ဝက်ခြံဖြစ်ရတဲ့အကြောင်းရင်းတွေထဲမှာ မျိုးရိုးဗီဇ ကြောင့်သော်လည်းကောင်း၊ အရေပြားအဆီထုတ်လုပ်မှု များလို့သော်လည်းကောင်း၊ ဘက်တီးရီးယားပိုးဝင်လို့သော် လည်းကောင်း၊ ဟော်မုန်းအပြောင်းအလဲကြောင့်သော်လည်းကောင်း၊ အစားအသောက်ကြောင့်သော်လည်းကောင်း ဖြစ် နိုင်ခြေတွေ အများကြီး ရှိပါတယ်။ မဖြစ်ခင် ကြိုတင်ကာကွယ်ဖို့ ဆိုရင် အဓိကကတော့ သန့်စင်အောင်ထားဖို့ အရေးကြီးတာ ပေါ့။ ဒါပေမဲ့ ဂရုစိုက်နေတဲ့ ကြားထဲက အခန့်မသင့်ရင် ဝက်ခြံ ကထွက်လာတတ်ပါသေးတယ်။ ဒီတော့ ဝက်ခြံထွက်လာပြီဆို တဲ့အခါ အရေးကြီးတာက အမာရွတ်မထင်ဖို့နဲ့ ပိုး ထပ်မဝင် အောင်လုပ်ဖို့ အဓိက ဖြစ်သွားပါပြီ။ ဝက်ခြံအမာရွတ်မထင်စေဖို့ လုပ်နိုင်တဲ့ နည်းလမ်းတွေကတော့ –
- မျက်နှာကို သန့်စင်အောင်ထားပါ၊ တစ်နေ့နှစ်ခါ မျက် နှာသစ်ပါ။ Chemical l အရမ်း ပြင်းတဲ့မျက်နှာသစ်ဆေးတွေ မသုံးပါနဲ့။
- ဝက်ခြံကို လက်နဲ့မကလိပါနဲ့၊ မညှစ်ပါနဲ့။ ဝက်ခြံပိုးက အရေပြားအထဲထိ ပိုဝင်သွားနိုင်ပြီး အမာရွတ်တွေဖြစ်လာနိုင် ပါတယ်။
- နရောင်အောက်ကို အမိုး၊ အကာမပါဘဲမထွက်ပါနဲ့။ နေ ရောင်ခြည်က ဝက်ခြံအမာရွတ်ကို ပိုပြီး ထင်းလာစေပါတယ်။
- ဝက်ခြံအတွက်ဆေးလိမ်းပါ။ Salicylic acid ပါတဲ့ လိမ်း ဆေးက အရေပြားက မွေးညင်းပေါက်တွေ မပိတ်အောင် ကာကွယ်ပေးနိုင်ပြီး Benzoyl peroxide ပါတဲ့ လိမ်းဆေးက ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ အာနိ သင်ရှိပါတယ်။
- ဝက်ခြံအရမ်းပြင်းထန်ရင် အရေပြား ဆရာဝန်ဆီမှာ သွား ရောက်ဆွေးနွေးပါ။ ပိုးသတ်ဆေးသောက်ဖို့လိုအပ်နိုင်သလို Cortisone ထိုးဆေးထိုးဖို့လည်း လိုအပ်နိုင်ပါတယ်။
- ဝက်ခြံအမာရွတ်တွေကို သက်သာစေမယ့်လိမ်းဆေးတွေ ကတော့ ဗီတာမင် စီ၊ Glycolic acid နဲ့ Retinol ပါတဲ့ ခရင်မ်တွေဖြစ်ပါတယ်။ သူတို့က ကိုလာဂျင် ထုတ်လုပ်မှုကို လှုံ့ဆော်ပေးပြီး အမာရွတ်တွေကို သက်သာစေနိုင်ပါတယ်။
- အရေပြားအပေါ်ယံလွှာဖယ်ရှားတဲ့နည်းတွေဖြစ်တဲ့ Chemical peelingနဲ့ Microdermabrasion တွေကလည်း ဝက်ခြံ အမာရွတ်တွေကို သက်သာ ပျောက်ကင်းသွားစေနိုင်ပါ တယ်။ ဒီ treatments တွေကိုတော့ aesthetic clinics တွေ မှာ သွားရောက်ပြုလုပ်မှရပါမယ်။
- အပေါ်က နည်းလမ်းတွေနဲ့ မပျောက်တဲ့ ဝက်ခြံအမာရွတ် ဆိုးဆိုးရွားရွားဖြစ်လာရင်တော့ လေဆာ treatment ကိုအသုံး ပြုရမှာဖြစ်ပါတယ်။
Darliko