လူမသိ သူမသိသော ငှက်ပျောသီးခွံ အကြောင်းများ

ကျွန်မတို့ စားသုံးနေကြတဲ့ အစား အသောက်တွေထဲမှာ ငှက်ပျောသီးနဲ့ ကင်းတဲ့ အစားအသောက်တွေဆိုတာ ရှားပါတယ်။ ဆာလောင်နေတဲ့အချိန်ပဲ ဖြစ်ဖြစ်၊ မောပန်းနေတဲ့အချိန်မျိုးမှာပဲ ဖြစ်ဖြစ် ငှက်ပျောသီးတစ်လုံးလောက်စား ပြီးတော့ ရေသောက်ချလိုက်ရတာကိုက ဝမ်းပြည့်ပြီး ရင်အေးစရာ။ ငှက်ပျောသီး ဟာ ပိုတက်စီယမ်ပါဝင်မှု မြင့်မားတဲ့ အစားအသောက်တစ်မျိုးဖြစ်သလို အမျှင်ဓာတ်နဲ့ အသားဓာတ်တွေလည်း ပြည့်ပြည့်၀၀ ပါဝင်နေပါတယ်။ ရင်ကျပ် ရောဂါ၊ နှလုံးရောဂါတို့ကို ကာကွယ်ဖို့ အသုံးပြုကြသလို သက်လတ်ပိုင်းတွေ မှာလည်း ကိုယ်အလေးချိန်ထိန်းသိမ်း ဖို့အတွက် စားသုံးသင့်တဲ့ အသီးအနှံ ဖြစ်ပါတယ်။ ငှက်ပျောသီးဟာ ကျန်းမာ ရေးအတွက် အသုံးဝင်သလိုပဲ ငှက်ပျော သီး အခွံဟာလည်း ကျန်းမာရေးကို အထောက်အကူပြုနိုင်တာတွေ ရှိနေပါ သေးတယ်။
ငှက်ပျောသီးခွံထဲမှာ ကျန်းမာရေး အတွက် အထောက်အကူပြုပေးနိုင်တဲ့ သတ္တုဓာတ်တွေ အများကြီးပါဝင်နေပါ တယ်။ ငှက်ပျောသီးအသားမှာ ပါဝင် သလို အခွံမှာလည်း ပိုတက်စီယမ်တွေ အများကြီး ရှိနေပါတယ်။ ဒါ့အပြင် မဂ္ဂနိစ်၊ ဆိုဒီယမ်၊ ကယ်လ်စီယမ်နဲ့ သံဓာတ်တို့လည်း အချိုးအစား မျှမျှတတ ပါဝင်တယ်လို့ဆိုပါတယ်။ ငှက်ပျောသီး အခွံတွေထဲကမှ ၉၂ ရာခိုင်နှုန်းလောက် ဟာ အဆီ၊ အသား၊ အမျှင်ဓာတ်နဲ့ ကစီဓာတ်တွေ များစွာပါဝင်နေပါတယ်။ အဲ့ဒီအထဲကမှ ၃၁ ရာခိုင်နှုန်းကတော့ အမျှင်ဓာတ်တွေ ဖြစ်ပြီး ကစီဓာတ်က ၅၁ ရာခိုင်နှုန်း၊ အဆီနဲ့ ပရိုတင်းတို့ ကတော့ ၁.၇ နဲ့ ၀.၉ ရာခိုင်နှုန်းတို့ ပါဝင်ပါတယ်။ အမျှင်ဓာတ်ပါဝင်မှုများတဲ့ အတွက် သဘာဝ ဝမ်းနှုတ်ဆေးအဖြစ် အသုံးပြုလေ့ရှိတဲ့ ကုန်ကြမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါတွေအပြင် နောက်ထပ် အသုံးတည့်တဲ့ အချက်ကလေးတွေ လည်း အများကြီးရှိနေပါသေးတယ်။

