ဝက်ခြံကင်းစင်ပြုံးပျော်ရွှင်

ဝက်ခြံဖြစ်စေတဲ့ အကြောင်းရင်းအမျိုးမျိုးရှိပါတယ်။ လူ တစ်ယောက်နဲ့တစ်ယောက်မှာဖြစ်ရတဲ့ အကြောင်းရင်းကတော့ မတူပါဘူး။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ပွဲလမ်းသဘင်သွားစရာ ရှိခါမှ ဝက်ခြံထွက်လာရင် ဘယ်သူမဆို စိတ်ညစ်ရမှာပါ။ ဒီ အတွက် ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းတချို့ကို ရေးပေး လိုက်ပါတယ်။

Tips 1
မျက်နှာသစ်ဆေးသေချာရွေးချယ်ပါ။ မိတ်ကပ်တွေကို အရင်ပြောင်စင်အောင် မိတ်ကပ်ဖျက်ဆေးရည် ဒါမှမဟုတ် မိတ်ကပ်ဖျက်ခရင်မ် အသုံးပြုပြီး သေချာသန့်စင်ပါ။ နောက် တစ်ဆင့်က သင့်အရေပြားနဲ့ကိုက်ညီတဲ့ ဓာတုပစ္စည်းမပြင်းတဲ့ မျက်နှာသစ်ဆေးနဲ့ထပ်ဆေးပါ။

Tips 2

မျက်နှာသုတ်ပဝါကို သန့်ရှင်းအောင်ထားပါ။ မျက်နှာ အရေပြားနဲ့ထိတွေ့မယ့်အရာတိုင်းက သန့်စင်နေဖို့ လိုပါတယ်။ မျက်နှာသုတ်ဖို့ တစ်ခါသုံး တစ်သျှူးစက္ကူကိုလည်း အသုံးပြုနိုင် ပါတယ်။ အိတ်ဆောင်အနေနဲ့ Makeup Wipes တွေယူသွား ပါ။ အချိန်မရွေး မျက်နှာသန့်စင်ဖို့လိုလာရင် အလွယ်တကူ သန့်စင်နိုင်ပါတယ်။

Tips 3

အချိန်တိုအတွင်း အရေးပေါ် ခေတ္တခဏပျောက်ကင်းဖို့ ဆိုရင် အရေပြားဆရာဝန်ဆီမှာ ကော်တီဇုန်းထိုးဆေး ထိုးနိုင် ပါတယ်။ ဒါက လွယ်ကူပြီး သက်သာတဲ့ရွေးချယ်မှုတော့မဟုတ် ပါဘူး၊ ဒါပေမဲ့ သင်ဟာ မင်္ဂလာဆောင်မှာဖြစ်ဖြစ်၊ ဟောပြော ပွဲမှာ Presenter လုပ်ရမှာ ဖြစ်ဖြစ်၊ ရှိုးပွဲမှာလမ်းလျှောက်ရမှာဖြစ် ဖြစ်စသဖြင့်အရေးကြီးနေရင်တော့ ရွေးချယ်နိုင်ပါတယ်။

Tips 4

ကိုယ့်ဘာသာကိုယ်ဝယ်လိမ်းနိုင်မယ့် ဝက်ခြံပျောက်ဆေး တွေကတော့ – ဟိုက်ဒရိုကော်တီဇုန်းခရင်မ်၊ Salicylic acid၊Glycolic acid၊ Benzoyl peroxide စတာတွေထဲက တစ်မျိုးကိုအသုံးပြုပါ။ ဘယ်လိမ်းဆေးပဲသုံးသုံး သင့်အသား အရေနဲ့ တည့်မတည့်ကို မျက်နှာမဟုတ်တဲ့ တခြားအရေပြား တစ်နေရာရာမှာ အရင်စမ်းလိမ်းကြည့်ဖို့ လိုပါတယ်။

Tips 5

Tea Tree Oil ကို ဝက်ခြံပျောက်ဖို့အတွက် အသုံးပြုမယ် ဆိုရင် တချို့သူတွေမှာ Sensitive ဖြစ်တတ်လို့ ပြင်းအား လျော့သွားအောင် သန့်စင်တဲ့ရေနဲ့ အနည်းငယ်ရောပြီးလိမ်းနိုင် ပါတယ်။

Tips 6

အက်စပရင်ဆေးကို အမှုန့်ကြိတ်ပြီးတော့ သန့်စင်တဲ့ရေ နည်းနည်းနဲ့ရော၊ ပျစ်အောင်လုပ်ပြီး ဝက်ခြံထွက်တဲ့နေရာမှာ လိမ်းပေးရင်လည်း ဝက်ခြံတွေပျောက်နိုင်ပါတယ်။

အထက်ဖော်ပြပါနည်းလမ်းတွေထဲက ဘယ်နည်းလမ်း ကိုပဲ သုံးသုံး တစ်ကြိမ်မှာ တစ်မျိုးကိုပဲရွေးချယ်ပါ။ အကုန်လုံးစု ပြုံပြီးမလုပ်ပါနဲ့။

Darliko

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *