ဝက်ခြံကင်းတဲ့ အရေပြားဖြစ်စေဖို့ ဘယ်လိုစားသောက်သင့်သလဲ

အစားအသောက်ကြောင့်လည်း ဝက်ခြံဖြစ်စေပါတယ်။ ဝက်ခြံကင်းတဲ့ အရေ ပြားကိုပိုင်ဆိုင်နိုင်စေဖို့အတွက် ကျွမ်းကျင်သူတွေရဲ့ အစားအသောက်နဲ့ပတ်သက် တဲ့ အကြံပြုချက်တွေက ဘာတွေဖြစ်မလဲ . . .

ကစီဓာတ်နည်းတာကို ရွေးစားပါ
သကြားများလွန်းတဲ့အစားအစာ တွေနဲ့ ကစီဓာတ်များတဲ့ အစားအစာတွေ ကို အစားများတာက အရေပြားပေါ်က အဆီဂလင်းတွေ ပိတ်ဆို့ပြီး ဝက်ခြံဖြစ် စေပါတယ်။ ကစီဓာတ်များတဲ့ဆန်၊ ပြောင်း၊ ဒိုးနတ်မုန့်၊ ကိုလာ၊ အာလူး၊ ပေါက်ပေါက် စတာတွေကို ရှောင်ပြီး ငှက်ပျောသီး၊ ပန်းသီး၊ နွားနို့၊ မြေပဲ၊ ခရမ်းချဉ်သီး၊ လက်ဖက်စိမ်း လက်ဖက်ရည် စတာတွေ ကို မှီဝဲပါ။

ရေသောက်မနည်းပါစေနဲ့
ရေသောက်နည်းတာက အရေပြား မှာရေဓာတ်ခန်းခြောက်မှုနဲ့အတူ သွေး ကြောတွေရဲ့လုပ်ဆောင်ချက်ကို အလုပ် ပိုစေနိုင်ပါတယ်။ ရေနဲ့အသီးဖျော်ရည် တွေကို သင့်တစ်နေ့တာအစားအစာထဲမှာ ထပ်ပေါင်းဖြည့်စွက်ပါ။ ရေတစ်နေ့ရှစ် ခွက်သောက်သင့်ပြီး ရေအစား အုန်းရည်၊ ဟင်းချိုရည်စတာတွေကိုလည်း အစား ထိုးသောက်သုံးနိုင်ပါတယ်။

အိုမီဂါ-၃ စားပါ
ငါးအမျိုးမျိုး၊ အစေ့အဆန်၊ မြေပဲနဲ့ ဂုန်လျှော်စေ့တွေမှာ အိုမီဂါ-၃ ပါဝင်ပါ တယ်။ အိုမီဂါ-၃ က ဝက်ခြံဖြစ်စေတဲ့ Lနကုသအမငနညန ြ၄ ထုတ်လုပ်မှုကို ထိန်း ချုပ်ပေးနိုင်ပြီး အရေပြားပျက်စီးမှုတွေကို လည်း သက်သာစေနိုင်ပါတယ်။ သင်စား မယ့် အစားအစာတွေထဲမှာ ပါဝင်အောင် စားသုံးပေးပါ။

အစေ့အဆန်စားပါ
အစေ့အဆန်တွေက သရေစာအ ဖြစ် စားသုံးဖို့ အသင့်တော်ဆုံး အစား အစာဖြစ်တဲ့အပြင် အရေပြားဆဲလ်တွေ ပျက်စီးကနေလည်း ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ အစေ့အဆန်တွေထဲမှာ ဆီလီ နီယမ်ပါဝင်ပြီး အရေပြားဆဲလ် ပျက်စီး တာ၊ နေရောင်ခြည်ထိတွေ့မှုများတာ ကြောင့် အရေပြားနေလောင် ပျက်စီးတာ တွေကို အကောင်းဆုံး ကုသပေးနိုင်ပြီး၊ ဝက်ခြံဖြစ်ပေါ်မှုကိုလည်း တားဆီးပေးနိုင် ပါတယ်။

ခရမ်းချဉ်သီးမှ အင်တီအောက်ဆီးဒင့် ရယူပါ
ခရမ်းချဉ်သီးမှာ အင်တီးအောက်ဆီး ဒင့်တွေ ပေါပေါများများပါဝင်နေပါတယ်။ ခရမ်းချဉ်သီးမှာပါဝင်တဲ့ လိုင်ကိုပင်း ဓာတ်က သဘာဝနေရောင်ခြည်ဒဏ် ကာကွယ်ဆေးတစ်မျိုးလိုပဲ သင့်အရေ ပြားကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ အရေပြားအတွက် အကျိုးပြုတဲ့ အင်တီ အောက်ဆီးဒင့်တွေက သင့်အရေပြားမှာ ဝက်ခြံဖြစ်ပေါ်မှုကို တားစီးပေးနိုင်ပြီး အရေပြားကိုလည်း ပိုမိုဖွံ့ဖြိုးလာစေ ပါတယ်။

လက်ဖက်စိမ်းကို မမေ့ပါနှင့်
အသားအရေလှပချင်တဲ့သူတိုင်း တစ်နေ့ကို လက်ဖက်စိမ်း လက်ဖက်ရည် နှစ်ခွက်ပုံမှန်သောက်ပေးရမယ်လို့ လေ့ လာမှုတွေက ဆိုပါတယ်။ လက်ဖက်စိမ်း လက်ဖက်ရည်က သွေးလည်ပတ်မှုကို ကောင်းစေပြီး၊ သွေးတွင်းအောက်ဆီဂျင် ရရှိစေကာ အရေပြားကို အထောက်အကူ ပြုစေနိုင်တာကြောင့် ဝက်ခြံကင်းတဲ့အ ရေပြားကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။

အနီရောင်ပဲစေ့
အနီရောင်ပဲစေ့တွေထဲမှာ ဇင့်ဓာတ် တွေကြွယ်ဝစွာပါဝင်နေပါတယ်။ ခန္ဓာ ကိုယ်မှာ ဇင့်ဓာတ်ချို့တဲ့နေတာက အရေ ပြားမှာ အမာရွတ်ဖြစ်လွယ်စေပါတယ်။ ဝက်ခြံပေါက်ပြီးချိန်မှာ သင့်မျက်နှာမှာ အမာရွတ်တွေ ကျန်ခဲ့နိုင်ပါတယ်။ အမာ ရွတ်ကင်းပြီး အပြစ်အနာအဆာကင်းတဲ့ အရေပြားကို ပိုင်ဆိုနိုင်ဖို့အတွက် ဇင့် ဓာတ်ကြွယ်ဝတဲ့ အနီရောင်ပဲစေ့တွေကို သင့်တစ်နေ့တာ အာဟာရတွေထဲမှာ ဖြည့်စွက်စားသောက်ပါ။

ပန်းနွယ်လေး (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal