လူသားတစ်ဦးဖြစ်တည်မှုအပေါ် ဘယ်အရာက အရေးကြီးတာလဲ

လူတစ်ဦးနဲ့တစ်ဦးမှာ ရုပ်ရည်သွင် ပြင်ကသော်လည်းကောင်း၊ စိတ်နေ သဘောထားအရသော်လည်းကောင်း၊ အပြုအမူပိုင်းဆိုင်ရာမှာသော်လည်း ကောင်း မတူညီကွဲပြားကြတာ အများ အသိပဲ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ် သက်ပြီး စိတ်ပညာရှင်၊ အတွေးအခေါ် ပညာရှင်၊ သုတေသနပညာရှင်တွေကြား မှာ အငြင်းပွားစရာ ကိစ္စရပ်တစ်ခု ရှိနေ ဆဲ ဖြစ်ပါတယ်။ လူသားတစ်ဦး ဖြစ်တည် မှုအပေါ် ပညာရှင်တွေအကြား ငြင်းခုံ စရာIssues တွေက အများကြီးပါ။ ဒီထဲ က Nature နဲ့ Nurture ဆိုတဲ့ ယနေ့ တိုင် ငြင်းခုံနေဆဲ ကိစ္စတစ်ခုကို စာဖတ် ပရိသတ်တို့လည်း အဖြေရှာကြည့်နိုင်ဖို့ ရေးသားလိုက်ပါတယ်။

Nature
Nature ဆိုတာက ဗီဇ၊ မျိုးရိုး ပေါ်မူတည်ပြီး သင်ဘယ်သူ၊ ဘယ်ဝါ ဆိုတဲ့အပေါ် လွှမ်းမိုးမှုရှိတာကို ဆိုပါ တယ်။ သင်ရဲ့ ရုပ်ရည်၊ အသွင်အပြင်က အစ သင်ရဲ့စိတ်နေသဘောထား၊ ကိုယ် ရည်ကိုယ်သွေးတွေပေါ် သက်ရောက်နိုင် တယ်လို့ ဆိုပါတယ်။

Nurture
Nurture ဆိုတာက ပတ်ဝန်း ကျင်က ပြောင်းလဲနိုင်တဲ့အခြေအနေတွေ က သင်ဘယ်သူ၊ ဘယ်ဝါဆိုတဲ့အပေါ် လွှမ်းမိုးမှုရှိတာကို ဆိုပါတယ်။ ငယ်စဉ် ကလေးဘ၀ကတည်းကနေ ဘယ်လို ပြုစုပျိုးထောင်ခံခဲ့ရလဲ၊ ဘယ်လိုအဖြစ် အပျက်တွေ ကြုံတွေ့ခဲ့ရလဲ၊ ပတ်ဝန်း ကျင်ရဲ့ ဓလေ့ထုံးစံတွေစတာတွေက သင်ရဲ့ စိတ်နေသဘောထား၊ ကိုယ်ရည် ကိုယ်သွေးတွေပေါ် သက်ရောက်နိုင် တယ်လို့ ဆိုပါတယ်။

ဘယ်ဟာအရေးကြီးလဲ
ဇီဝရုပ်ဖြစ်ပျက်မှုဆိုင်ရာလေ့လာမှု (Biological Psychology) တွေက လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာက မျိုးရိုးဗီဇ၊ DNA ရဲ့ လွှမ်းမိုးနိုင်မှုတွေကို အခြေခံပြီး ထောက်ပြသွားမှာဖြစ်ပေမယ့် အပြုအမူပိုင်းဆိုင်ရာလေ့လာမှု (Beha-vioral Psychology) တွေက လူတစ် ယောက်ရဲ့ အပြုအမူသဘောဆောင်တာ က ပတ်ဝန်းကျင်ရဲ့လွှမ်းမိုးမှုပေါ် အခြေခံ ပြီး ထောက်ပြသွားမှာ ဖြစ်ပါတယ်။
သင်ရဲ့အပြုအမူအပေါ် မျိုးရိုးဗီဇက လွှမ်းမိုးတာလား၊ ပတ်ဝန်းကျင်ကလွှမ်းမိုး တာလား။ သင်ရဲ့ စိတ်နေသဘောထား အပေါ် မွေးရာပါဗီဇကလွှမ်းမိုးတာလား၊ ဘ၀အတွေ့အကြုံတွေက လွှမ်းမိုးတာ လား။
စိတ်ပညာရှင်တချို့ကတော့ လူ တစ်ဦးမှာ ပတ်ဝန်းကျင်ကလွှမ်းမိုးမှုတွေ ဘယ်လိုပဲဖြစ်ဖြစ် သူ့မှာ မွေးရာပါဗီဇ ဆိုတာ ပါလာတာဖြစ်တယ်လို့ ဆိုပါ တယ်။ လူတစ်ဦးနဲ့ တစ်ဦးမှာ မတူညီကွဲ ပြားတဲ့ စရိုက်သွင်ပြင်လက္ခဏာဆိုတာ ဘိုးဘေးဘီဘင်က ဆင်းသက်လာတဲ့ ဗီဇကြောင့် Unique (ထူးခြားကွဲပြား) ဖြစ်နေတာလို့ ဆိုပါတယ်။
တချို့စိတ်ပညာရှင်တွေက ပြော ထားတာကတော့ လူတစ်ယောက်ရဲ့ စိတ်နေသလောထားဟာ လုံးဝBlank၊ သုညအဖြစ်နဲ့ စတင်ခဲ့ပြီး အသိပညာ တိုင်းဟာ အတွေ့အကြုံတွေကနေ ရရှိ တာ ဖြစ်တယ်လို့ ဆိုပါတယ်။ လူတစ် ယောက်ရဲ့မျိုးရိုးက ဘယ်လိုပဲ ဖြစ်နေ ဖြစ်နေ သူရဲ့အပြုအမူ၊ လုပ်ဆောင်မှုတွေ ကို Train လို့ရတယ်၊ သင်ပေးလို့၊ ပြုပြင် ပေးလို့ရတယ်လို့ ဆိုပါတယ်။
ဆိုပါစို့ လူတစ်ယောက်ဟာ ပညာ အရည်အချင်းမှာ အရမ်းတော်တယ် ဆိုရင် သူရဲ့ မျိုးရိုးဗီဇကြောင့်လား၊ သူ့ကို ပံ့ပိုးပေးတဲ့ ပတ်ဝန်းကျင်ကြောင့်လား၊ နောက်လူတစ်ယောက်က သူရဲ့မိန်းမကို ရိုက်နှက်တတ်တယ်ဆိုရင် သူဟာ ကြမ်း တမ်းတဲ့ ဗီဇပိုင်ဆိုင်လာလို့လား၊ သူရဲ့ မိဘတွေကလည်း ဒီလိုပဲ ကြမ်းကြမ်း တမ်းတမ်းပြုမူတာကို သူသင်ယူခဲ့လို့လား စသဖြင့် မေးစရာရှိပါတယ်။
တချို့ရောဂါဝေဒနာတွေက မျိုးရိုး ဗီဇကြောင့် ဖြစ်တတ်ပါတယ်။ မျက်လုံး အရောင်၊ ဆံပင်အရောင်၊ အသားရောင် ကလည်း မျိုးရိုးဗီဇနဲ့သက်ဆိုင်နေပါ တယ်။ လူတစ်ယောက်ရဲ့ အသက်ရှည် ခြင်း၊ မရှည်ခြင်းကတော့ မျိုးရိုးဗီဇနဲ့ သက်ဆိုင်သလို ပတ်ဝန်းကျင်ကလည်း ကျန်းမာရေးအပေါ် လွှမ်းမိုးနိုင်တဲ့ အချက်တွေ ရှိပါတယ်။
ဒါကြောင့် လူတစ်ဦးရဲ့ ဖြစ်တည် မှုအပေါ် Nature ကအရေးကြီးတာလား Nurture ကအရေးကြီးတာလားဆိုတာ အငြင်းပွားစရာ ဖြစ်လာပါတယ်။ ယနေ့ ခေတ်မှာ ပညာရှင်အတော်များများက နှစ်ခုစလုံးအရေးကြီးတယ်လို့ လက်ခံ ထားကြပါတယ်။ ငယ်ရွယ်စဉ်မှာပဲ အရေးကြီးတာမဟုတ်ဘဲ လူတစ်ယောက် ရဲ့ ဘ၀တစ်လျှောက်လုံးမှာ Natureန ရော Nurture ရောက အရေးကြီးတဲ့ ကဏ္ဍတွေကနေ ပါဝင်နေနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ စာဖတ်ပရိသတ်တို့ ကော ဘယ်လိုထင်ပါသလဲ။

ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal