ကျန်းမာရေးကောင်းမွန်တာ၊ ခန္ဓာကိုယ်ကြံ့ခိုင်တာနဲ့ မှတ်ဉာဏ်ထက်သန်တာလို မျိုးတွေက ကျွန်မတို့ ပိုင်ဆိုင်ရတဲ့အထဲမှာ တန်ဖိုးမဖြတ်နိုင်ဆုံးအရာတွေပါ။ မကျန်း မာတဲ့အခါမှာမှ ကျန်းမာရေးရဲ့ တန်ဖိုးကို ပိုမိုသိရှိလာကြပါတယ်။ ရောဂါတိုင်းမှာ သတိပေးလက္ခဏာတွေရှိကြပြီး ကျွန်မတို့အနေနဲ့ စိတ်နဲ့ခန္ဓာကိုယ် ကပ်ငြိနေတဲ့အခါမှာ အဲဒီလက္ခဏာတွေကို သတိထားမိနိုင်ပေမယ့် စိတ်နဲ့ခန္ဓာ မကပ်တဲ့အခါမှာတော့ သတိမမူမိကြတဲ့အတွက် ရောဂါရင့်မှသာ သိရှိကြရပါတယ်။ ရောဂါကို စောစောသိလေ၊ ကုသပျောက်ကင်းနှုန်းကောင်းလေလေမို့ မဖြစ်မနေ သတိထားသင့်တဲ့ ကင်ဆာရော ဂါရဲ့ ရှေးဦးလက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ အရေပြားပြဿနာ
အစားအစာ ဒါမှမဟုတ် အလှကုန်ပစ္စည်းနဲ့ ဓာတ်မတည့်မှုကြောင့်ဖြစ်တာနဲ့ အသွင်မတူတဲ့ အရေပြားမှာ အဖုအပိမ့်ပေါက်တာ၊ မညီမညာဖြစ်တာတွေက သားမြတ် ကင်ဆာရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ သားမြတ်ကင်ဆာဖြစ်နေရင် ရုတ်တရက် အရေ ပြားယားယံတာ၊ အဖုအပိမ့်ပေါက်တာတွေ ဖြစ်တတ်ပါတယ်။ သားမြတ်နဲ့ ချိုင်းနေရာ မှာ အကျိတ်ဖြစ်ပေါ်နေခဲ့ရင်တော့ ကင်ဆာအဆင့်အတော်ရောက်နေပါပြီ။ ဒါ့အပြင် မှဲ့က အလျင်အမြန် ကြီးထွားလာတာ၊ ပုံသဏ္ဌာန်ပြောင်းလဲလာတွေကလည်း အရေ ပြားကင်ဆာရဲ့ လက္ခဏာပါ။ ဒီလက္ခဏာတွေ တွေ့ခဲ့ရင် ဆရာဝန်နဲ့ ချက်ချင်းပြသ သင့်ပါတယ်။
၂။ ရက်ရှည် ချောင်းဆိုးခြင်း
သင့်အနေနဲ့ တခြားဘာပြဿနာမှ မရှိဘဲ ချောင်းဆိုးတာက ကိုယ်တွင်းကျန်းမာ ရေးတစ်ခုခု ချို့ယွင်းနေတာကြောင့်ပါ။ ချောင်းဆိုးတာ၊ အစာစားချင်စိတ်မရှိတာ၊ ရုတ်တရက် ကိုယ်အလေးချိန်ကျဆင်းတာတွေက ကင်ဆာရောဂါရဲ့ အဓိက လက္ခဏာ တွေပါ။ ရောဂါအဆင့်အတော်ရောက်သွားရင်တော့ ချောင်းဆိုးရင်းနဲ့ သွေးပါတဲ့အထိ ဖြစ်နိုင်ပါတယ်။ အသက်ရှူရတာလည်း ခက်ခဲလာနိုင်ပါတယ်။ ဒီရောဂါရဲ့ လက္ခဏာတွေကို စောစောစီးစီး သတိထားမိပြီး ဆရာဝန်နဲ့ အမြန်ပြသဖို့ လိုအပ်ပါ တယ်။
၃။ ယားယံခြင်း
အကောင်ကိုက်တာ၊ မိတ်ပေါက်တာ၊ အသားအရေခြောက်သွေ့တာ၊ ဓာတ်မတည့်တာတွေကြောင့် မဟုတ်ဘဲ အရေပြားယားယံနေတာက ကင်ဆာနဲ့ ဆက် စပ်မှု ရှိနိုင်ပါတယ်။ သည်းခြေပြွန်ကင်ဆာ၊ အရေပြားကင်ဆာ၊ အသည်းကင်ဆာ၊ သွေးကင်ဆာ၊ နို့သီးခေါင်းကင်ဆာနဲ့ လင်ဖိုးမားကင်ဆာတွေကြောင့် အလွန်အမင်း ယားယံနိုင်ပါတယ်။ နှာခေါင်းနေရာမှာ ယားယံနေတာက ဦးနှောက်ကင်ဆာနဲ့ ဆက် စပ်မှုရှိပြီး မျိုးပွားအင်္ဂါနေရာမှာ ယားယံနေတာက မမျိုးဥအိမ်ကင်ဆာနဲ့ ဆက်စပ်မှု ရှိပါတယ်။
၎။ ဝမ်း(မစင်)ပြဿနာ
သင်သွားတဲ့ ဝမ်း(မစင်)မှာ ပြည်၊ ချွဲ ဒါမှမဟုတ် သွေး ပါ မပါ အမြဲသတိထား ကြည့်ရှုပါ။ ဒါတွေကို တွေ့ခဲ့ရင် ဆရာဝန်နဲ့ ချက်ချင်းပြသပါ။ အူမကြီးကင်ဆာရဲ့ ရှေးဦးလက္ခဏာဖြစ်နိုင်ပါတယ်။
၅။ ဆီးအရောင်
ဆီးအရောင်ကလည်း ခန္ဓာကိုယ်တွင်းက ကျန်းမာရေးပြဿနာကို ဖော်ပြပေး နိုင်ပါတယ်။ ဆီးအရောင်ပုံမှန်မဟုတ်တာက ကျောက်ကပ်ကင်ဆာရဲ့ လက္ခဏာပါ။ ကျောက်ကပ်ကင်ဆာရှိသူတွေအနေနဲ့ ဆီးထဲမှာ သွေးပါတာ၊ သွေးဖိအားမြင့်တက် တာ၊ ကျောက်ကပ်နေရာမှာ နာကျင်တာနဲ့ တစ်ချိန်လုံး မောပန်းနေတဲ့ဝေဒနာတွေ ခံစားရနိုင်ပါတယ်။
၆။ ကိုယ်အလေးချိန်ကျဆင်းခြင်း
သူ့အလိုလို ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းသွားတာက အစာအိမ်ကင် ဆာရဲ့ ရှေးဦးလက္ခဏာပါ။ အစပိုင်းမှာတော့ ကိုယ်အလေးချိန်ကျဆင်းတာကို သတိ မထားမိတတ်ကြပါဘူး။ ကင်ဆာအဆင့်မြင့်လာတဲ့အခါမှာ အသားငါးတွေကို မကြည့် ချင်လောက်အောင် ဖြစ်နေတာ၊ ဗိုက်အလိုလိုပြည့်တင်းနေတာနဲ့ သွေးအားနည်းတဲ့ဝေ ဒနာတွေကိုပါ ခံစားရတတ်ပါတယ်။
၇။ အမြဲတမ်းလည်ချောင်းနာနေခြင်း
သင့်အနေနဲ့ လည်ချောင်းနာနေတာ ကြာရှည်ပြီး ဘယ်လိုဆေးဝါးကုသနည်းနဲ့မှ မပျောက်ကင်းခဲ့ရင် လည်ချောင်းကင်ဆာရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ ဒီကင်ဆာဖြစ် ခဲ့ရင် အသက်ရှူတာနဲ့ အစာမျိုချတဲ့အခါမျိုးမှာတောင် လည်ချောင်းနာနေတတ်ပါ တယ်။ လည်ချောင်းအတွင်းမှာ အကျိတ်တစ်ခုခုခံနေသလိုမျိုး ခံစားရတာ၊ အသံအက် ကွဲတာ(အသံလုံးဝမထွက်တော့တာ)၊ သွေးနဲ့သလိပ်ရောပြီး ထွက်လာတာတွေက လည်ချောင်းကင်ဆာရဲ့ နောက်ဆုံးအဆင့် လက္ခဏာတွေပါ။
ရောဂါတိုင်းကတော့ အချိန်မီမသိခဲ့ရင် ကုသရာမှာ ခက်ခဲမှုရှိနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကို အမြဲတမ်းစိတ်နှစ်ပြီး သတိပေးလက္ခဏာတွေကို လျစ်လျူမရှု ထားတာက ကျန်းမာဖို့အတွက် အလွန်အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။
ဒေါက်တာခင်မိုးမိုး