ဝမ်းဗိုက်နှင့်ပေါင်အဆီများက ပရော့စတိတ်ကင်ဆာနှင့်ဆက်နွှယ်မှုရှိနေဟု ဆို

ဝမ်းဗိုက်နဲ့ပေါင်မှာအဆီတွေအလွန်များနေတာက ပရော့ စတိတ်ကင်ဆာနဲ့ဆက်နွှယ်မှုရှိနေတယ်လို့ သုတေသနသစ် တစ်ရပ်မှာ ဖော်ပြပါရှိပါတယ်။ Harvard T.H.Chan School of Publ ic Health ရဲ့သုတေသီ Barbra Dicke rman က]BMI များတဲ့အမျိုးသားတွေနဲ့ BMI နည်းတဲ့အမျိုးသားတွေကို နှိုင်းယှဉ်ကြည့်တဲ့အခါ BMI နည်းတဲ့သူတွေမှာ ဝမ်းတွင်းအ ဆီနဲ့ပရော့စတိတ်ကင်ဆာက ဆက်နွှယ်မှုရှိနေတာကိုတွေ့ရှိခဲ့ရပါတယ်}လို့ ဆိုခဲ့ပါတယ်။ အိုက်စ်လန်းက အမျိုးသား ၁၈၀၀ ကျော်ပါဝင်တဲ့အုပ်စုကို ၁၃ နှစ်ကြာအောင် လေ့လာစောင့် ကြည့်ခဲ့ရာ ၁၇၂ ဦးမှာ ပရောစတိတ်ကင်ဆာဖြစ်ပွားခဲ့ပြီး ၃၁ ဦးသေဆုံးခဲ့ပါတယ်။ သုတေသီတွေကတော့ အစားရှောင်ပြီး လေ့ကျင့်ခန်းလုပ်တာက ပရောစတိတ်ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ ယူဆရကြောင်း ဆိုခဲ့ပါတယ်။
(AP,13.6.19) အေးယုနိုင်

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *