ဝက်ခြံနှင့်ပတ်သက်ပြီး သင် မသိသေးသော အကြောင်းအရာများ

အရေပြားအထူးကုဆရာဝန်တွေက ဝက်ခြံနဲ့ပတ်သက်ပြီး သင် မသိသေးတဲ့အ ကြောင်းအရာ ၁၀ မျိုးကို အောက်ပါအတိုင်း ဖော်ပြပေးထားပါတယ်။
၁။ ဝက်ခြံအမျိုးပေါင်းများစွာ ရှိပါတယ်
ဝက်ခြံအမျိုးပေါင်းများစွာ ရှိတဲ့အထဲမှာ သင့်အနေနဲ့ သိတာက တစ်မျိုး၊ နှစ်မျိုး လောက်ပဲ ရှိနိုင်တယ်လို့ နယူးယောက်အခြေခံ အရေပြားအထူးကုဆရာဝန် ဒေါက်တာ ဂယ်ရီက ဆိုပါတယ်။ Whitehead နဲ့ Blackhead နှစ်မျိုးစလုံးက မွေးညင်းပေါက်တွေ ပိတ်ဆို့မှုကြောင့် ဖြစ်တဲ့ ဝက်ခြံအမျိုးအစားဖြစ်ပြီး သူ့ကို ညှစ် ထုတ်လိုက်တာကြောင့် ပြည်ဖုလေးတွေ ထွက်လာနိုင်တယ်လို့ ရှင်းပြပါတယ်။ အလွန် နာကျင်ပြီး ရောင်ရမ်းတဲ့ Cystic ဝက်ခြံအမျိုးအစားလည်း ရှိပါတယ်တဲ့။

၂။ ဝက်ခြံတစ်မျိုးစီအတွက် ဖြစ်ရတဲ့ အကြောင်းရင်းတွေ ရှိပါတယ်
ဝက်ခြံပေါက်ရတဲ့အကြောင်းရင်းတွေ များစွာ ရှိတယ်လို့ ဂိုဒင်ဘတ်နည်းပညာ တက္ကသိုလ်က ဒေါက်တာ ခရစ္စတီးနား က ရှင်းပြပါတယ်။ မျိုးရိုးဗီဇကြောင့် ဖြစ်နိုင် သလို ဟော်မုန်းကြောင့်လည်း ဖြစ်နိုင်ပါတယ်တဲ့။ အဆီထုတ်လုပ်မှုတွေ များလာတာ ကြောင့် မွေးညင်းပေါက်တွေ ပိတ်ဆို့ပြီး ဝက်ခြံဖြစ်လာနိုင်သလို ဘက်တီးရီးယား ပိုးမွှား၊ ဏ.ခေညနျ ကြောင့်လည်း ဝက်ခြံဖြစ်ပေါ်လာနိုင်ပါတယ်။

၃။ ဝက်ခြံကို လုံးဝမညှစ်သင့်ပါဘူး
ဝက်ခြံကို ညှစ်လိုက်တာက အခြေအနေကို ပိုမိုဆိုးရွားနိုင်ပါတယ်။ ဝက်ခြံထဲမှာ အဆီ၊ ဘက်တီးရီးယားနဲ့ ရောင်ရမ်းမှုဖြစ်စဉ်တွေ ရှိနေတဲ့အတွက် သူ့ကို ညှစ်လိုက် တာက ပိုမိုရောင်ကိုင်းနိုင်ပြီး အနာကျက်နှုန်းနှေးကွေးသွားနိုင်ပါတယ်။ ဒါ့အပြင် ဝက်ခြံညှစ်လိုက်တာကြောင့် အသားအရေမှာ အစက်အပြက်တွေ ပေါ်လာတာ၊ ရောဂါ ပိုးဝင်တာနဲ့ အမာရွတ်ဖြစ်တာလိုမျိုး နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်လာနိုင်ပါ တယ်။

၎။ ဝက်ခြံကို မဖြစ်မနေ ညှစ်ရမယ်ဆိုရင် အောက်ပါနည်းလမ်းအတိုင်း ပြုလုပ်ပါ
ရေချိုးအပြီး မွေးညင်းပေါက်တွေ ပွင့်နေတဲ့အချိန်မှာမှ ဝက်ခြံကို ညှစ်ရပါမယ်။ ဝက်ခြံမညှစင်ခင် သင့်အရေပြားက သန့်စင်ရပါမယ်။ ဂွမ်းစ ဒါမှမဟုတ် Wet towel နဲ့ ဝက်ခြံဘေးပတ်လည်က အရေပြားတွေကို ပျော့ပျောင်းအောင် အရင်ပြုလုပ်ပြီးမှ သင့်လက်ဖျားထိပ်နဲ့ ဝက်ခြံညှစ်ပါ။ ဝက်ခြံညှစ်အပြီးမှာ ဘက်တီးရီးယားပါဝင်တဲ့ ပိုးသတ်ဆေးကို လိမ်းပေးထားပါ။ ဝက်ခြံညှစ်နေစဉ်မှာ သင့်လက်သည်းတွေကို လုံး ၀အသုံးမပြုပါနဲ့။

၅။ တချို့အစားအစာတွေက ဝက်ခြံဖြစ်အောင် လှုံ့ဆော်နိုင်ပါတယ်။
သင်စားတဲ့အစားအစာက ဝက်ခြံဖြစ်တဲ့အကြိမ်အရေအတွက် ပေါ်မှာ လွှမ်းမိုးမှုရှိပါတယ်။ ဥပမာအားဖြင့် နို့နဲ့ နို့ထွက်ပစ္စည်း၊ ချောကလက် အစရှိတဲ့ အစား အစာတွေဟာ ဝက်ခြံ ဖြစ်နိုင်ခြေ မြင့်မားပါတယ်။

၆။ လိမ်းဆေးအသုံးပြုတာက ထိရောက်မှုရှိပါတယ်။
ဝက်ခြံအတွက် လိမ်းဆေးအသုံးပြုတာက အန္တရာယ်အကင်းဆုံးနဲ့ ပျောက်ကင်းဖို့ အတွက် အမြန်ဆန်ဆုံးသော ကုသမှုဖြစ်ပါတယ်။ Salicylic Acid ပါဝင်တဲ့ လိမ်းဆေးက မွေးညင်း ပေါက်မပိတ်အောင် ကာကွယ်နိုင်ပြီး Benzoylperoxide ပါဝင်တဲ့လိမ်းဆေးက ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။ ဆာလဖာပါဝင်တဲ့လိမ်းဆေးက ဆဲလ်သေတွေနဲ့ အဆီတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒီလိမ်းဆေးအားလုံးက ဝက်ခြံကို ကုသရာမှာ ထိရောက်မှုရှိပါတယ်။

၇။ ဝက်ခြံကုထုံးက အရေးကြောင်းတွေကိုပါ ကင်းစင်နိုင်ပါတယ်
ဝက်ခြံကို ကုသမှုပေးရာမှာ အထက်ပါလိမ်းဆေးတေအပြင် Retinoid တွေကို ပါ ထည့်လိမ်းဖို့ ဆရာဝန်တွေက ညွှန်ကြားလေ့ရှိပါတယ်။ Retinoid လိမ်းဆေး တွေမှာ ဗီတာမင် အေ တွေ ပါဝင်ပြီး သူက အရေပြားနုပျိုမှုနဲ့ အရေးကြောင်းတွေ ကင်းစင်ဖို့အတွက် ကူညီပေးနိုင်ပါတယ်။

၈။ သောက်ဆေးတွေကလည်း ဝက်ခြံကုသရာမှာ ကူညီပေးနိုင်ပါတယ်
တချို့လိမ်းဆေးတွေနဲ့ မပျောက်ကင်းနိုင်တဲ့ ဝက်ခြံတွေအတွက် သောက်ဆေးအကူ အညီယူရပါတယ်။ ဝက်ခြံဖြစ်ခါစမှာ လိမ်းဆေးတွေက အလွန် အသုံးဝင်ပေမယ့် ဝက်ခြံရဲ့ အခြေအနေဆိုးရွားလာတဲ့အခါမှာ ဘက်တီးရီးယားတွေ ကို သေစေဖို့အတွက် ပဋိဇီဝဆေးဝါး (ဥပမာ Doxycycline, erythromycin, clindamycin)တွေကို အသုံးပြုရပါမယ်။

၉။ ဝက်ခြံကြောင့် အမာရွတ်ထင်နိုင်ပါတယ်
အလွန်ဆိုးရွားတဲ့ ဝက်ခြံတွေကြောင့် အမာရွတ်ထင်နိုင်ပြီး ဒီအမာရွတ်က တစ် သက်တာလုံး ကျန်ရှိရစ်ခဲ့မယ်လို့ သိရပါတယ်။ အရေပြားအပေါ်ဆုံးလွှာမှာရှိတဲ့ ကော် လာဂျင်တွေ ပျက်စီးသွားတာကြောင့် အမာရွတ်ထင်ကျန်ခဲ့တာ ဖြစ်ပါတယ်။ အမာ ရွတ်ကို ကုသနိုင်ဖို့အတွက် အခက်အခဲရှိတာကြောင့် ဝက်ခြံမဖြစ်အောင် ကာကွယ် ထားနိုင်ဖို့တော့ လိုအပ်ပါတယ်။

၁၀။ တချို့လူတွေအတွက် ဝက်ခြံအမြဲတမ်းပေါက်တတ်ပါတယ်
ဆယ်ကျော်သက်အရွယ်မှာတင် ဝက်ခြံပေါက်တာမဟုတ်ပါဘူး၊ အသက်ကြီး ချိန်မှာလည်း ဝက်ခြံပေါက်တတ်တယ်လို့ ဆိုလိုတာပါ။
သင့်အနေနဲ့ ဝက်ခြံပေါက်လွယ်သူဖြစ်နေရင် ဘာအစားအစာကြောင့် ပိုမိုဆိုးရွား နိုင်သလဲ၊ ဘယ်ကုသမှုနဲ့ သက်သာနိုင်သလဲ ဆိုတာကို ရှာဖွေပြီး ဆောင်သင့်/ရှောင် သင့်ပါတယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *