ဝက်ခြံအကြောင်းသင် ဘယ်လောက်သိပါသလဲ

လူတိုင်း ဘဝမှာ တစ်ကြိမ်မဟုတ်တစ် ကြိမ် ဝက်ခြံပေါက်ဖူးကြမှာပါ။ တချို့ဆို ရင် အမြဲလိုလို ဝက်ခြံပေါက်နေတတ်လို့ စိတ်ညစ်ရတာတွေလည်း ရှိကြပါတယ်။ ဝက်ခြံနဲ့ပတ်သက်ပြီး ဘာတွေသိကြသ လဲ၊ သိသင့်သလဲဆိုတာ ဒီ Qကငဖ ကနေ အဖြေရှာကြည့်ကြရအောင်။

၁။ ဘယ်အရာက ဝက်ခြံဖြစ်စေနိုင်ပါ သလဲ။
(က) မသန့်ရှင်းတာ
(ခ) ဆီကြော်စာတွေ
(ဂ) ချွေးပေါက်ပိတ်ဆို့တာ
(ဃ) အပေါ်ကအချက်အားလုံး

၂။ ဘယ်လိုလူတွေမှာ ဝက်ခြံအဖြစ် များဆုံးလဲ။
(က) အမျိုးသမီး
(ခ) အမျိုးသား
(ဂ) ဆယ်ကျော်သက်တုန်းက ဝက်ခြံ များသူ
(ဃ) စိတ်ဖိစီးမှုများတဲ့ အလုပ်လုပ်ရသူ

၃။ ဝက်ခြံရဲ့ နောက်ကွယ်မှာ တခြားရော ဂါတစ်ခုခုရှိနိုင်တယ်။
(က) မှန်
(ခ) မှား

၄။ ဘယ်လိုအခြေအနေမျိုးမှာ ဝက်ခြံအ မာရွတ်ဖြစ်လာနိုင်ပါသလဲ။
(က) စောစောမကုခဲ့ရင်
(ခ) ဝက်ခြံဆိုးဆိုးရွားရွားပေါက်ခဲ့ရင်
(ဂ) ဝက်ခြံအမာရွတ်ပေါက်တဲ့ မျိုးရိုးရှိရင်
(ဃ) အပေါ်က အချက်အားလုံး

၅။ အောက်ပါတို့အနက် ဘယ်ပါဝင် ပစ္စည်းတွေပါတဲ့ ဝက်ခြံပစ္စည်းတွေကို ရှောင်ရမလဲ။
(က)Benzoyl Peroxide
(ခ) အရက်ပြန်
(ဂ) Salicylic Acid
(ဃ) Retinol

၆။ ဝက်ခြံကြောင့် အရှက်ရတယ်၊ စိတ် ကသိကအောက်ဖြစ်ရတယ်၊ စိတ်ဓာတ် ကျတယ်ဆိုရင် ဆရာဝန်နဲ့ပြသင့်ပါတယ်။
(က) မှန်
(ခ) မှား

၇။ အောက်ပါတို့အနက် ဘယ်အရာက ဝက်ခြံဖြစ်စေနိုင်ပါသလဲ။
(က) ဆိုင်ကယ်စီးဦးထုပ်
(ခ) နေရောင်
(ဂ) မိတ်ကပ်
(ဃ) အပေါ်ကအချက်အားလုံး

၈။ အသားညိုသူတွေ၊ အသားမည်းသူ တွေ ဝက်ခြံပေါက်ခဲ့တဲ့နေရာမှာ အမည်း စက်လေးတွေ ကျန်နေတတ်တယ်။
(က) မှန်
(ခ) မှား

၉။ ဝက်ခြံပျောက်ဆေးလိမ်းတာ တောင် မပျောက်သေးဘူးဆိုရင် ဘယ် လောက်အကြာမှာ ဆေးခန်းပြသင့်လဲ။
(က) ၁ ရက်-၃ရက်
(ခ) ၂ ပတ်
(ဂ) ၄ ပတ်-၈ ပတ်
(ဃ) ၆ လ

၁၀။ အတော်အသင့်ဝက်ခြံတွေကနေ ဆိုးဆိုးရွားရွားဝက်ခြံတွေကို ဘယ်လိုကု သလဲ။
(က) လေဆာပစ်ကုထုံး
(ခ) ကိုယ်ဝန်တားဆေး
(ဂ) စပ်ပေါင်းကုထုံး
(ဃ) အပေါ်ကနည်းအားလုံး

၁၁။ တချို့ဝက်ခြံတွေက ကုလို့မရဘူး။
(က) မှန်
(ခ) မှား

၁။ (ဂ) ချွေးပေါက်ပိတ်ဆို့

အဆီပိုနဲ့ အရေပြားဆဲလ်သေတွေ ချွေးပေါက်ပိတ် ဆို့တဲ့အခါမျိုးမှာ ဝက်ခြံပေါက်တတ်ပါ တယ်။ ပိတ်နေတဲ့ ချွေးပေါက်ထဲ အရေ ပြားဘက်တီးရီးယားပိုးမွှားတွေ ပေါက် ဖွားတတ်ပြီး ရောင်ရမ်းစေတဲ့ အရာတွေ ထုတ်ပေးပါတယ်။ ဝက်ခြံက ညစ်ပတ်လို့ ထွက်တာမဟုတ်ပါဘူး။ တကယ်ဆို အသန့်လွန်ရင်တောင် ထွက်လာနိုင်ပါတယ်။ မျက်နှာ မကြာမကြာသစ်တာ။ မျက်နှာကို ကြေးချွတ်တာတွေကလည်း အရေပြားကို ဆွပေးပြီး ဝက်ခြံထွက်စေပါတယ်။ ဆီကြော် စာတွေ၊ ချောကလက်တွေ၊ အဆီအအိမ့် တွေကြောင့် ဝက်ခြံထွက်တဲ့ သက်သေတွေ မရှိပါဘူး။ ဝက်ခြံကိုသာ ကောင်းကောင်း ကုသနိုင်မယ်ဆိုရင် သင်စားတဲ့အစာက အရေပြားကို မထိခိုက်စေနိုင်ပါဘူး။

၂။ (က) အမျိုးသမီး 

လူတိုင်းဝက်ခြံ ပေါက်နိုင်ပါတယ်။ ဆယ်ကျော်သက်တုန်း က ဝက်ခြံမပေါက်ဖူးရင်တောင် ပေါက်နိုင် ပါတယ်။ ဒါပေမဲ့ ဝက်ခြံက အမျိုးသမီး တွေမှာ အဖြစ်များပါတယ်။ ဆယ်ကျော် သက်တွေမှာ ဟော်မုန်းအပြောင်းအလဲ ဖြစ်သလို အမျိုးသမီးတွေရဲ့ ဓမ္မတာ စက်ဝန်း၊ ကိုယ်ဝန်ဆောင်ချိန်နဲ့ သွေးဆုံး ကိုင်ချိန်တွေမှာလည်း ဟော်မုန်းအတက် အကျရှိလို့ ဝက်ခြံပေါက်လာနိုင်ပါတယ်။ ကိုယ်ဝန်တားဆေးတွေ ရပ်လိုက်တာ၊ ဝက်ခြံပေါက်တဲ့ မျိုးရိုးရှိတာ၊ စိတ်ဖိစီးတာ နဲ့ တချို့ဆံပင်နဲ့ အရေပြားပစ္စည်းတွေ ကလည်း ဝက်ခြံပေါက်စေနိုင်ပါတယ်။

၃။ (က) မှန် 

တစ်ခါတစ်ရံမှာ အရေ ပြားပေါ်ဝက်ခြံပေါက်တာက နောက်ကွယ် က ရောဂါတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဥပမာ ဝက်ခြံတွေပေါက်ပြီး မျက်နှာမှာ အမွေးအမှင်တွေပေါက်လာမယ်၊ ဆံပင် တွေပါးလာပြီး ထိပ်ပြောင်လာမယ်၊ ရာသီ မမှန်တာတွေ ဖြစ်လာမယ်ဆိုရင် ဒါဟာ ဟော်မုန်းစိမ့်ထွက်စေနိုင်တဲ့ အကျိတ်၊ ဗိမနညal ဂလင်းမူမမှန်တာနဲ့ ဏသူပခ-ပျအငခ သလမေပ ရောဂါလက္ခဏာစုကြောင့် ဖြစ်ပါလိမ့်မယ်။ ဒီလိုသာဆိုရင် ရောဂါ ပျောက်ကင်းမှ ဝက်ခြံလည်း ပျောက်မှာပါ။

၄။ (ဃ) အပေါ်က အချက်အားလုံး 

ဝက်ခြံဆိုးဆိုးရွားရွားပေါက်တာနဲ့ ဝက်ခြံအမာရွတ်ပေါက်တဲ့ မျိုးရိုးရှိတာက ဝက်ခြံအမာရွတ်တွေ ကျန်ရစ်စေနိုင်တဲ့ အဓိကအချက်နှစ်ချက်ပါ။ စောစောစီးစီး ကုသမှုခံယူတာကလည်း ဆိုးရွားတဲ့ ဝက် ခြံတွေမဖြစ်အောင်ကာကွယ်ပေးသလို အမာရွတ်တွေလည်း မကျန်ရစ်စေနိုင်ပါ ဘူး။ ဝက်ခြံတွေက မျက်နှာ လေးပုံတစ်ပုံ မှာ နေရာယူနေရင်၊ ဝက်ခြံအမာရွတ်ကျန် နိုင်တဲ့ အနေအထားမျိုးရှိနေရင်၊ အမာရွတ် ကျန်တဲ့ မျိုးရိုးရှိရင် စောစောစီးစီး အရေ ပြားဆေးခန်းပြကာ ကုသသင့်ပါတယ်။

၅။ (ခ) အရက်ပြန် 

တချို့ဝက်ခြံ ပျောက်ဆေးတွေမှာ အရက်ပြန်ပါနေ တတ်ပြီး အရေပြားကို ခြောက်သွေ့ကာ ဆွပေးသလိုဖြစ်တာကြောင့် ဝက်ခြံတွေ ကို ပိုဆိုးစေနိုင်ပါတယ်။Benzoyl Peroxide နဲ့ Salicylic Acid တို့က အဆီပိုတွေကို ဖယ်ရှားပေးပြီး ဝက်ခြံ ခေါင်းဖြူ ခေါင်းမည်းတို့ကိုပါ သက်သာစေ နိုင်ပါတယ်။ ဗီတာမင် အေကနေရတဲ့ Retinoids ကလည်း ပိတ်ဆို့နေတဲ့ ချွေး ပေါက်တွေကိုပြန်ဖွင့် ပေးတာကြောင့် ဝက်ခြံတွေကို သက်သာ ပျောက်ကင်းစေ နိုင်ပါတယ်။

၆။ (က) မှန် 

ဝက်ခြံတွေက မျက်နှာ မှာ အမာရွတ်ကျန်ခဲ့သလို စိတ်မှာလည်း ထိခိုက်ရပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုလျော့နည်းစေပါတယ်။ ဒါ ကြောင့် သေချာဆေးခန်းပြကုသရမှာပါ။

၇။ (ဃ) အပေါ်ကအချက်အားလုံး 

နေရောင်က ဝက်ခြံကိုပိုဆိုးစေလို့ ဝက်ခြံထွက်ရင် တတ်နိုင်သမျှ နေပူထဲ မထွက်ပါနဲ့။ ဆိုင်ကယ်စီးဦးထုပ်၊ ခေါင်း စည်း၊ လျှာထိုးဦးထုပ်တို့က အရေပြားနဲ့ ပွတ်တိုက်လေ့ရှိလို့ ဝက်ခြံထွက်တတ်ပါ တယ်။ မိတ်ကပ်အထူကြီး လိမ်းတာ၊ မိတ်ကပ်ကိုပြောင်စင်အောင် မဖျက်တာ တွေကလည်း ဝက်ခြံထွက်စေနိုင်ပါတယ်။

၈။ (က) မှန် 

အသားညိုသူ၊ အသား မည်းသူတွေအနေနဲ့ ဝက်ခြံပေါက်တဲ့အခါ ဝက်ခြံပျောက်သွားတာတောင်မှ အမည်း စက်လေးတွေ ကျန်နေတတ်ပါတယ်။ ရောင်ရမ်းတာကြောင့်ဖြစ်တဲ့ သဘာဝတုံ့ ပြန်မှုဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ အလိုလို မှေးမှိန်ပျောက်ကွယ်သွားမှာပါ။ ဝက်ခြံပေါက်တဲ့အခါ စောစောစီးစီးကုသ မှုခံယူရင်တော့ အမည်းစက်တွေ၊ အမာရွတ် တွေမဖြစ်အောင် ကာကွယ်ပေးပါလိမ့်မယ်။

၉။ (ဂ) လေးပတ်ကနေ ရှစ်ပတ် 

ဝက် ခြံကို ညတွင်းချင်းပျောက်စေနိုင်တဲ့ ကုသ နည်းတော့မရှိပါဘူး။ အချိန် ဖြည်းဖြည်း ချင်းယူမှ ပျောက်မှာပါ။ ဝက်ခြံ ကုသနည်း တွေက ဝက်ခြံအသစ်မဖြစ်အောင် ကာ ကွယ်ပေးဖို့ အဓိကထားတာကြောင့် အချိန် ယူရတာပါ။ ဆိုင်တွေမှာ အလွယ်တကူ ဝယ်လို့ရတဲ့ ဝက်ခြံပျောက်ဆေးနဲ့ Skin Care တွေသုံးလို့ လေးပတ်ကနေ ရှစ် ပတ်ကြာတဲ့အထိ အဆင်မပြေရင် စိတ် မညစ်ပါနဲ့နော်။ အရေပြားဆရာဝန်ဆီ သွားပြီး သေချာကုသမှုခံ ယူလိုက်ပါ။

၁၀။ (ဃ) အပေါ်ကနည်းအားလုံး 

အရေ ပြားဆရာဝန်တွေကတော့ နည်းနှစ်မျိုး သုံးမျိုးစပ်ပြီး သုံးလေ့ရှိကြပါတယ်။ တစ်ခါ တလေမှာ ပိုးသတ်ဆေးတွေ သောက်ရ တာမျိုး၊ အမျိုးသမီးတွေမှာဆို ကိုယ်ဝန် တားဆေးတွေ သောက်ရတာမျိုးတောင် ရှိပါတယ်။ ကိုယ်ဝန်တားဆေးတွေက အဆီထွက်တာကို နှေးစေတာကြောင့် ဓမ္မ တာလာခါနီး ဝက်ခြံပေါက်တတ်သူတွေမှာ အများဆုံးသုံးလေ့ရှိပါတယ်။ လေဆာပစ် တာတွေ အလင်းပြတာတွေက ဝက်ခြံနဲ့ ဝက်ခြံအမာရွတ်တွေအတွက် ကောင်းပါ တယ်။ ဝက်ခြံထွက်စေတဲ့ ဘက်တီးရီး ယားပိုးတွေကို တိုက်ဖျက်ပေးသလို အဆီဂ လင်းတွေကိုလည်း ကျုံ့စေပါတယ်။

၁၁။ (ခ) မှား 

ဝက်ခြံကုထုံးတွေက ပိုအစွမ်းထက်လာတာကြောင့် ကုသရာ မှာဖြစ်ဖြစ် ကာကွယ်ရာမှာဖြစ်ဖြစ် ပိုထိ ရောက်လာပါပြီ။ ဝက်ခြံဆိုးဆိုးရွားရွား ပေါက်နေရင်တော့ ကိုယ့်ဘာသာကိုယ် ဝက်ခြံပျောက်ဆေးတွေ လိမ်းနေမယ့်အ စား အရေပြားဆရာဝန်နဲ့ပြပြီး ပိုအစွမ်း ထက်တဲ့ ဆေးတွေနဲ့ကုသရပါမယ်။ ဝက်ခြံ အမာရွတ်တွေဆိုရင်လည်း လေဆာနဲ့ပစ် ပြီးကုတာတို့၊ Chemical Peel လုပ်တာတို့ အပြင် တခြားနည်းတွေနဲ့ပါ ကုသလို့ ရနေပါပြီ။

ဒေါက်တာနုမြတ်သိင်္ဂီဦး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *