၀င်းလက်တဲ့အရေပြားရဖို့ လိုက်နာရမယ့်အချက်များ

ဝင်းလက်တဲ့အရေပြားGlow Skin ရဖို့အတွက် ငွေကုန် ကြေးကျခံပြီး အလှအပပြုပြင်တဲ့စင်တာတွေမှာ ကြိုးစားနေသူ တွေ အများကြီးရှိပါတယ်။ အမာရွတ်တွေပျောက်ဖို့၊ အသား ဖြူဖို့၊ အရေပြားတင်းရင်းဖို့စသဖြင့် ခေါင်းစဉ်အမျိုးမျိုးနဲ့ Tre­at­ment အမျိုးမျိုးလုပ်ကြပါတယ်။ ပျိုမေတို့ကို သိစေချင်တာ ကတော့ အပေါ်ယံအရေပြားမှာ ဘယ်လောက်လုပ်လုပ် ခန္ဓာ ကိုယ်တွင်း ကျန်းမာရေးကောင်းနေမှ အရေပြားက Glow  လာ နိုင်မှာဖြစ်ပါတယ်။ Glow Skin ရဖို့ Tips တွေရေးပေးလိုက် ပါတယ်။

(၁) Antioxidants မှီဝဲပါ
အင်တီအောက်ဆီးဒင့်လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း က အရေပြားဝင်းလက်ဖို့ အဓိကကူညီပါတယ်။ အရေပြားဝင်း လက်ဖို့အတွက် ဗီတာမင်စီ၊ ဗီတာမင် အီး၊ ဗီတာမင် အေ ပါတဲ့ သောက်ဆေး၊ လိမ်းဆေးသုံးစွဲပါ။

(၂) အရေပြားအစိုဓာတ်ထိန်းပါ
အရေပြားမှာ သဘာဝအတိုင်းထွက်တဲ့ အရေပြားအဆီဆို တာရှိပါတယ်။ အဆီပြန်တဲ့အသားအရေမှာတော့ ပိုပြီး အဆီ ထုတ်ပါတယ်။ ဒါပေမဲ့ အရေပြားအတွက် အစိုဓာတ်ထိန်းပေးတဲ့ အလှကုန်တွေက အသားအရေအမျိုးမျိုးအတွက် လိုအပ်ပါ တယ်။ မျက်နှာသန့်စင်အောင်သစ်ပြီး အစိုဓာတ်ထိန်းခရင်မ် ဖြစ်ဖြစ် ဂျယ်လ်ဖြစ်ဖြစ် နေ့တိုင်းလိမ်းပါ. အရေပြားအတွက် ထုတ်ထားတဲ့ အဆီ(Oil-based Moisturizer) တွေကိုတော့ ရာသီဥတု အရမ်းအေးမှ အသုံးပြုပါ။

(၃) ဆဲလ်သေဖယ်ရှားပါ
အရေပြားဆဲလ်တွေက အသစ်အသစ်ဖြစ်ပေါ်ပါတယ်။ လူ တစ်ယောက်နဲ့တစ်ယောက် ဆဲလ်သစ်ဖြစ်ပေါ်နှုန်း မတူပေမယ့် ယေဘုယျအားဖြင့် တစ်လလို့မှတ်ထားနိုင်ပါတယ်။ Body Scrub တွေလုပ်တယ်ဆိုရင် တစ်လတစ်ကြိမ်က လုံလောက်ပါ တယ်။ Facial Scrub လုပ်မယ်ဆိုရင် Physical Peeling (ကိုယ်တိုင်အိမ်မှာပြုလုပ်နိုင်) တစ်ပတ်တစ်ခါ၊ Chemical Peeling (အက်စစ်ဖြင့်ကြေးချွတ်)သုံးပတ်တစ်ခါလောက်လုပ်ပါ။

(၄) အိပ်စက်အနားယူပါ
အိပ်ချိန် တစ်နေ့ ၆-၈ နာရီရဖို့လိုပါတယ်။ အိပ်စက်ချိန်မှာ မှ အရေပြားကောင်းမွန်စေဖို့လိုအပ်တဲ့ ကိုလာဂျင်ထုတ်လုပ်တာ ကို ခန္ဓာကိုယ်ကလုပ်တာမို့လို့ပါ။

(၅) စိတ်ဖိစီးမှုနည်းအောင်နေပါ
စိတ်ဖိစီးမှုဆိုတာကတော့ အင်တီအောက်ဆီးဒင့်နဲ့ ဆန့် ကျင်ဘက်လို့ ဆိုနိုင်ပါတယ်။ စိတ်ညစ်ရင် စိတ်ဖိစီးမှုများရင် ထွက်လာတဲ့ ကော်တီစောဟော်မုန်းက အရေပြားကို အရွယ် မတိုင်မီ အိုမင်းစေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုနည်းအောင် နေပါ။

Darliko 

Post Author: Good Health Journal