၁။ သွားများကို ဖြူဝင်းစေခြင်း

သွားတိုက်ဆေးအများစုဟာ သူတို့ ရဲ့ ပါဝင်ပစ္စည်းထဲမှာ ငှက်ပျောသီးအခွံ ကနေ ရတဲ့ပစ္စည်းတွေ ပါဝင်တယ်လို့ ဖော်ပြထားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ လည်း ငှက်ပျောသီးအခွံမှာ ပါဝင်တဲ့ Chemicals တွေဟာ ကျွန်မတို့ သွား တွေ ဖြူစေပါတယ်။ သွားတွေရဲ့ ကြွေ လွှာတွေကို ငှက်ပျောသီးအခွံ့နဲ့ တိုက် ပေးတာဟာ သွားတွေမှာ ကပ်ငြိနေတဲ့ ကြေးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ မနက်တိုင်း ၂ မိနစ်ခန့် တိုက်ပေးရင် ထူးခြားတာကို ၃ ပတ်လောက်ကနေစပြီး တွေ့ရမှာ ဖြစ်ပါတယ်။

၂။ အရောင်တောက်စေခြင်း

ငွေထည်အသုံးအဆောင် ပစ္စည်း တွေ၊ လက်ဝတ်လက်စားတွေ အရောင် မတောက်တဲ့အတွက် စိတ်ညစ်နေတဲ့သူ တွေ ရှိနေသလို အရောင်တင်ဖို့အတွက် ဝယ်ထားတဲ့ဆိုင်ကို တကူးတကန့်သွားရ တာကို ငြီးငွေ့နေတဲ့သူတွေလည်း ရှိနေ ပါတယ်။ သူတို့အတွက် အကောင်းဆုံး ဖြေရှင်းနည်းကတော့ ငှက်ပျောသီးအခွံ ကို ကြိတ်လိုက်ခြင်းပါပဲ။ Blender ထဲမှာ ငှက်ပျောသီးခွံနဲ့ ရေနည်းနည်းကို ထည့် မွှေပြီး ရလာတဲ့အနှစ်တွေ ရလာအောင် အရင်ဆုံးပြုလုပ်ပေးရပါမယ်။ အဲ့ဒီအနှစ် တွေထဲ အဝတ်ကို နှစ်လိုက်ပြီးမှ အသုံး အဆောင်တွေပေါ် သုတ်လိုက်ကာ အချိန်ခဏထားပြီး ရေဆေးလိုက်ရင် တော့ တောက်ပတဲ့အသုံးအဆောင် ပစ္စည်းတွေကို ပြန်လည်ရရှိမှာဖြစ်ပါ တယ်။ အဲ့ဒီလိုပဲ ရှူးဖိနပ်တွေ တောက် ပြောင်လာစေဖို့ ငှက်ပျောသီးခွံနဲ့ ပွတ် တိုက်တဲ့နည်းကို အသုံးပြုနိုင်ပါတယ်။

၃။ အင်းဆက်ပိုးမွှားများကို ဖယ်ရှားနိုင်ခြင်း

ကျွန်မတို့ စိုက်ပျိုးထားတဲ့ အပင် အနှံလေးတွေကို လာပြီးတော့ ဖျက်ဆီး တတ်တဲ့ ပိုးကောင်တွေကို နှိမ်နင်းနိုင် တဲ့အရာဟာ ငှက်ပျောသီးအခွံပါပဲ။ ပိုး ကိုက်နေတဲ့အပင်တွေအရင်းမှာ ငှက် ပျောသီးအခွံကို ထားကြည့်လိုက်ရင် မကြာခင်မှာပဲ ပိုးမွှားကင်းလာတာကို တွေ့ရပါလိမ့်မယ်။ အကြောင်းကတော့ ငှက်ပျောသီးရဲ့ အခွံထဲမှာပါဝင်တဲ့ ပိုတက် စီယမ်ဟာ ပိုးကောင်တွေကို အလျင် အမြန် မောင်းထုတ်ပစ်လိုက်တဲ့အတွက်ကြောင့်ပါပဲ။

၎။ ယားယံမှုကို သက်သာစေခြင်း

ခြင်၊ ယင်၊ မွှားကောင်တွေ ကိုက်ခဲ တာကိုခံရပြီး ယားယံနေတဲ့အချိန်မှာ အကောင်းဆုံး ဆေးဝါးဟာလည်း ငှက် ပျောသီး အခွံပါပဲ။ ငှက်ပျောသီးအခွံဟာ ရောင်ရမ်းမှုကို သက်သာစေတဲ့အရာ တွေပါဝင်ပြီး သူနဲ့ ပွတ်တိုက်ပေးပြီး ခဏ အတွင်းမှာပဲ ယားယံတာတွေ၊ ရောင် ရမ်းမှုတွေဟာ သက်သာသွားတတ်ပါ တယ်။

