လိမ္မော်သီးခြောက်နှင့် သစ်ကြံပိုးခေါက် စားပွဲတင်ပန်းအိုးပြုလုပ်နည်း

အလုပ်တွေ ပင်ပန်းပြီး စိတ်တွေ အရမ်းရှုပ်ထွေးနေပါသလား။ သင့်အိမ်ဧည့်ခန်း ဒါမှမဟုတ် အိပ်ခန်းထဲ ၀င်လိုက်တာနဲ့ လိမ္မော်ရနံ့၊ သစ်ကြံပိုးခေါက်ရနံ့တွေကြောင့် လန်းဆန်းလတ်ဆတ်သွားစေမယ့် အလှဆင်စားပွဲတင်ပန်းအိုးပြုလုပ်နည်းကို ဖော်ပြပေးလိုက်တယ်နော်။
..
လိုအပ်တာတွေက

♦ လိမ္မော်သီး
♦ သစ်ကြံပိုးခေါက်ချောင်းများ
♦ ဖဲကြိုး
♦ သစ်ကိုင်းခြောက်
♦ မှုတ်ဆေးဘူး (ရွှေရောင်)

ပြုလုပ်နည်း

♦ လိမ္မော်သီးတွေကို အကွင်းလိုက်လေးတွေလှီးပါ။

SONY DSC

♦ ရလာတဲ့လိမ္မော်ကွင်းတွေကို Oven ထဲမှာထည့်ပြီး လိမ္မော်ကွင်းတွေခြောက်သွားအောင် အပူချိန် 50ံC ထားပါ။ လိုအပ်တဲ့အနေအထား ရောက် မရောက် ခဏခဏ ပြန်ကြည့်ပေးရပါမယ်။ အပူချိန်လွန်ရင် တူးချစ်သွားမှာကြောင့်ပါ။


♦ သစ်ကြံပိုးခေါက် လေးငါးချောင်းကို ဖဲကြိုးနဲ့ ချည်ထားပါ။
♦ လိမ္မော်ကွင်းတွေခြောက်(လိုအပ်တဲ့ အနေအထားရောက်)ရင် လိမ္မော်ကွင်းရဲ့ အစတစ်ဖက်မှာ ဖဲကြိုးချည်ပြီး တစ်ဖြောင့်တည်း အောက်ခြေဘက်မှာ ဖဲကြိုးချည်ထားတဲ့ သစ်ကြံပိုးခေါက်ချောင်းတွေကို ချည်ပါ။


♦ သစ်ကိုင်းခြောက်တွေကို ရွှေရောင်ဆေးမှုတ်ပြီး ကြွေပန်းအိုးမှာ ထည့်ပါ။
♦ ခုနက ပြုလုပ်ထားတဲ့ လိမ္မော်ကွင်းနဲ့ သစ်ကြံပိုးခေါက်ဖဲကြိုးတွေကို သစ်ကိုင်းရဲ့ အခက်အလက်တွေမှာ လိုက်ပြီး အလှဆင်လိုက်ပါ။

အခုဆိုရင် သင် အလုပ်က ပင်ပင်ပန်းပန်း ပြန်လာလို့ အခန်းထဲဝင်လိုက်တာနဲ့ လန်းဆန်းသွားစေမှာ အသေအချာပါပဲ။

♥  ဆူးမြာ  ♥

Good Health Journal 683

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *