ စိတ်ဓာတ်ကျနေတာ ကြောင့် ပခုံးပေါ်မှာ အလေးအပင် ထမ်းရသလို ခံစားနေရတာကြောင့် လမ်းလျှောက်တဲ့အခါမှာ ဖြည်းဖြည်းချင်း အား ယူလျှောက်ရတာပါ။ စိတ်ခံစားချက် ကောင်းလာတာနဲ့အမျှ လမ်းလျှောက် တဲ့ပုံစံ ပြန်ကောင်းလာနိုင်ပါတယ်။ လေ့လာမှုတွေအရ လမ်းမြန်မြန်လျှောက် တာကြောင့် စိတ်ဓာတ်ခွန်အားတွေ ပြန်တက်လာနိုင်တယ်လို့ သိရပါတယ်။

♥ ဒေါက်တာခင်မိုးမိုး ♥

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *