လာမည့် ၁၀ နှစ်အတွင်း သေဆုံးနိုင်ခြေ ရှိ၊ မရှိ ဖြေပေးနိုင်မည့် သွေးစစ်မှုကို တီထွင်လိုက်

လာမယ့် ၁၀ နှစ်အတွင်း သေဆုံးနိုင်ခြေရှိ၊ မရှိ တိတိကျကျ ခန့်မှန်းပေးနိုင်မယ့် သွေးစစ်မှုကို သုတေသီတွေ တီထွင်လိုက် ပါပြီ။ သွေးထဲမှာပါတဲ့ biomarker ၁၄ ခုကို ဂျာမနီသိပ္ပံပညာရှင် တွေ ဖော်ထုတ်နိုင်သွားပြီဖြစ်ပါတယ်။ အဲဒီအချက် ၁၄ ချက်က လူတစ်ယောက်ရဲ့သေဆုံးနိုင်ခြေကို ခန့်မှန်းပေးနိုင်ပါတယ်။ လူ ပေါင်း ၄၄၀၀၀ ကို အဲဒီနည်းအတိုင်း စစ်ဆေးအပြီးမှာမှ ပညာ ရှင်တွေက ဒီသွေးစစ်မှုအကြောင်း ထုတ်ပြောတာပါ။ အချက် ၁၄ ချက်မှာ ကိုယ်ခံအား၊ ဂလူးကို့စ်ထိန်းချုပ်မှုကစလို့ ခန္ဓာကိုယ် တွင်း အဆီနဲ့ ရောင်ရမ်းမှုတွေအဆုံးပါပါတယ်။ ဒီနည်းနဲ့ လူတွေ ကို စစ်ဆေးကြည့်တော့ ၈၃ ရာခိုင်နှုန်းအထိမှန်အောင် ခန့်မှန်း နိုင်တာတွေ့ရပါတယ်။ လူတစ်ယောက် လာမည့်နှစ်နှစ်ကစလို့ ၁၆ နှစ်အတွင်း သေဆုံးနိုင်ခြေ ရှိ၊ မရှိကို ဒီသွေးစစ်မှုနဲ့ ခန့်မှန်း နိုင်တာပါ။ ဒါပေမဲ့ ဒီနည်းကို လက်တွေ့ဆေးလောကမှာ တွင် တွင်ကျယ်ကျယ်သုံးနိုင်ဖို့ဆိုရင်တော့ အများကြီးထပ်လေ့လာ ရဦးမှာပါ။

(DM, 22.8.19) ချယ်ရီ

Post Author: Good Health Journal