ဝက်ခြံအမာရွတ်များအတွက် အိမ်တွင်းနည်းလမ်း

ဝက်ခြံကတော့ မညှစ်ပါနဲ့လို့ ပြောနေပေမယ့်လည်း မြင်ရင် မနေ နိုင်ဘဲ ညှစ်ကြမှာပဲလေ။ အဲဒီတော့ အမာရွတ်တွေ ဖြစ်လာရတယ်။ မညှစ်တာကတော့ အကောင်းဆုံးပေါ့။ ဒီတော့ ဒီလိုဝက်ခြံညှစ်လို့ ဖြစ်လာတဲ့ အမာရွတ်တွေ မျက်နှာလေးကို ကြည့်ရဆိုးစေတာကြောင့် ဝက်ခြံအမာရွတ်တွေ လျော့ပါးပျောက်ကင်းစေမယ့် အိမ်တွင်းနည်းလမ်း ကို ဖော်ပြပေးလိုက်ပါတယ်။

လိုအပ်တာတွေက . . .
-မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်း နှစ်ဇွန်းစာ
– သံပရိုရည် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းစာ
– သံလွင်ဆီ

ပြုလုပ်နည်

မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်း နှစ်ဇွန်းစာကို ပန်းကန်လုံးတစ်လုံးထဲ ထည့်ပါ။
– အဲဒီထဲကို သံပရိုရည် လက်ဖက်ရည်ဇွန်း နှစ်ဇွန်း ထည့်ပါ။
– သူတို့နှစ်မျိုးစလုံးကို သေချာရောစပ်မွှေပါ။

အသုံးပြုနည်း
– မျက်နှာကို ပထမဆုံး ရေနဲ့ သေချာစင်အောင် ဆေးကြောပါ။ ပြီးရင် မျက်နှာသုတ်ပဝါနုနုနဲ့ ခြောက်သွေ့အောင် သုတ်ပါ။
– ပြီးရင် ခုနက ပြုလုပ်ထားတဲ့အရောအစပ်ကို ဝက်ခြံအမာရွတ်တွေပေါ် လိမ်းပါ။
– မိနစ်အနည်းငယ်ခန့် ခြောက်သွေ့အောင် ထားပြီးနောက် မျက်နှာသစ်လိုက်ပါ။
– ပြီးရင် သံလွင်ဆီကို အနည်းငယ်အပူပေးပြီး ရလာတဲ့သံလွင်ဆီနွေးနွေးနဲ့ မျက်နှာအနှံ့ လိမ်းကာ စက်ဝိုင်းပုံစံ နှိပ်နယ်ပါ။
– တစ်နာရီခန့်ထားပြီးနောက် ကြက်သီးနွေး ရေနဲ့ မျက်နှာသစ်လိုက်ပါ။
– တစ်ပတ် နှစ်ကြိမ် မျက်နှာပေါ်က အမာ ရွတ်တွေ ပါးသွားတဲ့အထိ ပြုလုပ်နိုင်ပါတယ်။

ဆူးမြာ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *