လှပတဲ့မှန်တင်ခုံလေးပိုင်ဆိုင်နိုင်စေဖို့ …

အလှကြိုက်တဲ့ပျိုမေတို့အတွက် မှန်တင်ခုံက မရှိမဖြစ် လိုအပ်တဲ့အရာတစ်ခုဖြစ်ပါတယ်။ ပြင်ဆင်ခြယ်သတဲ့ နေရာလေးက သန့်ရှင်း သပ်ရပ်နေမှ စိတ်ကြည်ကြည်လင်လင်နဲ့ အလှပြင်နိုင်မှာပါ။ အလှပြင်ဖို့ မှန်တင်ခုံရှေ့ထိုင်ပြီးမှ ဟိုဟာပျောက်လို့ ရှာလိုက်ရ၊ ဒီဟာ ပျောက်လို့ ရှာလိုက်ရဆိုရင် စိတ်ရှုပ်စရာကောင်းပါတယ်။

ဒါကြောင့် ဒီတစ်ပတ်မှာ အလှကြိုက်တဲ့ ပျိုမေတို့ရဲ့ မှန်တင်ခုံလေး သပ်ရပ်လှပနေ စေဖို့ နည်းလမ်းတွေကို ရေးပေးလိုက်ပါတယ်။

Dressing Table Tips

(1) Be Yourself
တစ်ယောက်နဲ့တစ်ယောက်တော့ အ ကြိုက်ချင်းတူမှာမဟုတ်ပါဘူး။ ပျိုမေ တချို့က မှန်တင်ခုံပေါ်မှာ ရှင်းလင်းနေအောင်ထားတာ ကို နှစ်သက်သလို ပျိုမေ တချို့က မှန်တင်ခုံ ပေါ်မှာ အလှပြင်ပစ္စည်းတွေ၊ အလှတင်အရုပ် တွေ၊ မီးတွေနဲ့ ဆင်ယင်ထားတာကို နှစ်သက် ကြပါတယ်။ သူများအတွက် အဆင်ပြေပေ မယ့် ကိုယ့်အတွက် စိတ်တိုင်းကျချင်မှ ကျမှာ ပါ။ ဒါကြောင့် ဒီမှာ ဖော်ပြထားတဲ့ အချက် တွေအတိုင်း အတိအကျလိုက်လုပ်စရာတော့ မလိုပါဘူး။ ပျိုမေတို့ စိတ်တိုင်းကျပြင်ဆင်မှု ပေါ်မူတည်ပြီး အထောက်အကူပြုမယ့် အ ချက်တွေကိုပဲ ဖြည့်စွက်လိုက်ပါ။

(2) Storage
အလှကုန်ပစ္စည်း ခပ်များများဝယ်စုတတ် သူဖြစ်ဖြစ်၊ လိုအပ်တဲ့ Essentiall ပဲ ဝယ်သူ ဖြစ်ဖြစ် မှန်တင်ခုံလေး သပ်ရပ်လှပနေဖို့ဆို ရင် သိမ်းဆည်းဖို့ နေရာလိုအပ်ပါတယ်။ ဒီ တော့ အံဆွဲကျယ်ကျယ်နဲ့ များများပါတဲ့ မှန် တင်ခုံမျိုး၊ အံဆွဲအထပ်များများပါတဲ့ ဘီရိုအ သေးတစ်လုံးမျိုး ရှိရင် အဆင်ပြေပါတယ်။

(3) Types
သင့်မှာရှိတဲ့ အလှကုန်ပစ္စည်း အမျိုးအ စားတွေခွဲပါ။ မျက်နှာမှာ ပြင်ဆင်ခြယ်သတဲ့ အလှကုန်ပစ္စည်းတွေကို သတ်သတ်၊ ဆံကေ သာမှာအသုံးပြုတဲ့ အလှကုန်ပစ္စည်းတွေကို သတ်သတ်၊ Accessories လေးတွေကို သတ်သတ် သိမ်းဆည်းပါ။ ဒါက သင့်ကို လိုအပ်တဲ့အခါ အလွယ်တကူရှာဖွေရလွယ်ကူ စေပါတယ်။ ဒီအခါ ဘယ်အလှကုန်တွေက တော့ဖြင့် ကုန်ခါနီးပြီ၊ ဘယ်အလှကုန်တွေက တော့ဖြင့် အများကြီးရှိသေးတယ်ဆိုတာကို သေချာသိနိုင်ပြီး မလိုအပ်တာတွေမဝယ်ဖြစ် အောင်လည်း အမှတ်ရနေစေပါတယ်။

(4) Toss Out
သင်ရဲ့မှန်တင်ခုံလေးသပ်ရပ် လှပနေဖို့ နောက်အရေးကြီးတဲ့ အချက်က ဒိတ်လွန်သွားတဲ့အလှ ကုန်တွေ၊ သင်လုံးဝအသုံးမ ပြုတော့တဲ့ အလှကုန်တွေကို လွှင့်ပစ်လိုက်ပါ။ ဒါမှမ ဟုတ် သတ်သတ်ဖယ် ထုတ်ထားလိုက်ပါ။ သက် တမ်းကုန်ဆုံးသွားတဲ့ အ လှကုန်တွေကို ကောင်းနေ သေးတာပဲဆိုပြီး ဆက်မသုံး ပါနဲ့၊ အရေပြားပြဿနာတွေ၊ ဝက် ခြံတွေဖြစ်လာစေပါတယ်။

(5) Unconventional Item
ဒါက ဘာကိုပြောတာလဲ ဆိုရင် မှန်တင်ခုံအတွက် မှန်တင်ခုံသုံးပရိဘော ဂတွေမဟုတ်ဘဲ တခြားအလှဆင်၊ အသုံးပြု လို့ရမယ့် ပရိဘောဂ၊ အသုံးအဆောင်တွေကို မှန်တင်ခုံမှာ အသုံးပြုလို့ရတာကိုလည်း မမေ့ ပါနဲ့။ ဥပမာ – ကိတ်မုန့်တင်တဲ့စင်ပေါ်မှာအလှ ကုန်တွေ စီထားတာကအသွင်တစ်မျိုး ဆန်း စေမှာပါ။ နောက်ပြီး ပုံးအသေးတွေ၊ ချောက လက်ဘူးလေးတွေကလည်း အလှကုန်ပစ္စည်းတွေ သိမ်းဆည်းဖို့အသုံး ပြုနိုင်ပါတယ်။

Darliko

Post Author: Good Health Journal