၅။ သဘာဝ ဓာတ်မြေဩဇာအဖြစ်အသုံးပြုနိုင်ခြင်း

မိမိတို့အိမ်က ပန်းပွင့်လေးတွေ အစွမ်းကုန်ပွင့်လန်းလှပဖို့အတွက် အကောင်းဆုံး သဘာဝဓာတ်မြေဩဇာ ဟာ ငှက်ပျောခွံပါပဲ။ ပန်းပွင့်လေးတွေရဲ့ ခြေရင်းမှာထားလိုက်ရင် လိုအပ်တဲ့ အာဟာရဓာတ်တွေ အပြည့်အဝပေးနိုင် ပါတယ်။ တခြားမြေဆွေးတွေထက် ငှက် ပျောခွံမြေဆွေးတွေဟာ ပန်းတွေပွင့်ဖို့ အားပေးနိုင်ပါတယ်။ အဲ့ဒီလိုပါပဲ ခရမ်း ချဉ်သီးတွေ ဝေဝေဆာဆာ သီးဖို့အတွက် အကောင်းဆုံး အားဖြည့်ပေးနိုင်တဲ့ မြေဩဇာဟာလည်း ငှက်ပျောခွံတွေပါပဲ။

၆။ အလှစိုက် အပင်များကို ရှင်သန်စေခြင်း

တကယ်တော့ ငှက်ပျောခွံဟာ ပန်း ပင်နဲ့ ခရမ်းချဉ်သီးပင်တွေ အတွက် သာမက အိမ်တွင်းမှာ အလှစိုက်ပျိုးတဲ့အပင်လေးတွေအတွက်လည်း အကျိုးပြု ပေးပါတယ်။ အရွက်ဖားဖား အပင်လေး တွေရဲ့အခြေမှာ ထည့်ထားပေးပြီး အပင် လေးတွေ သန်လာအောင် ပျိုးထောင်ပေး လို့ရသလို အရွက်တွေကို ငှက်ပျောခွံ လေးနဲ့ တိုက်ပေးပြီး ဖုန်မှုန့်တွေ သန့် သွားအောင် လုပ်ပေးလို့ရပါလတယ်။

၇။ အသားဟင်းများ ပြင်ဆင်ရာတွင် သုံးနိုင် ခြင်း

အသားတွေကို နူးညံ့သွားအောင် ဘယ်လို ချက်ပြုတ်ပြင်ဆင်ရမလဲဆိုတာ ဟာ အိမ်ရှင်မတွေ အားလုံးအတွက် စိန် ခေါ်မှုတစ်ခုပါပဲ။ အသားတွေ ကင်ပြီးတဲ့ အချိန်မှာ ငှက်ပျောသီးအခွံလေးနဲ့ အုပ် ပေးထားလိုက်ရင် အထဲမှာရှိတဲ့ အစို ဓာတ်ကို ထိန်းထားပေးရာရောက်ပြီးတော့ ပိုမိုနူးညံ့သွားစေပါတယ်။

၈။ ထမင်းအရသာကို ပိုထူးခြားစေခြင်း

ငှက်ပျောသီးကို စားဖွယ်အမျိုးမျိုး ပြင်ဆင်ရာမှာ သုံးနိုင်သလို ငှက်ပျော သီးခွံကိုလည်း သုံးနိုင်ပါတယ်။ ငှက်ပျော သီးမှည့်ခွံထဲကို ဆန်ထည့်ပြီး ပေါင်း ကြည့်လိုက်တဲ့အခါ အရသာထူးခြားတဲ့ ထမင်းကို ရရှိမှာဖြစ်ပါတယ်။ အဲ့ဒီထမင်း ဟာ ဆန်မှာပါရှိတဲ့ ဗီတာမင် ဘီ ၁ ကို ပေးနိုင်သလို ငှက်ပျောသီးခွံကပေးတဲ့ ဘီ ၁၊ ဘီ ၁၂ တို့နဲ့ ပြည့်ဝနေပြီး အာဟာ ရတန်ဖိုး မြင့်မားနေပါတယ်။
၉။ ကြွက်နို့ပျောက်စေနိုင်ခြင်း

ငှက်ပျောသီးခွံဟာ အရေပြားတွေ ညီမွတ်လှပစေဖို့လည်း ကူညီပေးနိုင်ပါ တယ်။ အထူးသဖြင့် ကြွက်နို့ကြောင့် ဖြစ်လာမယ့် ပြဿနာတွေကို ဟန့်တား နိုင်ခြင်းပါပဲ။ ကြွက်နို့ပေါက်နေတဲ့ အရေ ပြားနဲ့ အနီးတစ်ဝိုက်ကို နေ့တိုင်း ၂ မိနစ် လောက် ငှက်ပျောသီးခွံနဲ့ တိုက်ပေးရင် ၂ ပတ်လောက်အကြာမှာ လျော့ပါးသက် သာလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။

၁၀။ ပွန်းပဲ့ရာများကို ပျောက်ကင်းစေခြင်း

နောက်ထပ် ငှက်ပျောသီးခွံရဲ့ အာနိ သင်ကတော့ ပွန်းပဲ့ရာများကို ကာကွယ် ပေးနိုင်ခြင်းပါပဲ။ ငှက်ပျောသီးခွံဟာ သဘာဝကပေးတဲ့ ဆေးပတ်တီးလို့ တောင် ပြောလို့ရပါတယ်။ ချော်လဲလို့ဖြစ် ဖြစ်၊ တစ်ခုခုနဲ့ တိုက်မိလို့ဖြစ်ဖြစ် ပွန်းပဲ သွားတဲ့အခါမျိုးမှာ ငှက်ပျောသီးခွံနဲ့ အုံထားပေးနိုင်ပါတယ်။ ငှက်ပျောသီးခွံ အတွင်းထဲက Chemicals တွေဟာ ရောင်ရမ်းတာကို အမြန်ကျစေပြီး အနာ ကို ချက်ချင်း သက်သာသွားစေပါတယ်။

၁၁။ ဝက်ခြံပျောက်ကင်းစေနိုင်ခြင်း

နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားကြည့် ပြီးသည့်တိုင် ဝက်ခြံမပျောက်သေးတဲ့သူ တွေအတွက် နည်းလမ်းကောင်းတစ်ခု ကျန်နေတာကတော့ ငှက်ပျောသီးခွံပါပဲ။ ငှက်ပျောသီးခွံရဲ့ အတွင်းသားနဲ့ ဝက်ခြံ ကို တစ်နေ့ ၃ ကြိမ်၊ ၁ ကြိမ်မှာ အနည်း ဆုံး ၅ မိနစ်လောက် ပွတ်ပေးရင် အရေ၊ အခွံမှာရှိတဲ့ အက်စစ်နဲ့ အဆီတွေဟာ ၃ ရက်အတွင်းမှာပဲ ဝက်ခြံကို ခြောက် သွားစေပါတယ်။

၁၂။ အရေပြားပြဿနာများကို ဖြေရှင်းပေး နိုင်ခြင်း

အဲ့ဒီလိုပဲ အရေပြားခြောက်သွေ့ ပြီးတော့ စိတ်မကြည်မလင် ဖြစ်နေ တဲ့သူတွေအတွက် ငှက်ပျောသီးခွံက အတော့်ကို ကူညီပေးနိုင်ပါသေးတယ်။ နှင်းခူ၊ ယားနာတို့လိုမျိုး ပြဿနာတွေ အတွက် ငှက်ပျောသီးခွံဟာ အဆိပ်အ တောက် မရှိ၊ အန္တရာယ်ကင်းတဲ့ သဘာဝ Moisturizer ပါပဲ။ ဒါတွေအပြင် ခြောက်သွေ့တဲ့အရေပြားဟာ တခြား အရေပြားတွေထက် ပါးရေတွန့်လွယ်စေ ပါတယ်။ ဒီအတွက် မျက်နှာအသား အရေကို တင်းရင်းစေတဲ့ ကျန်းမာရေးနဲ့ ညီ ညွတ်တဲ့ Face Mask ဟာ ငှက်ပျော သီးခွံ အတွင်းသားပါပဲ။

၁၃။ လိပ်ခေါင်းရောဂါကို ကုသနိုင်ခြင်း

အလွန်တရာကို သက်သောင့် သက်သာမရှိဘဲ နာကျင်မှုကို ခံစားရတဲ့ ရောဂါတွေထဲကတစ်ခုကတော့ လိပ် ခေါင်းရောဂါပါပဲ။ လူတစ်ယောက်ရဲ့ နေထိုင်မှုပုံစံ မမှန်ကန်တာတွေကနေ အစပြုလာတဲ့ ဒီလိုဝေဒနာတွေကို ကုပေးဖို့အတွက် ငှက်ပျောသီးခွံက ကူညီပေးနိုင်ပါတယ်။ ငှက်ပျောသီးခွံနဲ့ သစ်အယ်သီးတို့ကို Blender ထဲ ထည့်မွှေပြီးတဲ့နောက်မှာ ထွက်လာတဲ့ အနှစ်တွေကို လိပ်ခေါင်းတစ်ဝိုက်မှာ လိမ်းထားပေးနိုင်ပါတယ်။ တစ်ခါအုံထား ပေးရင် အချိန်နာရီဝက်လောက်ထား ပေးရင် သိပ်မကြာခင်မှာပဲ ပျောက်ကင်း သွားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

၁၄။ ဆူးထွက်သွားစေရန် ကူညီနိုင်ခြင်း

အရေပြားမှာ စိုက်ဝင်နေတဲ့ ဝါးစ၊ သစ်သားစလေးတွေကို ဖယ်ထုတ်တဲ့ အချိန်မှာ အနာသက်သာဖို့အတွက် သူ့ကို အသုံးပြုနိုင်ပါသေးတယ်။ ငှက် ပျောသီးခွံ အတွင်းသားနဲ့ ပွတ်တိုက် ပေးပြီး သိပ်မကြာခင်မှာပဲ အရေပြားဟာ နူးညံ့လာပြီး ဆူးတွေကို အလွယ်တကူပဲ ဖယ်ထုတ်နိုင်ပါလိမ့်မယ်။

၁၅။ ကြည်လင်စေခြင်း

ငှက်ပျောသီးကို အခွံမခွာဘဲ စား တာမျိုးကို အာရှနိုင်ငံတွေမှာ တွေ့ရ ပြီးတော့ အနောက်နိုင်ငံတွေမှာတော့ တွေ့ရခဲတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တချို့နိုင်ငံတွေမှာတော့ စိတ်ကို ကြည် လင်စေဖို့၊ အမြင်အာရုံတွေကို ကြည် လင်စေဖို့ ငှက်ပျောသီးခွံထဲမှာရှိတဲ့ Chemicals တွေကို အားပြုတတ်ကြပါ တယ်။ အခွံကို ပြုတ်ပြီးတော့ ရလာတဲ့ အရည်ကို သောက်ခြင်းဟာ ကျန်းမာရေး အတွက် ကောင်းမွန်တဲ့ အလေ့အထ တစ်ခုအဖြစ် မှတ်ယူထားကြပါတယ်။
ဒါတွေအပြင် လက်မှာ မှင်စွန်းတာ တွေကို ဖျက်ပစ်ဖို့၊ စီဒီအခွေက အခြစ်ရာ တွေကို ဖျောက်နိုင်ဖို့၊ မီးဖိုချောင်ထဲက ယင်ကောင်တွေကို ထောင်ဖမ်းနိုင်ဖို့ အများကြီး အသုံးတည့်ပါတယ်။ ငှက် ပျောသီးတစ်လုံးအတွက် ကျွန်မတို့ ပေး လိုက်ရတဲ့ အဖိုးအခထက် ပိုများတဲ့ တန်ဖိုးကို ငှက်ပျောသီးခွံကပါ ထပ် လောင်း ပေါင်းထည့်ပေးနိုင်ပါတယ်။ ငှက်ပျောသီးအခွံဟာ ကျွန်မတို့ရဲ့ သွား တွေ ဖြူဖွေးတောက်ပ နေစေတာကနေ ပိုးကောင်တွေကို နှင်ထုတ်နိုင်တဲ့အစွမ်း တွေအထိ ရှိနေပါတယ်။ ဒါ့အတွက် ဒါဆိုရင် ငှက်ပျောသီးစားပြီး အခွံကို အလွယ်တကူပစ်ထုတ်လိုက်မလား၊ အနည်းဆုံးတော့ အပင်လေးအောက်မှာ ထားပြီးတော့ သဘာဝပတ်ဝန်းကျင်လေး စိမ်းစိုလာအောင် ပျိုးထောင်ကြမလားဆို တာက နှစ်ခါပြန်စဉ်းစားစရာ မလိုတော့ တဲ့ ကိစ္စတစ်ခုပါပဲ။

နှင်းနုလွင် (ဆေးဝါး)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *