လူငယ်တစ်ဦးဖြစ်ရင် သိထားသင့်တဲ့ (၇) ချက်

လူငယ်တွေဆိုတာ စိတ်သွားတိုင်း ကိုယ်ပါနိုင်တဲ့အရွယ်ပါ။ သန်တုန်း၊ မြန် တုန်း၊ ဖြတ်လတ်တုန်းမို့ ဘယ်အရာမဆို လွယ်လွယ်ကူကူနဲ့ ဖြစ်မြောက်အောင် လုပ်နိုင်သူတွေ ဖြစ်ပါတယ်။ ဘ၀ကို ဖြတ်သန်းတဲ့နေရာမှာ မိဘဘိုးဘွားတွေ ရဲ့ ပြောစကား၊ လူကြီးသူမတွေရဲ့ ပြောစ ကားတွေကလည်း အရေးပါပါတယ်။ သူ တို့နဲ့ သင်နဲ့ ဖြတ်သန်းရတဲ့ ဘ၀ပုံစံချင်း မတူရင်တောင် သူတို့က သူတို့ဘ၀တစ် လျှောက်လုံးရင်းပြီး ရလာတဲ့ အသိပညာ တွေဖြစ်လို့ နားထောင်ပေးပါ။ မှန်၏၊ မ မှန်၏၊ လိုက်လုပ်တာ၊ မလုပ်တာက သင့် ဘာသာသင် သင့်ဘ၀အတွက် ဆုံးဖြတ် ရမှာပါ။

(၁) အမှားလုပ်မိမှာမကြောက်ပါနဲ့
လူတိုင်းအမှားနဲ့ မကင်းကြပါဘူး။ အမှားသေးသေးလေးကနေ အကြီးကြီး ထိ လုပ်မိနိုင်ပါတယ်။ မသိလို့မှားတာနဲ့ သိရက်နဲ့မှားတာတွေလည်း ရှိပါတယ်။ မ သိလို့မှားခဲ့တာကနေ သင်ခန်းစာယူပြီး နောက်မမှားအောင် ကြိုးစားပါ။ နောက် တစ်ကြိမ်မှာ ပိုပြီး သတိကြီးကြီးနဲ့ ဆောင် ရွက်ပါ။

(၂) ကြိုတင်ပြင်ဆင်ပါ
ကြိုတင်ပြင်ဆင်မှုက အရေးကြီးသ လို ကြိုးစားမှုကလည်း အရေးကြီးပါ တယ်။ ဉာဏ်ကောင်းတာပဲ၊ လုပ်လိုက်ရင် ခဏလေးပဲ ဆိုပြီး မပျင်းပါနဲ့။ အချိန်ကို တန်ဖိုးထားပါ။ မိုးရွာတုန်း ရေခံရမှာ ဖြစ် လို့ ငယ်ရွယ်တုန်း၊ လုပ်နိုင်ကိုင်နိုင်တုန်း၊ ကျန်းမာရေးကောင်းတုန်းမှာ ဘ၀ အ တွက် ခိုင်မာတဲ့အုတ်မြစ်တွေ တည် ဆောက်ပါ။ ကိုယ့်ဘ၀အတွက်ကိုယ် အာမခံချက် တည်ဆောက်ပါ။

(၃) အတွေ့အကြုံတွေစုပါ
မွေးစကနေ ယနေ့အချိန်အထိ သင် ကြုံတွေ့ရတဲ့ အတွေ့အကြုံ၊ ဗဟု သုတတွေဟာ ကျန်နေတဲ့ ဘ၀သက် တမ်းအပေါ် အထောက်အကူပေးနိုင်ပါ တယ်။ အတွေ့အကြုံတွေဆိုတာ ပိုက်ဆံ နဲ့ ပေးဝယ်လို့မရပါဘူး၊ သင်ကိုယ်တိုင် ဖြတ်သန်းရတာမျိုးပါ။ သင်လုပ်သမျှ အရာတိုင်းကနေ အသိပညာ၊ အတတ် ပညာ၊ အတွေ့အကြုံတွေ စုဆောင်း သွားပြီး ဒီဗဟုသုတတွေကို အခွင့်အခါ ကြုံတိုင်း ပြန်အသုံးချသွားနိုင်ပါတယ်။

(၄) ပိုက်ဆံစုပါ
ပိုက်ဆံစုတဲ့ အကျင့်ကို ငယ်ငယ်က တည်းက လေ့ကျင့်ထားပါ။ အရင်က မစု ခဲ့ဘူးဆိုရင်လည်း အခုချိန်ကစပြီးစုပါ။ မပြောပလောက်တဲ့ ပမာဏလေးကိုပဲ ပုံမှန် စုသွားပါ၊ တစ်ချိန်မှာ အလုံးအရင်း ပမာဏအများကြီး ဖြစ်လာမှာပါ။ သင်နဲ့ ရွယ်တူတွေကို ကြည့်တဲ့အခါ အတော် များများဟာ သုံးစွဲပျော်ပါးနေကြတာကို တွေ့ရမှာပါ။ သင့်အနေနဲ့ ငယ်ရွယ်ချိန်မှာ ပိုက်ဆံစစုမယ်ဆိုရင် တစ်နှစ်လုပ်အားခ ရဲ့ ဆယ်ရာခိုင်နှုန်းကိုပဲ နှစ်စဉ်စုသွားဖို့ လိုပါတယ်။ အသက်ကြီးမှ ပိုက်စံစစုမယ် ဆိုရင် ခက်သွားပါလိမ့်မယ်။

(၅) ပုံသေသတ်မှတ်မထားပါနဲ့
သင်ငယ်ငယ်ကတည်းက ပေါင်းခဲ့ တဲ့ သူငယ်ချင်းတွေထဲမှာ တချို့က ငယ် ရွယ်စဉ်ကတည်းက ရည်မှန်းချက်ထားပြီး ကြီးလာရင် ဘာလုပ်မယ်ဆိုပြီး ကြိုးစား သူတွေကို တွေ့ဖူးမှာပါ။ တချို့က မှန်း ထားတဲ့အတိုင်း ဖြစ်လာပြီး၊ လုပ်ငန်းခွင် ဝင်ပြီးမှ နောက်ဝါသနာ၊ အလုပ်ခွင်သစ် ကို ပြောင်းသွားတာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် ဒီလို ရည်မှန်းချက် ပြောင်းလဲမှု တွေလည်း ကြုံတွေ့လာရနိုင်ပါတယ်။ သင်စိတ်မဝင်စားဘူးလို့ ထင်ထားတဲ့ အ ရာတွေကပဲ သင့်ဘ၀ကို အောင်မြင်မှု တွေ၊ ပျော်ရွှင်မှုတွေ ရစေနိုင်တာမျိုး လည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ ဘယ်နေရာ ရောက်ရောက် အကောင်းဆုံး ကြိုးစား ပါ။ ရည်မှန်းချက်ထားပြီး အလုပ်လုပ်ပါ။

(၆) ကျန်းမာရေးစောင့်ရှောက်ပါ
အသက်ငယ်တာပဲ၊ ကျန်းမာတာပဲ ဆိုပြီး မပေါ့ပါနဲ့။ ငယ်ရွယ်တုန်းမှာ က တည်းက ကျန်းမာရေး စောင့်ရှောက်တဲ့ အလေ့အကျင့်တွေလုပ်သွားရင် အသက် ကြီးလာတဲ့အခါ ကောင်းကျိုးတွေ ရရှိ မှာဖြစ်ပါတယ်။ ငယ်ရွယ်တုန်းမှာ အပျော် အပါး ခုံမင်လွန်တတ်တာကြောင့် ဆေး လိပ်၊ အရက်တွေကို စမ်းသပ်လာနိုင် ပါတယ်။ ဒါပေမဲ့ ဆေးလိပ်၊ အရက် သောက်သုံးမှုတွေဟာ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေပါတယ်။ ဒါ ကြောင့် သင် အသက် သုံးဆယ်၊ လေး ဆယ်၊ ငါးဆယ် အရွယ်မှာ ကျန်းကျန်း မာမာနဲ့ ဘ၀ကို ဖြတ်သန်းချင်တယ်ဆိုရင် ဆေးလိပ်နဲ့ သေရည်အရက်ကို ရှောင်ပါ။
ဒါတွေက ပျော်ရွှင်မှု အစစ်အမှန်ကိုလည်း မပေးနိုင်ပါဘူး။

(၇) ကိုယ့်ကိုယ်ကိုယ်အားကိုးပါ
ယောက်ျားလးပဲဖြစ်ဖြစ်၊ မိန်းက လေးပဲဖြစ်ဖြစ် အားကိုးရှာချင်တဲ့စိတ်ကို မထားစေချင်ပါဘူး။ ဒါက သင့်ကိုယ်သင် လည်း မယုံကြည်ရာရောက်ပါတယ်။ သင်ရဲ့ လုပ်နိုင်စွမ်းကို ယုံကြည်ပါ။ လော ကမှာ သေရေး ရှင်ရေးဖြစ်ဖြစ်၊ စီးပွားရေး ဖြစ်ဖြစ်၊ ငွေရေးကြေးရေးဖြစ်ဖြစ် ဒါတွေ နဲ့ ပတ်သက်လာရင် လူအတော်များများ ဟာ အတ္တတွေနဲ့ တစ်ကိုယ်ကောင်း ဆန် တတ်ကြပါတယ်။ ဘယ်သူ့ကိုမှ အားမ ကိုးဘဲ ကိုယ့်ဘ၀ကို ကိုယ်တိုင် တာဝန် ယူတတ်အောင် ကြိုးစားထားမှ စိတ်ချမ်း သာ နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ငယ် ရွယ်တုန်းမှာ အစွမ်းကုန်ကြိုးစားထားပါ။

ထူးဒါလီကိုကို (MPharm) 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *