ဝက်ခြံထွက်တတ်တဲ့အ ရေ ပြား အ တွက်မိတ်ကပ်မလိမ်းခင် ဘာခံလိမ်းရမလဲ

ဝက်ခြံထွက်တတ်တဲ့ အရေပြားအတွက် မိတ်ကပ်မလိမ်း ခင် တစ်ခုခုအရင်ခံလိမ်းတာက အရေပြားကို အကာအကွယ် တစ်ခုဖြစ်စေပြီး အရေပြားနဲ့ မိတ်ကပ်ဓာတ်ပြုတာကိုလည်း လျော့နည်းသွားစေပါတယ်။ မိတ်ကပ်မှာ ပါဝင်တဲ့ ဓာတုဒြပ် ပေါင်းက ပြင်းထန်နေရင်တောင် တစ်ထပ်အရင်ခံလိမ်းထားလို့ အရေပြားကိုထိခိုက်မှုနည်းသွားစေပါတယ်။
ဝက်ခြံရှိတဲ့သူတွေအနေနဲ့ အရင်ဆုံး သိထားရမှာကတော့ အသားအရေကို သေချာစောင့်ရှောက်မှုမလုပ်ဘူးဆိုရင် ကွာလ တီ ဘယ်လောက်ကောင်းတဲ့ အလှကုန်ပစ္စည်းကိုပဲသုံးသုံး၊ ဝက်ခြံတွေ သက်သာမှာမဟုတ်ပါဘူး။ ဒါကြောင့် လိုအပ်တဲ့ ပြု စုစောင့်ရှောက်မှုတွေကိုတော့ မပျက်မကွက်ပြုလုပ်နေရပါမယ်။
ဒီတစ်ပတ်မှာ ဝက်ခြံထွက်တတ်တဲ့ အသားအရေရှိသူတွေ အတွက် မိတ်ကပ်မလိမ်းခင် ဘာလိမ်းရမလဲဆိုတဲ့ Tips တွေ ကိုရေးပေးလိုက်ပါတယ်။

Tips

– ဝက်ခြံထွက်တတ်တဲ့အရေပြားအတွက် Primer ရွေးချယ် မယ်ဆိုရင် ဓာတုပစ္စည်းပါဝင်တာနည်းတာကို ရွေးချယ်ပါ။ အထူးသဖြင့် အယ်လ်ကိုဟော၊ အမွှေးရနံ့၊ ဆီလီကွန်ပါဝင် တဲ့အလှကုန်တွေကိုရှောင်ပါ။
– Non-comedogenic ဆိုတဲ့ စကားလုံးကို မှတ်ထားပါ။ သူ့အဓိပ္ပာယ်က ချွေးပေါက်တွေကို မပိတ်စေဘူးလို့ ဆိုလိုပါ တယ်။ ဒါကြောင့် ဘယ်လို Primer မျိုးပဲဝယ်ဝယ်၊ ဘယ် လို မိတ်ကပ်မျိုးပဲ ဝယ်ဝယ် Non-comedogenic ဖြစ် တာကိုရွေးဝယ်ပါ။
– ဝက်ခြံထွက်တတ်တဲ့ အသားအရေက အစိုဓာတ်ထိန်းခရင်မ် လိမ်းစရာမလိုဘူးလို့မထင်ပါနဲ့။ အရေပြားရဲ့ အစိုဓာတ်၊ ကျုံ့ နိုင်၊ ဆန့်နိုင်အားကောင်းဖို့ အစို ဓာတ်ထိန်းခရင်မ်လိမ်းပေးဖို့ လိုပါတယ်။ သူက ဝက်ခြံအမာရွတ်တွေကိုလည်း သက်သာ စေနိုင်ပါတယ်။
– မိတ်ကပ်မလိမ်းခင် အစိုဓာတ်ထိန်းခရင်မ်တစ်မျိုးမျိုးလိမ်း ပေးတာကလည်း အရေပြားကို ကာကွယ်ရာရောက်ပါတယ်။ အစိုဓာတ်ထိန်းခရင်မ်ရွေးချယ်တဲ့အခါ အဆီပုံစံ(Oil Type) ထုတ်လုပ်ထားတာကို ရှောင်ပါ။
– ပေါ့ပါးပြီး ဓာတုပစ္စည်း နည်းတဲ့ အစိုဓာတ်ထိန်းခရင်မ်တွေကို ဦးစားပေးရွေးချယ်ပါ။ ဥပမာ – ရှားစောင်းလက်ပပ်၊ ဗီတာ မင်စီ၊ ဗီတာမင်အီး စတာတွေကို ရွေးချယ်ပါ။

Darliko

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *